သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-09-11
လိင်အကြမ်းဖက်ခံခဲ့ရတဲ့ Victoria ကလေးငယ်ကို ဗီဒီယိုစနစ်ကို သုံးပြီး သီးသန့်စစ်ဆေးရာမှာ ကျူးလွန်သူတွေဟာ ကိုကိုအငယ်နဲ့ ကိုကိုအကြီး ဖြစ်တယ်လို့ သက်သေထွက်ဆိုခဲ့ကြောင်း တရားလိုရှေ့နေ ဒေါ်ရွက်နုအောင် က ပြောပါတယ်။
2019-09-10
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က လူပေါင်း ၇ဝဝ ကျော် ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာပြတ်တောက်နေတယ်လို့ စခန်းစီမံခန့်ခွဲရေးကော်မတီ ခေါင်းဆောင်တွေက ပြောပါတယ်။
2019-09-10
အရပ်ဘက်လူထုဆိုင်ရာနဲ့ နိုင်ငံရေးဆိုင်ရာ ရပိုင်ခွင့်တွေနဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ သဘောတူစာချုပ် ICCPR ကို လက်မှတ်ထိုးရေးနဲ့ ပတ်သက်တဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ စောင့်ကြည့်မှတ်တမ်းတင်ဖို့သာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-09-10
မကွေးတိုင်း မင်းဘူးမြို့နယ် မင်းဘူးမန်းရေနံမြေမှာ မြန်မာ့ရေနံတူးဖော်ရေးလုပ်ငန်းနဲ့ MPRL ကုမ္ပဏီ ပူးပေါင်းလုပ်ကိုင်နေတဲ့ မြေနေရာတွေအတွက် လျော်ကြေးရချင်တဲ့ ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့ကြပါတယ်။
2019-09-09
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒီနေ့ ဆရာတော်ဦးဥတ္တမပျံလွန်တော်မူတဲ့ နှစ် ၈ဝ ပြည့် အခမ်းအနားကို ဒီနေ့ကျင်းပခဲ့ပါတယ်။
2019-09-07
ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တဲ့ NCA စာချုပ်ကနေ သွေဖယ်မသွားကြဖို့ NRPC ဒုတိယဥက္ကဋ္ဌ တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက KNU ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် တိုက်တွန်းလိုက်ပါတယ်။
2019-09-06
တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ကနေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတဲ့ စစ်ပြေးဒုက္ခသည်တွေရဲ့ အနာဂတ် မရေမရာ ဖြစ်နေသလို ဒုက္ခသည် ကလေးငယ်တွေရဲ့ ပညာရေး အခြေအနေကလည်း မရေမရာ ဖြစ်နေပါတယ်။
2019-09-06
ကမ္ဘာကျော် ကျောက်စိမ်းတွေထွက်တဲ့ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ အဖိုးတန် ကျောက်မျက် ရတနာတွေ တင်မက မူးယစ်ဆေးနဲ့ မူးယစ်ဆေးစွဲသူတွေလည်း အများအပြားရှိနေပါတယ်။
2019-09-06
အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက စစ်တပ်ခေါင်းဆောင်တချို့ကို လူ့အခွင့်အရေး ချိုးဖောက်မှု စွဲချက်တွေနဲ့ အမေရိကန်က ပိတ်ဆို့အရေးယူထားပေမယ့် အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ရေတပ်တွေ ပူးပေါင်းလုပ်ဆောင်တဲ့ ရေကြောင်းလေ့ကျင့်မှုမှာ မြန်မာနိုင်ငံ ပါဝင်နေပါတယ်။
2019-09-06
မန္တလေးတက္ကသိုလ်ထဲက ဈေးဆိုင်တွေကို လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ခွင့်ပြုခဲ့တဲ့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးအရေးယူဖို့ သပိတ်မှောက်တောင်းဆိုနေချိန်မှာ ပညာရေးဒုဝန်ကြီး ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ပညာရေးဝန်ကြီးဌာနက ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2019-09-06
တရားခွင်မှာ တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခု ပေးခဲ့တဲ့ ကချင်လူငယ် ကိုပေါလုကို မြစ်ကြီးနားမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၃ လ ချမှတ်လိုက်ပါတယ်။
2019-09-06
ကလေးစစ်သားဘဝအတွေ့အကြုံတွေကို သတင်းမီဒီယာမှာ ပြောကြားခဲ့တာကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရပြီး အဲဒီအမှုကို ရင်ဆိုင်နေစဉ်မှာပဲ တရားရုံးမထီမဲ့မြင့်မှုနဲ့ ထောင်ဒဏ် ၆ လချမှတ်ခံထားရသူ ကိုအောင်ကိုထွေးဟာ လွတ်ရက်စေ့လို့ ဒီနေ့ လွတ်မြောက်လာပါတယ်။
2019-09-06
ဘဏ်ချေးငွေတွေ ပြန်ဆပ်ရမယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကို ပြည်သူတွေ စိုးရိမ်ပူပန်မှု မရှိဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
2019-09-05
ဒီတပတ်မှာတော့ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာရှိတဲ့ RFA ပရိသတ်တွေက ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-09-05
လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ Facebook က သတင်းမှားတွေ၊ လူမျိုးရေးမုန်းတီးမှု စကားလှုံ့ဆော်တာတွေကို ကြိုတင်တားဆီးနိုင်ရေးအတွက် အခုကတည်းက ကြိုတင်ပြီးတော့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။