သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-08-15
ရခိုင်ပြည်နယ် မောင်တောကျေးရွာက မြိုတိုင်းရင်းသားတွေ အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုး ပါတီနဲ့ နိုင်ငံရေးပါတီ ၂၀ စုပေါင်း ကြေညာချက်တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ရန်ကုန်မြို့ သံလွင်လမ်း မှာရှိတဲ့ ပြည်ခိုင်ဖြိုးပါတီရုံးမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
2017-08-15
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနဲ့ ရသေ့တောင်မြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် မှုတွေအပေါ် အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေက စစ်တွေမြို့က ဆရာတော်ကြီး ၁၁ ပါးကို ဒီနေ့မနက်ပိုင်း က တွေ့ဆုံလျှောက်ထားခဲ့ပါတယ်။
2017-08-12
သြဂုတ်လ ၅ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "H1N1 အကြောင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဒေါက်တာသန်းစိန် (ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်း) ၊ ဒေါက်တာဝင်းလွင် (ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး) တို့က ပင်တိုင် ဆွေးနွေးမှာ ဖြစ် ပါတယ်။
2017-08-12
မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှု ဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲကို နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၂ မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2017-08-12
ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ရန်ကုန်မြို့ ရွှေလီလမ်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ပြုလုပ်တဲ့ နှစ်ရက်ကြာ ဆွေးနွေးပွဲအပြီးမှာ UNFC ဘက်က တောင်းဆိုထားတဲ့ အချက် ၈ ချက်ထဲက ၄ ချက်ကို သဘောတူညီ လိုက်ပါတယ်။
2017-08-12
မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇/၁ နဲ့တရားစွဲဆိုတာ ခံထားရတဲ့သတင်းသမား သုံးဦးအပါအဝင် ၆ဦးကို ဒီကနေ့သီပေါမြို့နယ်တရားရုံးမှာ ငါးကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2017-08-12
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-08-12
မကွေးတိုင်း ဂန့်ဂေါမြို့နယ်အတွင်းမှာ စစ်တပ်က သိမ်းယူပြီး ပို့လျှံမြေ တွေ ကို ပြန်စွန့်လွှတ်ရာမှာ မူလပိုင်ရှင် တောင် သူတွေက အကုန်မရကြဘူးလို့ သိရပါတယ်။
2017-08-10
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော် ကိုယ်စားလှယ်တွေဟာ နေပြည်တော်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ မနေ့က တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
2017-08-10
ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ နမ့်ဆန်မြို့နယ်ထဲမှာ အခုလ ၈ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့တအာင်းပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ရဲ့ တိုက်ပွဲကြောင့် နမ့်ဆန်မြို့နယ် ခေးခင် ကျေးရွာအုပ်စု အောက်မန်ဝဲရွာက ဒေသခံ ရွာသားတွေဟာ နမ္မတူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေကြပါတယ်။
2017-08-10
မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်လောက်ကနေ ၂၀၀၅ ခုနှစ်အထိကာလဟာ ကလေးစစ်သားစုဆောင်ခံရမှု အများဆုံးလို့ ပြောကြပါတယ်။ အခုအခါမှာတော့ တပ်မတော်က မိဘတွေထံ ပြန်အပ်နံှတဲ့ ကလေးစစ်သား အရေအတွက်ဟာ ၂၀၀၄ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် ဇူလိုင်လအထိ ၁၃ နှစ်တာ ကာလအတွင်း ၁၄၀၀ လောက် ရှိသွားပြီလို့ သိရပါတယ်။
2017-08-10
အမျိုးသားလွှတ်တော်မှာ မကြာသေးခင်က အတည်ပြုထားတဲ့ ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်သူ့လွှတ်တော်မှာ ဥပဒေကြမ်းကေ်ာမတီဥက္ကဌ ဦးထွန်းထွန်းဟိန်က ဒီကနေ့ တင်သွင်းပါတယ်။
2017-08-10
ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ လှုပ်ရှားနေတဲ့ အကြမ်း ဖက်အဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့နဲ့ နေရပ် စွန့်ခွာထွက်ပြေးလာတဲ့ တိုင်းရင်းသားတွေ ရဲ့ ကျေးရွာတွေ ဆက်လက်ရပ်တည်နိုင်ရေး ဆောင် ရွက်ပေးဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ အမျိုးသား လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။
2017-08-10
မန္တလေးမှာ ပြုလုပ်ခဲ့တဲ့ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ဦးဆောင်ခဲ့တဲ့ သံဃာ ၆ ပါးနဲ့ လူပုဂ္ဂိုလ် တဦးကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။ သူတို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅- ခ နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီး တိန်းရှောင်နေတဲ့ သံဃာ ၂ ပါးနဲ့ လူပုဂ္ဂိုလ် ၄ ဦးကို ဆက်လက် ရှာဖွေဖမ်းဆီးဖို့ကိုလည်း တရားရုံးက အမိန့်ချမှတ် ခဲ့ပါတယ်။
2017-08-10
အစိုးရသစ် လက်ထက် တစ်နှစ်ကျော်ကာလအတွင်း စီးပွားရေးအခြေအနေတွေဟာ အကျဘက်ကို ရောက်နေပေမယ့် အရမ်းဆိုးဝါးတဲ့ အခြေအနေမဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေကနေ သုံးသပ်ကြပါတယ်။ RFA သတင်းထောက် မဇာဏီထွဏ်းက စုစည်းတင်ပြထားပါတယ်။