သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-11-13
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက နေပြည်တော် သတင်းမီဒီယာ စင်တာမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-11-13
လက်ရှိ ရရှိထားတဲ့ မဲစာရင်းအရ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အစိုးရတရပ် ဖွဲ့နိုင်ပြီဖြစ်ပြီး၊ ဖွဲ့စည်းပုံနဲ့ ကိုက်ညီတဲ့ မည်သည့်ပုဂ္ဂိုလ်ကိုမဆို သမ္မတအဖြစ် တင်မြောက်နိုင်ပြီလို့ ရှေ့နေကြီးဦးကိုနီက ပြောပါတယ်။
2015-11-13
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနေနဲ့ သုံးလအတွင်း ပါတီတွင်း ပြုပြင်ပြောင်း လဲရေးတွေ မလုပ်ဘူးဆိုရင် နိုင်ငံရေး ကို ကျောခိုင်းပြီး၊ စီးပွားရေးကိုသာ ဇောက်ချလုပ်တော့မယ်လို့ နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးလှဆွေက ပြောလိုက်ပါတယ်။
2015-11-13
ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက နေရာအတော်များများ အနိုင်ရနေသလို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လတ်တလာ မြို့နယ် ၃ မြို့နယ်မှာ အနိုင်ရနေပါတယ်။
2015-11-12
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၁၁ ရက်နေ့ ဒီကနေ့ညနေပိုင်းမှာ နေပြည်တော်က သတင်း မီဒီယာစင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး၊ ထုတ်ပြန်ပြီးတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် နဲ့၊ ရွေးကောက်ပွဲမတိုင်ခင် အငြင်းပွားဖွယ်ဖြစ်ခဲ့တဲ့ မဲစာရင်းကိစ္စတွေကို ရှင်းလင်းခဲ့ပါတယ်။
2015-11-12
ဧရာတီတိုင်း ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာတွေအတွက် မဲစာရင်းအငြင်းပွားမှု ဖြစ်ပေါ်နေပြီး၊ ရှံးနိမ့်သွားတဲ့ NLD ပါတီ ကိုယ်စားလှယ်လောင်းတွေက ပုံစံ ၁၉ မှာ လက်မှတ်မထိုးဘဲ၊ မဲတွေကို ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားပါတယ်။
2015-11-12
၂ဝ၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မကွေးတိုင်း အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ မဲဆန္ဒနယ် ၈၈ နေရာ မှာ ထောက်ခံမဲ အသာရခဲ့တယ်လို့ သိရပါတယ်။
2015-11-12
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးခင်ရွှေဟာ ရွေးကောက်ပွဲမှာ ရှံးနိမ့်ခဲ့ပါတယ်။
2015-11-12
သတင်းမီဒီယာတွေက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို တိုက်ခိုက်ပြီး ဘက်လိုက် ရေးသားခဲ့ကြတဲ့အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှံးနိမ့်ခဲ့တာလို့ ရန်ကုန်တိုင်း ပုဇွန်တောင်မြို့နယ် အမှတ်-၂ မဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဦးစိုးမင်းသန်းက ပြောပါတယ်။
2015-11-10
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့ ညနေပိုင်း က နေပြည်တော်က သတင်းမီဒီယာ စင်တာမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2015-11-10
မန္တလေးတိုင်းအတွင်းက မြို့နယ် ၃၆ မြို့နယ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ပေါင်း ၃၁ မြို့နယ်မှာ အားလုံး အနိုင်ရထားပြီလို့ မန္တလေးတိုင်း NLD ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2015-11-10
ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွနဲ့ မာန်အောင်- မြို့နယ် ၄ ခုမှာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းအားလုံး အနိုင်ရခဲ့ပါတယ်။
2015-11-10
နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှာ မဲတွေကို ပြန်လည် ရေတွက်ပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တောင်းဆိုရာမှာ NLD ပါတီက ကန့်ကွက်လိုက်ပါတယ်။
2015-11-10
ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခဲ့တဲ့ EU ဥရောပသမဂ္ဂ လေ့လာရေးအဖွဲ့ရဲ့ ပဏာမအစီရင်ခံစာကို ဒီကနေ့ နိုဝင်ဘာလ ၁ဝ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
2015-11-10
နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲမှာ မွန်အမျိုးသားပါတီက ကိုယ်စားလှယ်လောင်း ၅ဝ ကျော်နဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် နေရာ အတော်များများ ရံှုးနိမ့်ခဲ့ပါတယ်။