သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-18
ရန်ကုန်မြို့မှာ ပစ္စည်းအဟောင်းတွေ၊ အသုံးမလိုတော့တဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ရောင်းချတဲ့ ဈေးကွက်ဟာ နှစ်အတော်ကြာကြာကတည်းက ရှိခဲ့တဲ့ဈေးကွက်တခု ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်း က တင်ပြထားပါတယ်။
2014-06-17
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လှိုင်သာယာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ "အမေ့အိမ်" ပညာဒါနကျောင်းကို ဒီနေ့မနက်က သွားရောက်ပြီး အဲဒီကျောင်းမှာ ပညာ သင်ကြားနေတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံ စကားပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-06-17
အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တဲ့ PR (ခေါ်) အချိုးကျကိုယ်စားပြုစနစ်ကို လေ့လာ သုံးသပ်ပြီး အစီရင်ခံဖို့အတွက် အဖွဲ့ဝင် ၁၅ ဦးပါ ကော်မရှင်တရပ် ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီကိုယ်စားလှယ် ၅ ဦး နှုတ်ထွက်လိုက်တဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တချို့ရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူက စုစည်းတင်ပြ ထားပါတယ်။
2014-06-17
ရခိုင်အမျိုးသားပါတီ ANP အပါအဝင် နိုင်ငံရေးပါတီ ၄ ခုက ကိုယ်စားလှယ်တွေဟာ တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံခြားဆက်ဆံရေးဌာနရဲ့ ဖိတ်ကြားချက်နဲ့ ဇွန်လ ၁၆ ရက် မနေ့က တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။ ဒီခရီးစဉ်မှာ အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါသွားတဲ့ ရခိုင်အမျိုးသားပါတီ ANP ဥက္ကဋ္ဌ ဦးအေးသာအောင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တွေ့ဆုံေ မးမြန်းထားပါတယ်။
2014-06-17
ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေ ကို ငွေကြေးနဲ့ပစ္စည်းတွေ သွားရောက် လှူဒါန်း ခဲ့တဲ့ ဂီတအဖွဲ့အစည်းတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
2014-06-16
မကွေးတိုင်း မကွေးမြို့နယ်အတွင်းမှာ ရှိတဲ့ ကျေးရွာတွေက တောင်သူတွေဟာ အစိုးရက သိမ်းယူသွားတဲ့ယာမြေတွေ ပြန်လည်ရရှိရေး အတွက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2014-06-16
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ပူးပေါင်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဇွန်လ ၁၄ ရက်၊ စနေနေ့က ဟောပြောခဲ့ကြပါတယ်။ FA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-06-16
အစိုးရက ရေးဆွဲထားတဲ့ ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းဟာ အဓိက ဘာသာကြီးလေးခုရဲ့ ဆိုဆုံးမချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ဘာသာရေးခေါင်းဆောင်တွေက ပြောပါတယ်။
2014-06-16
လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၉ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် "စုအတွက်" လို့ အမည်ရတဲ့ ပန်းချီပြပွဲကို ရန်ကုန်မြို့ ၃၅ လမ်းက River Ayeyarwaddy ပြခန်းမှာ ဇွန်လ ၁၄ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တပတ်ကြာ ပြသနေပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-06-14
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ မှတ်မှတ်သားသား အစီအစဉ်ဖြစ်ပါတယ်။
2014-06-14
ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို အခုလ နောက်ဆုံးပတ်မှာ စပြီး အကောင်အထည်ဖော်တော့မယ်လို့ လူဝန်မှှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက ဒီကနေ့ ပြောလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြ ထားပါတယ်။
2014-06-14
ရန်ကုန်မြို့က လမ်းပေါ်တွေမှာ ဈေးရောင်းနေကြတဲ့ ကလေးသူငယ်တွေကို စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့တွေက စာသင်ပေးနေကြသလို တစ်ချို့လူငယ် အဖွဲ့တွေကလည်း စိတ်ပိုင်းဆိုင်ရာ အားပေးနေကြပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-06-14
ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်(ဇ) မြောက်ရပ်ကွက်က နေအိမ် အလုံး ၆၀ ကျော်ကို ဖျက်သိမ်းဖို့ ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော် ဒီနေ့ သွားရောက်ခဲ့ပါတယ်။ အဲ့ဒီမြေနေရာမှာ နေထိုင်သူတွေနဲ့ ရဲတပ်ဖွဲ့တွေ အကြားအခြေအနေတင်းမာခဲ့ပြီး တစ်နာရီကျော်ကြာ ညှိနှှိုင်းခဲ့ကြပါတယ်။ RFA သတင်းထောက် မဝေမာထွန်း တင်ပြထားပါတယ်။
2014-06-13
သောကြာနေ့က ရန်ကုန်မြို့မှာ မိုးအကြီးအကျယ်ရွာသွန်းခဲ့တဲ့အတွက် လမ်းတွေရေမြုပ်နေစဉ်
2014-06-12
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းမယ့်ကိစ္စကို ကန့်ကွက်နေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် မဝေယံမိုးမြင့်က တင်ပြထားပါတယ်။