သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-16
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်နဲ့ စစ်ကိုင်းမြို့၊ ရွှေပြည့်စုံဟိုတယ်က ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့ ခရီးသွားလာရေး ဒုဝန်ကြီး ဒေါက်တာတင်ရွှေက ဒီကနေ့ ဟိုတယ်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-10-16
အောက်တိုဘာလ ၁၁ ရက်နေ့က တောင်ငူမြို့ တည်ခိုခန်းတစ်ခုမှာ ဗုံးပေါက်ကွဲခဲ့ပြီး နောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့မြို့တွေမှာ ဗုံးပေါက်ကွဲခဲ့သလို မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနဲ့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့ရဲ့ သုံးသပ်ပြောဆိုချက်တွေကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-15
မြန်မာနိုင်ငံရဲ့ လူဦးရေ ဆယ်ပုံတစ်ပုံဟာ စားနပ်ရိက္ခာ မလောက်ငမှုနဲ့ ရင်ဆိုင်နေရတယ်လို့ စားနပ်ရိက္ခာ ဖူလုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မနေ့ကကျင်းပတဲ့ ၂ဝ၁၃ ခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့ဆိုင်ရာ ဆွေးနွေးပွဲမှာပြောပါတယ်။ ဒီဆွေးနွေးပွဲကို အရပ်ဖက်အဖွဲ့အစည်းတွေအပြင် လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-10-15
"စိန်ခေါ်မှုများနဲ့ စတုတ္ထမဏ္ဍိုင်" ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှာ အောက်တိုဘာ ၁၃ ရက် မနေ့က ကျင်းပခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးကာလအတွင်း သတင်းမီဒီယာတွေ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဟောပြောခဲ့ကြတာပါ။ အပြည့်အစုံကို RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-15
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို ရန်ကုန်မြို့မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ RFA ဝိုင်းတော်သူ မခင်ခင်အိက တင်ပြထားပါတယ်။
2013-10-12
ရှမ်းပြည်တောင်ပိုင်းက ကမ္ဘာကျော် အင်းလေးကန်ဒေသမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းတရာကျော်ကတည်းက အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီနှစ်ကျင်းပတဲ့ အင်းလေးဖောင်တော်ဦး ဘုရားပွဲအကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-12
မန္တလေးတိုင်း သပိတ်ကျင်းနဲ့ စဉ့်ကူးမြို့နယ်တွေမှာ ရွှေတွင်းလုပ်သား အများစုဟာ အဆုတ်ရောဂါနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုများတဲ့အတွက် ဆယ်စုနှစ်တခုအတွင်း သေဆုံးသူ ရာနဲ့ချီ ရှိနေပြီ လို့ ဒေသခံတွေကပြောပါတယ်။ RFA သတင်းထောက် ကိုကျော်သူက ဆက်ပြီး တင်ပြပေးမှာပါ။
2013-10-12
ကျော်မင်းထွန်း တင်ဆက်ထားပါတယ်၊
2013-10-12
ရန်ကုန် ရွှေပြည်သာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ အထည်ချုပ်စက်ရုံ (၂) ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ရရှိဖို့အတွက် စက်ရုံအသီးသီးရှေ့မှာ ဒီကနေ့ ဆန္ဒပြနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
2013-10-12
စစ်ကိုင်းတိုင်း မုံရွာခရိုင်က ကြေးနီစီမံကိန်းတွေရှိရာ လက်ပံတောင်းတောင်၊ စံပယ်တောင်နဲ့ ကြေးစင်တောင် အနီးတဝိုက်က ဒေသခံတွေ အလုပ်လက်မဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။RFA သတင်းထောက် ကိုကျော်သူက သတင်းပေးပို့ထားပါတယ်။
2013-10-12
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြိုတင်ပြင်ဆင်ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီတွေနဲ့ ဒီနေ့တွေဆုံပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-10-11
ပြီးခဲ့တဲ့ သြဂုတ်လက မြန်မာနိုင်ငံကို အသစ်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး မစ္စတာ Andrew Patrick ဟာ သူရဲ့ ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံ အလည်ပိုင်းမြို့တွေကို သွားရောက်ခဲ့ပြီး နိုင်ငံရေးပါတီတွေ၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-10-11
မြန်မာနိုင်ငံရဲ့ လက်ရှိ ပညာရေး စီမံခန့်ခွဲမှုဟာ ညံဖျင်းနေတယ်လို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ အမျိုးသားလွှတ်တော်အတွင်း ပညာရေးဆိုင်ရာ ဆွေးနွေးချက်နဲ့၊ ပညာရေး စနစ်အပေါ် လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ သုံးသပ်ချက်တွေကို RFA အဖွ့ဲသား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။