သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-22
အောက်တိုဘာလ ၉ ရက်ကနေ ၁၅ ရက်နေ့အတွင်း ရန်ကုန်မြို့နဲ့ နယ်မြို့တချို့မှာ ဗုံးပေါက်ကွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုတွေကို KNU အဖွဲ့ဝင်ဟောင်းတွေက စေခိုင်းတဲ့သူတွေရှိလို့ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ KNU အဖွဲ့ တာဝန်ရှိသူတွေက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-10-22
၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့လိုသလို ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးအတွက် EU ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ပါဝင်ကူညီကြဖု့ိ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဘယ်လဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့မှာ EU ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်၊
2013-10-19
ဖမ်းဆီးခံထားရတဲ့ လယ်သမားတွေ၊ လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေကို ပြန်လွှတ်ပေးဖို့နဲ့၊ တောင်သူလယ်သမားအခွင့်အရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေအပေါ် သုံးသပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့က ၈၈ မျိုးဆက်အဖွဲ့ ရုံးမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်းကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်
2013-10-19
ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် နေရာအတော်များများမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဒီကနေ့ ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်၊
2013-10-19
ဂျပန်နိုင်ငံက မြန်မာပြည်ကို စစ်လျော်ကြေးအဖြစ်ပေးခဲ့တဲ့ သုံးဘီးကားတွေဟာ အနှစ် ၅ဝ ကျော် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပြီး၊ ဒီသုံးဘီးကားတွေကို မော်လမြိုင်မြို့မှာ အသုံးပြုနေကြဆဲ ဖြစ်ပါတယ်။ မော်လမြိုင်မြို့က သုံးဘီးကားသမားတွေ အနေနဲ့ အစိုးရကလုပ်ဆောင်ပေးနေတဲ့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးစီမံချက်မှာ သူတို့ကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ လိုလားနေကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-10-19
မြန်မာနိုင်ငံမှာ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ရတာဟာ ပဋိပက္ခ ဖန်တီးလိုသူတွေက သူတို့အကျိုးစီးပွားအတွက် သံဃာတော်တွေရဲ့ မျိုးချစ်စိတ်ထက်သန်မှုကို အသုံးချသွားတာလို့ ရှုမြင်တဲ့အကြောင်း သာသနာ့ဦးသျှောင်အဖွဲ့(ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ) ဆရာတော် ဦးဇဝနက မိန့်ကြားလိုက်ပါတယ်။ ဆရာတော် ဦးဇဝနဟာ နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်ပါတယ်။ ဦးဇဝနကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-19
ကျော်မင်းထွန်း စီစဉ်တင်ဆက်ထားပါတယ်၊
2013-10-17
KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်နေပေမယ့် ကချင်ပြည်နယ်က စစ်ပြေးဒုက္ခသည်တွေ မူလနေရပ်တွေမှာ ပြန်ပြီးအခြေချနေထိုင်နိုင်မယ့် အလားအလာတော့ မတွေ့ရသေးပါဘူး။ RFA ဆောင်းပါးရှင် ရှင်ဒေဝီက တင်ပြထားပါတယ်။
2013-10-17
ရန်ကုန်တိုင်း မင်္ဂလာဒုံစက်မှုဇုန်က ဖာမိုဆို အထည်ချုပ်စက်ရုံမှာ အလုပ်သမားသမဂ္ဂ ခေါင်းဆောင်သုံးဦးကို အလုပ်က ထုတ်လိုက်တဲ့အတွက် အလုပ်သမား ၆ ရာကျော် စက်ရုံရှေ့ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-17
မန္တလေး အမှတ် (၁) စက်မှုဇုန်မှာရှိတဲ့ Lucky Jelly သွားရည်စာ စားသောက်ကုန်စက်ရုံ အလုပ်သမားတွေဟာ အခြေခံ အလုပ်သမား ရပိုင်ခွင့်တွေအတွက် ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တင်ပြထားပါတယ်
2013-10-17
မြန်မာနိုင်ငံက ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေမှာ လက်ရှိအချိန်ထိ ဥပဒေပြဋ္ဌာန်းထားတာ မရှိတဲ့အတွက် အဲဒီလုပ်ငန်းတွေမှာ ဥပဒေပြဋ္ဌာန်းပေးဖို့ အမျိုးသားလွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-10-17
ပြီးခဲ့တဲ့ မတ်လက အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ မိတ္ထီလာမြို့မှာ နှစ်ဖက်လူ့အသိုင်းအဝိုင်းကြား အတူတကွ သင့်သင့်မြတ်မြတ် ပြန်ပြီးနေထိုင်နိုင်ဖို့ ကြိုးပမ်းတာတွေရှိသလို လက်တွေ့မှာ အခက်အခဲတွေလည်း ရှိနေဆဲဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-10-16
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် FTUM အဖွဲ့ဟာ ဥရောပအခြေစိုက် Solidar Silver Rose Awards အဖွဲ့က ချီးမြှင့်တဲ့ ၂ဝ၁၃ ခုနှစ်အတွက် SOLIDAR ငွေနှင်းဆီဆုကို ရရှိခဲ့ပါတယ်။ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့မှာ Belgium နိုင်ငံ Brussel မြို့မှာကျင်းပမယ့်ဆုပေးပွဲကို တက်ရောက်မယ့် FTUM အတွင်းရေးမှူး ဦးမောင်မောင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-10-16
ရန်ကုန်မြို့နဲ့ မန္တလေးမြို့က ဗုံးပေါက်ကွဲမှုတွေအကြောင်းကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။