သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-24
မတ်လ ၂၄ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ “သက်ငယ်မုဒိန်းမှှုတွေ လျော့ကျရေးအတွက် ဘာတွေ လိုအပ်နေလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေးမယ့် သူတွေက ကလေးသူငယ်တွေကို အကာ အကွယ်ပေးရေး အသိပညာပေး လုပ်ဆောင်နေသူ ၊ Yangon Academy International School ရဲ့ အမှုဆောင်ဒါရိုက်တာ (Managing Director) မရီသာ နဲ့ မသန်စွမ်း ကလေးငယ်တစ်ဦး အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ဒါရိုက်တာ ကိုစိန်လျှံထွန်း တို့ ဖြစ်ပါတယ်။
2018-03-24
တပ်မတော်၊ လက်နက်ကိုင်၊ အစိုးရနဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ “မွန်ပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှုကော်မတီ” ကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လက်မှတ်နဲ့ ဖွဲ့စည်းကြောင်း မတ်လ ၂၃ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-03-23
လစ်လပ်နေတဲ့ နိုင်ငံတော် သမ္မတ ရာထူးအတွက် ယှဉ်ပြိုင်အရွေးခံဖို့ ဦးဝင်းမြင့်ကို ဒုတိယ သမ္မတ အဖြစ် ပြည်သူ့လွှတ်တော်က မတ်လ ၂၃ ရက်နေ့က မဲအများစုနဲ့ ရွေးချယ်လိုက်ပါတယ်။
2018-03-23
အစိုးရဝန်ထမ်းတွေအပါအဝင် မြန်မာနိုင်ငံထဲက ပြုပြင်ပြောင်းလဲရေးတွေမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အမျိုးသမီးတွေကို အမေရိကန်သံရုံးက ဂုဏ်ပြုပေးအပ်တဲ့ “Women of Change” လို့ခေါ်တဲ့ “ပြုပြင်ပြောင်းလဲရေး အမျိုးသမီးဆု” ချီးမြှင့်ပွဲကို ရန်ကုန်မြို့က အမေရိကန်သံအမတ်ကြီး နေအိမ်မှာ မတ်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2018-03-22
လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတာဝန်ကို ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်ဟောင်း တစ်ဦးဖြစ်တဲ့ ကချင်တိုင်းရင်းသား ဦးတီခွန်မြတ်ကို မတ်လ ၂၂ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ထောက်ခံမဲအများစုနဲ့ အတည်ပြု လိုက်ပါတယ်။
2018-03-22
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U အစည်းအဝေးအပြီး မတ်လ ၂၂ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာမှာ သတင်းထောက်တွေက လတ်တလော ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းက စစ်ရေးတင်းမာမှု အခြေအနေနဲ့၊ ရှမ်းပြည်မြောက်ပိုင်းဒေသက စစ်ရေးအခြေအနေတွေကို မေးမြန်းခဲ့ကြပါတယ်။
2018-03-22
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ လက်ရှိတာဝန်ကနေ အနားယူလိုတဲ့အတွက် နှုတ်ထွက်ကြောင်း နိုင်ငံတော်သမ္မတရုံးက မတ်လ ၂၁ ရက်နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်ပါတယ်။
2018-03-22
ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံကျေးရွာတဝိုက်နဲ့ နမ့်တောင်ကုန်းတဝိုက်မှာ တပ်မတော်၊ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့TNLA နဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်း RCSS/SSA တပ်တွေ တိုက်ပွဲပြင်းထန်နေပါတယ်။
2018-03-22
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ၁၅ ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့ NRPC မှာ မတ်လ ၂၁ ရက်နေ့က စတင်ကျင်းပနေပါတယ်။
2018-03-21
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားမျဉ်းပေါ်က လူသူမဲ့ဇုန်မှာ ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေအနေနဲ့ မူလဇာတိရွာမှာ ပြန်ပြီး အခြေချနေထိုင်ခွင့်ရမှ မြန်မာနိုင်ငံကိုပြန်မယ်လို့ စခန်းခေါင်းဆောင်က မတ်လ ၁၈ နေ့က ပြောလိုက်ပါတယ်။
2018-03-21
တစ်လဝင်ငွေ ကျပ် ၄ သိန်းအထက်ရရှိသူတွေ အခွန်ဆောင်ရမယ့် “၂ဝ၁၈ ခုနှစ်၊ ပြည်ထောင်စုအခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း” ကို မတ်လ ၂ဝ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တစ်ပိုဒ်ချင်းစီ အတည်ပြုလိုက်ပါတယ်။
2018-03-21
လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ မန္တလေးတိုင်းအတွင်းက မှုခင်းကိစ္စတွေနဲ့ပတ်သက်ပြီး မန္တလေးတိုင်း တရားလွှတ်တော်က မတ်လ ၂ဝ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-03-20
“အာဆီယံ-သြစတြေးလျ အထူးထိပ်သီးညီလာခံ” တက်ရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အင်္ဂါနေ့မှာ ပြုလုပ်မယ့် Lowy Institute ဟောပြောပွဲနဲ့ အမေးအဖြေအစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
2018-03-20
ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေ (ငြိမ်းစုစီ) ကို တတိယအကြိမ်ပြင်ဆင်ထားတဲ့ ဥပဒေကြမ်းကို မတ်လ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အတိုက်အခံပါတီတွေရဲ့ကိုယ်စား တပ်မတော်သားကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။
2018-03-20
တရုတ်မြန်မာ နယ်စပ်ကတဆင့် ကချင်ပြည်နယ်ထဲကို နည်းမျိုးစုံနဲ့ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံထဲမှာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။