သိန္နီမြို့နယ် ရေကြီးမှုများ
2013.11.13
ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ အခုနှစ်မိုးရာသီအတွင်း နမ္မတူမြစ်ရေ လျှံတက်ခဲ့တဲ့အတွက် လယ်ဧကထောင်နဲ့ချီပြီး ရေနစ်မြုပ်ခဲ့ပါတယ်။ နမ္မတူမြစ်ကြောင်းတလျှောက် သဘာဝပတ်ဝန်းကျင်ပျက်စီးမှု များလာတဲ့အတွက် အခုလို ရေကြီးတာတွေ ဖြစ်လာနေတာလို့ ဒေသခံ လယ်သမားတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။