သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-21
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။
2014-11-21
ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒီနေ့ ကျင်းပတဲ့ ပြည်သူ့ဖိုရမ် နောက်ဆုံးနေ့မှာ အကြံပြုချက် ၅ဝ ကျော်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ကတဆင့် ပြည်နယ်အစိုးရအဖွဲ့ကို ပေးအပ်လိုက်ပါတယ်။
2014-11-21
ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂ဝ၁၅ ရွေးကောက်ပွဲ ပြီးမှသာ ပြင်ဆင်နိုင်မယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၁၈ ရက်နေ့ က ပြောလိုက်ပါတယ်။ လုပ်ငန်းစဉ်အရ ဦးရွှေမန်းပြောတာ မှန်ကန်ပေမယ့်၊ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ဆင်လို့မရဘူးဆိုတာကိုတော့ နားလည်ရခက်တယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဦးကိုကိုကြီးက ပြောပါတယ်။
2014-11-21
၇ ကြိမ်မြောက် အာဆီယံ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အစည်းအဝေးကို နေပြည်တော် Lake View Hotel မှာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ကျင်းပပါတယ်။
2014-11-21
ကယားပြည်နယ်က ဒေသခံပြည်သူတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို အစိုးရထံ တင်ပြနိုင်ဖို့အတွက် ပြည်သူ့ဖိုရမ်ကို လွိုင်ကော်မြို့မှာ ကျင်းပနေပါတယ်။ ဒီကနေ့ အစည်းအဝေး ဒုတိယနေ့မှာ ဆွေးနွေးခဲ့ကြတာတွေနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-11-20
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်း စုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2014-11-20
ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ “ဦးမြငါးစင်လှေဆိပ်” ကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရဲ့ ဆိပ်ခံတံတားစီမံကိန်း နယ်မြေထဲမှာပါတယ်ဆိုပြီး ပိတ်လိုက်တာကြောင့် လှိုင်မြစ်တဘက်ကမ်းကို ကူးပြီး ကျောင်းတက်ရတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ မိဘတွေက လှေဆိပ် ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြ ပါတယ်။
2014-11-20
ဒီလ နိုဝင်ဘာ ၁၈-ရက်နေ့က ထုတ်ဝေတဲ့ အစိုးရသတင်းစာတွေမှာ… အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်နေကြ တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အများပြည်သူသိရှိအောင် ဆိုပြီး၊ ပညာရေးဥပဒေနဲ့ ပတ်သက်လို့ ရှင်းပြထား ပါတယ်။
2014-11-20
Asian Human Rights Commission (AHRC) လို့ခေါ်တဲ့ “အာရှလူ့အခွင့်အရေးကော်မရှင်” ရဲ့ ညီလာခံကို ဟောင်ကောင်မြို့မှာ ကျင်းပနေပါတယ်။
2014-11-20
ပြန်ကြားရေးဝန်ကြီးဌာနကို အသရေဖျက်တယ်ဆိုပြီး Eleven Media Group အပေါ် တရားစွဲထားတဲ့အမှုကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တရားရုံးမှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
2014-11-20
စစ်တွေမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့က ဒေသခံ ကဗျာဆရာတွေနဲ့ ကဗျာချစ်သူတွေသူစုပေါင်းပြီး ခေတ်ပေါ်မော်ဒန်ကဗျာ ရွတ်ဆိုပွဲကို ကျင်းပခဲ့ကြပါတယ်။
2014-11-19
တက္ကသိုလ်ကျောင်းသားတွေ သပိတ်မှောက်နေတဲ့ အမျိုးသားပညာရေး ဥပဒေနဲ့ပတ်သက်ပြီး တက္ကသိုလ်ဆရာဆရာမတွေက ရန်ကုန်မြို့ သထုံလမ်းက အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်ရုံး) မှာ ဒီနေ့သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-11-19
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းဟာ ဒီကနေ့ နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ တခု ပြုလုပ်ခဲ့ပါတယ်။ သတင်းထောက်အတော်များများက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေကို မေးမြန်းခဲ့ကြပါတယ်။ ဦးရွှေမန်းဖြေကြားခဲ့တဲ့အထဲက တချို့ကို RFA သတင်းထောက် ကိုကျော်သူက ကောက်နှုတ် တင်ပြထားပါတယ်။
2014-11-19
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ သတင်းစာရှင်းလင်းပွဲအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အမြင်တွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဂျေက ဆက်ပြီး တင်ပြထားပါတယ်။
2014-11-19
မန္တလေးတိုင်း မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်မှာ မြို့သာစက်မှုဇုန်စီမံကိန်း နဲ့ ဂေါက်ကွင်းဖော်ဆောင်ဖို့ ဆိုပြီး MMDC အများပိုင်ကုမ္ပဏီက သိမ်းထားတဲ့ မြေနေရာတွေအတွက် လျော်ကြေးပေးဖို့ ဒေသခံ ၈ဝဝ ကျော် မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။