သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-09-02
သတင်းသမား ၆ ဦးအပါအဝင် ၈ ဦးအပေါ် စွဲဆိုထားတဲ့ အမှုတွေကို တပ်မတော်က ဒီကနေ့ ပြန် ရုပ်သိမ်းလိုက်ပါတယ်။
2017-09-01
လှိုင်သာယာမြို့နယ် စက်မှုဇုံ-၃ မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် DJY ခြေအိတ်စက်ရုံမှာ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားခေါင်းဆောင် အပါအဝင် အလုပ်သမား ၂ဝဝ ကျော် အလုပ်ထုတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား ၂ ရာလောက်က ဒီကနေ့ စက်ရုံရှေ့ကနေ လှိုင်သာယာ မြို့နယ် အားကစားကွင်းရှေ့အထိ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2017-08-31
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ နေရပ်စွန့် ခွာပြီး စစ်တွေမြို့ကို ရောက်ရှိလာသူ ၇ ရာ လောက် ရှိနေပါတယ်။ ရခိုင်ပြည်နယ်အစိုးရက ဒေသခံတွေ ရဲ့ လုံခြုံရေးအတွက် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေး ကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2017-08-31
ပွင့်လင်းမြန်မာ့ရှေ့ ဆောင် အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေးစာစောင်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဆိုင်ရာဥပဒေကို တတိအကြိမ်ပြင်ဆင်တဲ့ ဥပဒေ နဲ့ပတ်သက်ပြီး ဖော်ပြခဲ့တာကို ပွင့်လင်းမြန်မာ့ရှေ့ ဆောင် အဖွဲ့က မှားယွင်းဖော်ပြမိကြောင်း တောင်းပန်ပေးဖို့ နဲ့ မတောင်းပန်ရင် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
2017-08-31
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်မှာ.... ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးကို အေးအေးချမ်းချမ်း ဖြေရှင်းဖို့ကြိုးစားပေမယ့် မလွှဲမရှောင်သာတဲ့အတွက် အနည်းဆုံးအင်အားသုံးပြီး ဖြေရှင်းခဲ့တာလို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က RFA ကို ပြောပါတယ်။
2017-08-31
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့ အဆိုကို အမျိုးသား လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။
2017-08-31
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို ရှုတ်ချကြောင်းနဲ့ ရခိုင်ပြည်နယ် မောင်တောဒေသမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ရန်ကုန်မြို့ ဆူးလေဘုရားအနီးမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-08-31
ဗိုလ်ချုပ်နေဝင်းဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ အစိုးရလက်ထက်က ဖောက်ခွဲဖျက်ဆီး ခံခဲ့ရတဲ့ "ကျောင်းသားသမဂ္ဂ အဆောက်အဦး" ရှိခဲ့တဲ့နေရာမှာ ဘာမှ မဆောက်ဘဲ ဒီအတိုင်းဆက်ထားဖို့ ကျောင်းသားသမဂ္ဂ မျိုးဆက်တွေက ပြောလိုက်ပါတယ်။
2017-08-31
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီကနေ့မှာတော့… သံဃာ့လှုပ်ရှားမှုအတွင်း မေတ္တာပို့-လမ်းလျှောက်ရင်း အဖမ်းခံလိုက်ရတဲ့ အနုပညာရှင်- မဇ္ဈိမလှိုင်း ကိုရဲလွင်ရဲ့ အတွေ့အကြုံတွေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းထားတာကို ထုတ်လွှင့်ပေးမှာပါ။
2017-08-30
တွံတေးမြို့နယ် မငေးအလယ်ကျေးရွာက သာသနာ့ဝေပုလ္လကျောင်းတိုက်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေရဲ့အခေါင်းမှန်တွေကို ထိန်းသိမ်းထား သလို ရှေးဟောင်းပစ္စည်း အတော်များများကိုလည်း သိမ်းဆည်းထားတာတွေ့ရပါတယ်။
2017-08-30
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က နေပြည်တော် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ သြဂုတ်လ ၂၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ် ခဲ့ပါတယ်။
2017-08-30
ရခိုင်ပြည်နယ်က အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်း ဦးဆောင် ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ဟာ ရန်ကုန်မြို့မှာ ရှိတဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဗပာိုဌာန NRPC မှာ သံရုံးတွေက သံတမန်တွေနဲ့တွေ့ဆုံပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။
2017-08-30
အစိုးရတပ်မတော်နဲ့ KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့အကြား စစ်ရေး အခြေအနေတွေကြောင့် တရားမဝင် ရွှေနဲ့ ပယင်းမှော်တွေကို ရပ်နားထားရ တဲ့အတွက် အဲဒီမှော်တွေကို အားထားပြီး ရောင်းဝယ်နေကြတဲ့ တနိုင်းမြို့က ဈေးမှာ အရောင်းအဝယ်ကျဆင်းနေတယ်လို့ ဈေးသည်တွေက ပြောကြပါတယ်။
2017-08-30
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၁ဝ နှစ်ပြည့် အထူးအစီအစဉ်အဖြစ် ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဦးသူရ-ခေါ် သရုပ်ဆောင်ဇာဂနာရဲ့ အတွေ့အကြုံတွေ ခံစားချက်တွေ၊ သံဃာ့လှုပ်ရှားမှု အပြီး နိုင်ငံရေးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ အမြင်သဘောထားကို RFA သတင်းထောက် မဝေယံမိုးမြင့်က တွေ့ဆုံမေးမြန်း ထားပါတယ်။