သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-11-05
မြန်မာနိုင်ငံသားတွေ နိုင်ငံတကာမှာ ကျန်းမာရေး ပညာရေးကိစ္စတွေနဲ့ ခရီးသွားလာတဲ့အခါ ငွေသားသယ်ဆောင်စရာ မလိုတော့ဘဲ၊ နိုင်ငံတကာသုံး Master Card တံဆိပ်ပါ ဘဏ်ကဒ် အသုံးပြုတဲ့စနစ်ကို CB ဘဏ် လို့ခေါ်တဲ့ သမဝါယမဘဏ်က ပထမဆုံး စတင်လိုက်ပါတယ်။ ဒီနေ့ Master Card ဖွင့်ပွဲ အခမ်းအနားမှာ CB ဘဏ်ရဲ့ အမှုဆောင်၊ ဒုတိယ ဥက္ကဋ္ဌ ဦးကျော်လင်းကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-11-05
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နိုဝင်ဘာလ ၄ ရက် ဒီနေ့ကျင်းပတဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2013-11-02
တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုပါတီ (FUP) ဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲမှာ မြေပြန့်ဒေသတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်စတဲ့ အင်အားကြီးပါတီတွေနဲ့ ယှဉ်ပြိုင် အရွေးခံသွားမယ်လို့ သိရပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-11-02
ပဲခူးတိုင်းအတွင်း အခုရက်ပိုင်း မိုးသည်းထန်တဲ့အတွက် စစ်တောင်းမြစ်ရေ တက်ပြီး တောင်ငူ၊ ရေတာရှည်၊ သာဂရနဲ့ ဆွာမြို့နယ်တွေမှာ ကျေးရွာတွေ ရေနစ်မြုပ်နေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-11-02
၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကာလနောက်ပိုင်း ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၂၅ နှစ်ပြည့်အခမ်းအနားကို ကချင်ပြည်နယ် လိုင်ဇာမြို့အနီးက ABSDF မြောက်ပိုင်းဌာနချုပ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-11-02
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ၈ မြို့နယ်က လယ်သမား ၂ ရာကျော် စုပေါင်းပြီး ရွှေဘိုခရိုင်လုံးဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရွှေဘိုမြို့ ရွှေခြင်္သေ့ကျောင်းတိုက်မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-11-02
KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ညီလာခံကနေ ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်မယ့် သဘောတူညီချက်တွေ ထွက်ပေါ်လာနိုင်မယ်လို့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေက မျှော်လင့်နေကြပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-11-01
တရုတ်ပြည်က စားသုံးဆီတချို့ဟာ လမ်းဘေးမြောင်းထဲက အညစ်အကြေးတွေကို ပြန်လည်စစ်ထုတ်ပြုပြင်ပြီး စားသောက်ဆိုင်တွေကို ဈေးပေါပေါနဲ့ ရောင်းချထားတာဖြစ်ကြောင်း အများပြည်သူတွေ ခရီးသွားတွေ သတိထားနိုင်အောင် RFA တရုတ်ဌာန သတင်းထောက်တွေက ရိုက်ကူးပြသထားပါတယ်။ ပြင်ပစားသောက်ဆိုင်တွေမှာ အစားအသောက်ဝယ်စားဖို့တောင် မသတီစရာဖြစ်နေပြီလို့ ဒီဗီဒီယိုသတင်းကို Washington Post သတင်းစာကြီးကလဲ ကူးယူဖေါ်ပြခဲ့ပါတယ်။
2013-11-01
ဟိုတယ်နဲ့ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ပူးပေါင်ပြီး ရခိုင်ပြည်နယ်အတွင်းက ဟိုတယ်တွေနဲ့ တည်းခိုခန်းတွေအတွက် လုံခြုံရေးသင်တန်းတစ်ခုကို စစ်တွေမြို့က ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာ အောက်တိုဘာ ၂၈ ရက်ကနေ နိုဝင်ဘာလ ၁ ရက်နေ့အထိ ငါးရက်ကြာပြုလုပ်နေပါတယ်။ RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။
2013-11-01
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ကယားပြည်နယ် လွိုင်ကော်မြို့မှာ အောက်တိုဘာ လ ၃ဝ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေသွေးက လွိုင်ကော်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
2013-11-01
နိုဝင်ဘာလကစပြီး စက်မှုဇုန်တွေမှာ လျှပ်စစ်သုံးစွဲခ ကောက်ခံမှုနှုန်းထားကို တစ်ယူနစ် ၇၅ ကျပ်ကနေ ၁၅ဝ အထိ တိုးမြင့်ကောက်ခံမယ့် အစီအစဉ်ဟာ အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းတွေကို ထိခိုက်စေတယ်လို့ မန္တလေးစက်မှုဇုန် လုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-11-01
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့က ခေါင်းဆောင်တွေရဲ့ ညီလာခံကို ဒီကနေ့ အောက်တိုဘာ ၃၁-ရက် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပနေပါတယ်။ ဒီညီလာခံနဲ့ ပတ်သက်လို့ ကချင်တိုင်းရင်းသားဒေသခံတွေရဲ့ အမြင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-30
မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာတရားတွေ ဆွေးနွေးညှိနှိုင်းကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းလိုက်ပါတယ်။ အီတလီနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာတီကန်နန်းတော်မှာ တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းကြီးက အခုလို ပြောကြားခဲ့တာပါ။ အီတလီနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့အရေး ဆွေးနွေးချက်တွေကို RFA အဖွဲ့သူ မခင်ခင်အိက တင်ပြထာားပါတယ်။
2013-10-30
နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကဏ္ဍတွေမှာ အမျိုးသမီးတွေ ဦးဆောင်ပါဝင်နိုင်ဖို့ ရည်ရွယ်ပြီး ဒုတိယအကြိမ် ကျင်းပတဲ့ မြန်မာနိုင်ငံ အမျိုးသမီးများဖိုရမ် ပထမနေ့ကို ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ဦးသိန်းအောင်က တင်ပြထားပါတယ်။
2013-10-30
ကယားပြည်နယ်၊ လွိုင်ကော်မြို့ နောင်ယားရပ်ကွက်မှာ အောက်တိုဘာလ ၂၈ ရက်နေ့က စာပေဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ စာပေဟောပြောပွဲ ပထမနေ့မှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုဂျင်မီနဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်တို့ ဟောပြောခဲ့ကြပါတယ်။ဒီအကြောင်း RFA သတင်းထောက် ကိုနေသွေးက လွိုင်ကော်မြို့ကနေ သတင်းပေးပို့ထားပါတယ်။