ပွင့်လင်းမြန်မာ့ရှေ့ဆောင်နဲ့ လွှတ်တော်
2017.08.31
ပွင့်လင်းမြန်မာ့ရှေ့ ဆောင် အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ လွှတ်တော်စောင့်ကြည့်လေ့လာရေးစာစောင်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ခုံရုံးဆိုင်ရာဥပဒေကို တတိအကြိမ်ပြင်ဆင်တဲ့ ဥပဒေ နဲ့ပတ်သက်ပြီး ဖော်ပြခဲ့တာကို ပွင့်လင်းမြန်မာ့ရှေ့ ဆောင် အဖွဲ့က မှားယွင်းဖော်ပြမိကြောင်း တောင်းပန်ပေးဖို့ နဲ့ မတောင်းပန်ရင် ဥပဒေကြောင်းအရ အရေးယူမယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပွင့်လင်းမြန်မာ့ရှေ့ ဆောင်က တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့က ပြည်ထောင်စုလွှတ်တော်နာယက ဦးမန်းဝင်းခိုင်သန်း နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဘက်နားလည်မူရရှိခဲ့တယ်လို့ ဒီနေ့ ရန်ကုန်မြို့ ပွင့်လင်းမြန်မာ့ရှေ့ ဆောင်ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပွင့်လင်းမြန်မာ့ရှေ့ ဆောင် သုတေသနဒါရိုက်တာ ဦးထင်ကျော်အေးကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။