သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-03-22
မန္တလေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အမေဖြစ်သူအတွက် သောက်ရေခပ်ပေးဖို့ အိမ်အပြင်အထွက်မှာ အသက် ၁၅ နှစ်အရွယ် မောင်ထွန်းထွန်းအောင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးခဲ့ပါတယ်။
2021-03-22
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာ ဒီနေ့မနက်က ကားသပိတ်ဆန္ဒပြနေတာဖြစ်ပါတယ်။
2021-03-22
ရန်ကုန်မြို့ လှိုင်မြို့နယ်က ပြည်သူတွေဟာ ဒီနေ့မနက်မှာ မိုးပျံပူပေါင်းလွှတ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးကာ ဆန္ဒပြခဲ့ပါတယ်။
2021-03-20
အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ မြန်မာလူငယ်တွေစုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ကြောင်း မတ်လ ၂၀ ရက်နေ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ အမေရိကန်သမ္မတအနေနဲ့ မြန်မာနိုင်ငံ အကူအညီပေးဖို့၊ ကုလသမဂ္ဂ UN အနေနဲ့ “Responsibility to Protect (R2P)” လို့ခေါ်တဲ့ အပြစ်မဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးမူအတိုင်း လိုက်နာဆောင်ရွက်ဖို့ အဓိကထားတောင်းဆိုခဲ့ကြပါတယ်။
2021-03-20
ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ရပ်ထားတဲ့ကားအစီး ၄၈ စီးကို မတ် ၂၀ ရက်၊ ဒီနေ့မနက်မှာ စစ်ကောင်စီတပ်က ဘူဒိုဇာတွေနဲ့ လိုက်လံဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ တာမွေမြို့နယ် ကျောက်မြောင်း မြို့သစ် ၂ လမ်းမှာလည်း ဒီနေ့ နေ့လယ်က စစ်ကောင်စီတပ် ပစ်ခတ်တာကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
2021-03-19
လက်ရှိ ရန်ကုန်တမြို့လုံးမှာ အိမ်တွေထဲထိ ဝင်ပြီး စစ်တပ်နဲ့ ရဲတွေက အမျိုးသားတွေတင်သာမက အမျိုးသမီးတွေကိုပါ အကြမ်းဖက် ဖမ်းဆီးတာတွေရှိနေပြီး လမ်းမပေါ်မှာ ပိတ်ဆို့ကာရံထားတဲ့ သဲအိတ်တွေကို အတင်းအဓမ္မ ဖယ်ရှားဖို့ စေခိုင်းနေတယ်လို့ ဒေသခံတွေက RFAကို ပြောပါတယ်။
2021-03-19
မန္တလေး အောင်မြေသာစံမြို့နယ်၊ အုပ်စက်ရပ်ကွက်ထဲက လူငယ်တစ်ဦး မတ်လ ၁၈ ရက်နေ့ ၈ နာရီကျော်မှာ သေနတ်ကျည် ထိမှန်သေဆုံးခဲ့ပါတယ်။ သေဆုံးသူကတော့ အသက် ၂၃ နှစ်အရွယ် ကိုသီဟဖြိုး ပန်းရန် အလုပ်လုပ်သူ ဖြစ်ပါတယ်။
2021-03-19
ရန်ကုန်မှာ စစ်ကောင်စီတပ်သားတွေ ရပ်ကွက်တွေထဲ သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေတဲ့ ဗီဒီယိုမှတ်တမ်း ဖြစ်ပါတယ်။
2021-03-19
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မတ်လ ၁၇ ရက်နေ့ညနေပိုင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်အကြမ်းဖက်တာကြောင့် သေဆုံးခဲ့တဲ့ အသက် ၂၀ အရွယ် ချင်းလူငယ် မောင်ဒိုဆွမ်းကိမ်ကို ဇာတိဖြစ်တဲ့ တီးတိန်မြို့နယ် ထေးဇန်ကျေးရွာမှာ ဒီနေ့ မတ်လ ၁၉ ရက်နေ့ (၃)နာရီမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။
2021-03-18
ဆန္ဒပြတဲ့သူတွေကို စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်သတ်ဖြတ်နေပေမယ့် မန္တလေးမြို့မှာတော့ မတ်လ ၁၈ ရက် ဒီကနေ့ အထိဆန္ဒပြမှုတွေဆက်ရှိနေပါတယ်။
2021-03-17
မြန်မာနိုင်ငံကလမ်းတွေပေါ်မှာ ဒူးထောက်ပြီးတော့ အကြမ်းဖက်မှုတွေရပ်ဖို့ ပန်ကြားလိုပါတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က ဒီကနေ့ မိန့်ကြားလိုက်ပါတယ်။
2021-03-16
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်တံတားအနီး ဒီကနေ့ မတ်လ ၁၆ ရက် ည ၉ နာရီခွဲလောက်က ပစ်ခတ်နေတဲ့ ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်။
2021-03-16
ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဘုရင့်နောင်လမ်းဆုံ သမိုင်းဂုံးကျော်တံတားပေါ်က မတ်လ ၁၆ ရက် ဒီကနေ့ ညနေ ၆ နာရီလောက်က မြင်ကွင်းဖြစ်ပါတယ်။
2021-03-16
ကမ္ဘာ့အမွေအနှစ် စာရင်းဝင် မန္တလေးတိုင်း၊ ပုဂံဒေသနဲ့ ညောင်ဦးမြို့နယ်မှာ ပြည်သူ့ဝန်ထမ်း ၂၇၀၀ နီးပါးရှိတဲ့အထဲက ၂၂၀၀ ဝန်းကျင်ဟာ စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်နေပြီဖြစ်ပါတယ်။ CDM လုပ်တဲ့ အရေအတွက်ဟာ အဲဒီဒေသက ဝန်ထမ်း ၈၀ ရာခိုင်နှုန်းကျော်ရှိနေတာပါ။
2021-03-15
စစ်အာဏာရှင်တွေ ဆန့်ကျင်ကန့်ကွက်ကြောင်း ဧရာဝတီတိုင်း၊ ကြံခင်းမြို့ပေါ် ဘုန်းကြီးကျောင်း တစ်ကျောင်းက သံဃာတွေ၊ ကိုရင်တွေ ဒီကနေ့ မတ်လ ၁၅ ရက်နေ့ ညပိုင်းမှာ သံပုံးတီးနေကြတဲ့ မြင်ကွင်းဖြစ်ပါတယ်။