သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-26
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေးစက်မှုဇုန်က SMI ပီနံအိတ် စက်ရုံအလုပ်သမား တစ်ရာကျော်ဟာ နေ့ကြေးတိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက် စက်ရုံပိုင်ရှင်က အလုပ်သမားတွေနဲ့ ညှိနှိုင်းခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-12-26
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈) ဟာ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခွင့်ကို ကန့်သတ်ဖိနှိပ်ထားတဲ့အတွက် လာမယ့် ဇန်နဝါရီလ (၄) ရက်၊ လွတ်လပ်ရေးနေ့မှာ ဒီဥပဒေ ဖျက်သိမ်းရေးအတွက် ဆန္ဒပြကြမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေက ပူးတွဲ ကြေညာလိုက်ပါတယ်။ အကြောင်းစုံကို RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-25
မြန်မာနိုင်ငံတဝှန်းမှာ သစ်အလွန်အကျွံ ထုတ်လုပ်မှုနဲ့ ရင်ဆိုင်နေရချိန်မှာပဲ မြန်မာ့ဒီရေတောတွေရဲ့ ပြုန်းတီးမှုနှုန်းဟာ မြန်ဆန်နေပါတယ်။ ဒီအကြောင်း RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။ ဒီအကြောင်း RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။
2013-12-25
မနက်ဖြန်မှာ ကျရောက်တော့မယ့် ခရစ္စမတ်နေ့ အခါသမယအတွက် ရန်ကုန်မြို့က ခရစ္စမတ်ပွဲတော် ပြင်ဆင်မှုတွေအကြောင်း RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြပေးမှာပါ။
2013-12-25
နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် ဖွင့်ပွဲ၊ ပိတ်ပွဲသီချင်း သီဆိုခဲ့သူ အဆိုတော် နီနီခင်ဇော်ကို ဆီးဂိမ်းအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ အခက်အခဲတွေ အကြောင်း RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-12-25
စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၈) အပါအဝင် ပြည်သူတွေကို နိုင်ငံရေးအရ တဖက်သတ် ဖိနှိပ်ချုပ်ချယ်ထားတဲ့ ဥပဒေတွေကို ပြင်ဆင်ဖို့နဲ့၊ မကိုက်ညီတာတွေကို ဖျက်သိမ်းပေးဖို့အတွက် လူမှုအဖွဲ့အစည်း ၆ဝ ကျော် စုပေါင်းပြီး ဆန္ဒဖော်ထုတ်ကြဖို့ ပြင်ဆင်နေပါတယ်။ အကြောင်းစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-25
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်ရဲ့ လူထုဆွေးနွေးပွဲကို မြန်မာ့နိုင်ငံရေး လေ့လာသူ ၅ ဦးတို့က ဦးဆောင်ပြီး ရန်ကုန်မြို့ သမိုင်းလမ်းဆုံက အသောကဗိမ္မာန်၊ သမိုင်းမြို့မ ကျောင်းတိုက်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-12-24
မကြာခင် လွှတ်တော်မှာ တင်သွင်းဆွေးနွေးမယ့် တက္ကသိုလ်မူဝါဒမူကြမ်းမှာ ထည့်သွင်းရေးဆွဲထားတဲ့ "တက္ကသိုလ်များ ဗဟိုကောင်စီ" ဆိုတာဟာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်ပြီး အသက်သွင်းသလို ဖြစ်နေတယ်ဆိုပြီး တက္ကသိုလ်ဆရာ/ဆရာမများအသင်းက ကန့်ကွက်လိုက်ပါတယ်။ တက္ကသိုလ်ဆရာ/ဆရာမများအသင်း (ရန်ကုန်တက္ကသိုလ်) ရဲ့ အတွင်းရေးမှူး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-12-24
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA တည်ထောင်ခြင်း ၁၉ နှစ်မြောက် အခမ်းအနားကို ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင်ကျေးရွာမှာ ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-12-24
ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာကနေ ကျောက်တော်မြို့အထိ မီးရထားပြေးဆွဲခဲ့တာ သုံးနှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ရထားလမ်း စီမံကိန်းကြောင့် ဆုံးရံှုးခဲ့ရတဲ့ လယ်ယာမြေတွေအတွက် ဒီကနေ့အထိ လျော်ကြေးတစုံတရာ မရရှိသေးဘူးလို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-12-24
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ SEA Games ပိတ်ပွဲအခမ်းအနားကို မနေ့ညက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-21
မွန်ပြည်နယ်မှာ စပါးစိုက်ပျိုးမှု နည်းပါးလာပြီး ရာဘာစိုက်ပျိုးမှု ပိုများလာနေတဲ့အတွက် ဒေသတွင်း ဆန်စပါးဖူလုံမှုမရှိမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ် လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-12-21
ဒီမိုကရေစီစကားဝိုင်း (ရှမ်းပြည်နယ်) လို့ အမည်ပေးထားတဲ့ ဒီမိုကရေစီစနစ်နဲ့ ပတ်သက်တဲ့ ပညာပေး ဆွေးနွေးပွဲတစ်ခုကို တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ကျင်းပနေပါတယ်။ RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-12-21
သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ဒီတစ်ပတ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို့ရဲ့ ပြောကြားချက်တွေနဲ့ မြန်မာအင်ဒိုနီးရှား အမျိုးသားဘောလုံးပွဲအြပီး ကိုရီးယားနည်းပြရဲ့ ပြောကြားချက်တွေကို RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-12-21
ကချင်ပြည်နယ် မန်စီမြို့နယ်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရှမ်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးရေးအတွက် ဆန္ဒပြတောင်းဆိုဖို့ ပြင်ဆင်တာကို ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ခွင့်မပြုတဲ့အတွက် ရှမ်းမျိုးနွယ်စုတွေ စုပေါင်းပြီး ဒီနေ့ မြစ်ကြီးနားမြို့မှာ လူထုစည်းဝေးပွဲ ပြုလုပ်ကန့်ကွက်ခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။