သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-25
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ် တက်မျှောကျေးရွာမှာ စက်မှုဝန်ကြီးဌာန စက္ကူ စက်ရုံနဲ့ ဝါစိုက်ခင်း စီမံကိန်းအတွက် သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေထဲက ဧက ၅၀၀ ကျော်မှာ မူလ လုပ်ကိုင် စားသောက်ခဲ့ကြတဲ့ လယ်သမားတွေက ဒီနေ့ ဝင်ရောက်ထွန်ရက် စိုက်ပျိုးကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံ တင်ပြထားပါတယ်။
2014-06-23
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲကို ပဲခူးတိုင်း တောင်ငူမြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကျင်းပခဲ့ရာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက ကောက်နှုတ်တင်ပြထားပါတယ်။
2014-06-23
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲနဲ့ ဟောပြောပွဲကို သန်လျင်မြို့နယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။
2014-06-23
ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တောင်ဥက္ကလာပ မြို့နယ်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-06-23
၁၃၉ နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ကယားပြည်နယ် လွိုင်ကော်မြို့၊ ချိကယ်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-23
စာသင်ကျောင်းတွေက မုန့်ဈေးတန်းတွေမှာ ရောင်းချနေတဲ့ မုန့်ပဲသွားရည်စာ အတော်များများဟာ တာရှည်အထားခံအောင် ဓာတုပစ္စည်းသုံးစွဲပြီး ပြုလုပ်ထားတဲ့မုန့်တွေ ဖြစ်ပြီး၊ ကလေးတွေ မစားသင့်တဲ့ မုန့်တွေ ဖြစ်တာကြောင့် ရိုးရာမုန့်တွေကိုသာ စားကြဖို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်မှာ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-06-21
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ကျမတို့ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-06-21
ဇွန်လ ၁၉ ရက်နေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်ပြီး နောက်ပိုင်းကနေ ဒီကနေ့အထိ သုံးနှစ်ကျော်ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု ပုံရိပ်တွေနဲ့ သူ့ရဲ့မိန့်ခွန်းတွေထဲက တချို့ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက စုစည်းတင်ပြထားပါတယ်။
2014-06-21
အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ တာမွေမြို့နယ် မဟာသန္တိသုခကျောင်းတိုက်က ဆရာတော်ဦးဥတ္တရ အပါအဝင် သံဃာ ၅ ပါးကို ဒီနေ့ တာမွေမြို့နယ်တရားရုံးက အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်လွင်ဦးက တင်ပြထားပါတယ်။
2014-06-19
ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ရုံးချုပ်မှာ ဒီကနေ့ ကျင်းပ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်ပြည့် မွေးနေ့ အကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်း တင်ပြထားပါတယ်။
2014-06-19
RFA ရေဒီယိုကနေ နှစ်ပတ်တကြိမ် ထုတ်လွှင့်နေတဲ့ "ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်" အစီအစဉ်ထဲက ဒေါ်အောင်ဆန်း စုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက စီစဉ်တင်ဆက်ထားပါတယ်။
2014-06-19
ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း လက်ကမ်းစာရွက်တွေ ဖြန့်ဝေခဲ့တဲ့အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ် စစ်ဆေးခဲ့ပါ တယ်။ ကိုထင်ကျော်ဟာ အခုစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် ဒီကနေ့ရုံးချိန်းမှာ ဆန္ဒပြခဲ့ ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-06-18
ဒုတိယအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၅ ရက် နေ့ကစပြီး ဇွန်လ ၁၉ ရက်နေ့အထိ ရန်ကုန်မြို့ Junction Square နဲ့ ဝဇီရာရုပ်ရှင်ရုံတွေမှာ ပြသနေပါတယ်။
2014-06-18
ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် (၂) မှာရှိတဲ့ "ဟုန်စိန်" ပီနံအိတ်စက်ရုံက အလုပ်သမား တရာကျော်ဟာ လုပ်အားခ တိုးပေးဖို့အတွက် ဒီနေ့ ငါးရက်မြောက်နေ့အဖြစ် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-18
လက်ရှိ အိမ်ခြံမြေဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကို ထိန်းချုပ်ဖို့အတွက် အိမ်ယာမြေ ပိုင်ဆိုင်မှုအခွန်တွေ ကောက်ခံဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။ အိမ်ခြံမြေ ဈေးကွက်ကို ထိန်းချုပ်ချင်တယ်ဆိုရင် အခွန်ကောက်ခံမှုကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ လိုအပ် သလို ပိုင်ဆိုင်မှုကိုလည်း သိဖို့လိုအပ်တယ်လို့ ရန်ကုန်အခြေစိုက် "မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ" က စီမံခန့်ခွဲမှုဒါရိုက်တာ ဦးသန်းဦးက ပြောပါတယ်။ ဦးသန်းဦးကို RFA သတင်းထောက် မရတနာဦးက တွေ့ဆုံ မေးမြန်းထားပါတယ်။