သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-10-15
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မဲဆန္ဒနယ်ဟာ ကျားခေါင်း-ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျားဖြူ-ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ အားကောင်းတဲ့နေရာလို့ ပြောကြပါတယ်။
2015-10-15
KNCD- ကချင်အမျိုးသားများ ဒီမိုကရေစီ ကွန်ဂရက်ပါတီဟာ မြစ်ကြီးနားမြို့ မနောအားကစားကွင်းမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောခဲ့ပါတယ်။
2015-10-15
ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံလူထု မိတ်ဆက်တဲ့ အခမ်းအနားကို လားရှိုးမြို့ မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2015-10-15
အခုဆက်ပြီး တွေ့ဆုံမေးမြန်းချက်တစ်ခုကို ထုတ်လွှင့်ပေးမှာပါ။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေနဲ့ပတ်သက်ပြီး ရှေ့နေဦးကိုနီ ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2015-10-15
နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေထဲက ပါတီတွေနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ်ကို RFA က ထုတ်လွှင့်ပေးနေပါတယ်။အခု ထုတ်လွှင့်ပေးမှာကတော့ ရခိုင်အမျိုးသားပါတီနဲ့ မိတ်ဆက်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။
2015-10-14
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့အတွက် နိုင် ငံရေးပါတီ ၇ ပါတီနဲ့ အောက်တိုဘာလ ၁၃ရက်နေ့ က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-10-14
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးဟာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့မှာ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ဒေသခံတွေကို မိတ်ဆက်ပေးခဲ့ပြီး ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဟောပြောခဲ့ပါတယ်။
2015-10-14
ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်၊ ဝိန်းလိုင်ကျေးရွာမှာ SNLD- ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲနဲ့ မဲဆွယ်စည်းရုံးပွဲ ကျင်းပခဲ့ပါတယ်။
2015-10-14
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်ကျေးရွာမှာ ၈၈ မျိုးဆက်အဖွဲ့ခေါင်းဆောင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တို့ ပူးတွဲပြီး၊ NLD ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ မဲဘယ်လို ပေးရမယ်ဆိုတဲ့ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-10-14
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်ရဲ့ အလှည့်ကျဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး တနှစ် တာဝန်ယူထားပြီ ဖြစ်ပါတယ်။
2015-10-14
နိုဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ရက်ရွှေ့ဆိုင်းမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဟံသာမြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက တေ့ွဆုံမေးမြန်းထားပါတယ်။
2015-10-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ အောက်တိုဘာလ ၁ဝ ရက်၊ စနေနေ့က ရန်ကုန်တိုင်း မှော်ဘီနဲ့ တိုက်ကြီးမြို့နယ် မှာ မဲဆွယ် စည်းရုံးဟောပြောခဲ့ပါတယ်။
2015-10-13
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲ ပြုလုပ် ခဲ့ရာမှာ NLD နာယကဦးတင်ဦး ၊ ၈၈ မျိုးဆက်အဖွဲ့က ဦးမင်းကိုနိုင်နဲ့၊ ဦးကိုကိုကြီးတို့ ဟောပြောခဲ့ကြပါတယ်။
2015-10-13
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ လျှပ်စစ်မီးရရှိအောင် အစိုးရက လုပ်ဆောင်ပေးတာဖြစ်ပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက် မဲဆွယ်စည်းရုံးတာ မဟုတ်ဘူး လို့ ချောင်းဆုံမြို့ကို ရောက်လာတဲ့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။
2015-10-13
နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စတုဒီသာကျွေးမွေးပွဲ ပြုလုပ်ခဲ့ရာမှာ ပါတီပူးတွဲဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်ခဲ့ပါတယ်။