သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-10
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ "တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ" အပါအဝင် လွှတ်တော်ကော်မတီ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေနဲ့ ပြီးခဲ့တဲ့ စနေနေ့က တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် မဇင်မာဝင်းက တင်ပြထားပါတယ်။
2013-09-10
စက်တင်ဘာလ ၉ ရက် ဒီနေ့ကျရောက်တဲ့ ၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားတွေကို ရန်ကုန်မြို့နဲ့ ရခိုင်ပြည်နယ် အနှံ့အပြားမှာ ကျင်းပခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက စုစည်း တင်ပြထားပါတယ်။
2013-09-09
ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ခဲ့ပြီး ၅နှစ်ကြာခဲ့သည်အထိ မြန်မာနိုင်ငံရဲ့ မြစ်ဝကျွန်းပေါ်ဟာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူတွေကို အရင်အတိုင်း ဆင်းရဲတွင်းနက်အောင်ပြုလုပ်သလိုဖြစ်နေတဲ့ မတရားမြေယာသိမ်းဆည်းမှု တွေ ကျန်းမာရေးစောင့်ရှောက်မှုအားနည်းချက်တွေနဲ့အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင် ဖို့ ရုန်းကန်နေရဆဲဖြစ်ပါတယ်။
2013-09-07
ကရင်ပြည်နယ် ဘားအံမြို့က ဘောလုံးကွင်းနေရာမှာ ဟိုတယ်တည်ဆောက်မယ့် စီမံကိန်းကြောင်း မြို့ခံတွေက ကန့်ကွက်နေကြတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ရပ်ကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-09-07
ရန်ကုန်၊ ဗဟန်းမြို့နယ်က မြေနီကုန်းဈေးကို အဆင့်မြင့်ဈေးတည်ဆောက်ဖို့ဆိုပြီး ပြောင်းရွှေ့လိုက်တာနဲ့ ပတ်သက်လို့ မြေနီကုန်းဈေးဟောင်းက ဈေးသူဈေးသားတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-07
စက်တင်ဘာလ ၉ ရက်နေ့မှာကျရောက်တဲ့ ဆရာတော်ဦးဥတ္တမ ပျံလွန်တော်မူခဲ့တဲ့ ၇၄ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားတွေကို ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးမှာကျင်းပဖို့ စီစဉ်နေကြပါတယ်။ ဒီအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2013-09-07
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ ကျနော်တို့ ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-09-07
မလေးရှားနိုင်ငံအခြေစိုက် တရားမျှတမှုဆိုင်ရာ နိုင်ငံတကာလှုပ်ရှားမှု JUST အဖွဲ့ရဲ့ ဥက္ကဋ္ဌ Chandra Muzaffar ဟာ မနေ့က မန္တလေးမြို့မှာ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-06
မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာအရ ဘာသာရေးပွဲတွေမှာ မပါမဖြစ်အသုံးပြုကြတဲ့ ပစ္စည်းတစ်မျိုးကတော့ "ရွှေထီး" ဖြစ်ပါတယ်။ မန္တလေးမြို့က ရွှေထီးလုပ်ငန်းတွေရဲ့ အခြေအနေကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-09-06
အစိုးရသစ်တက်လာပြီးနောက်ပိုင်း လူ့အခွင့်အရေးအတွက် လှုပ်ရှားဆန္ဒပြသူတွေကို "စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၁၈)" နဲ့ ဖမ်းဆီးအရေးယူတာတွေ များလာနေပါတယ်။ ဒါ့ကြောင့် ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့ တောင်းဆိုတာတွေလည်း ပိုမိုများပြားလာနေပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုနေမျိုးထွန်းက စုစည်းတင်ပြထားပါတယ်။
2013-09-05
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ်မှာ ပြုလုပ်ခဲ့တဲ့ ရခိုင်တိုင်းရင်းသားများ ညီလာခံကို တက်ရောက်ခဲ့ပါတယ်။ ဒေါက်တာအေးမောင်ကို ဝါရှင်တန်ဒီစီမှာရှိတဲ့ RFA ရုံးချုပ်မှာ ကျနော်တို့ ဝိုင်းတော်သား ကိုနေရိန်ကျော်က တွေ့ဆုံမေးမြန်းထားပါတယ်။ အခု ပထမပိုင်းကို ထုတ်လွှင့်ပေးလိုက်ပါတယ်။
2013-09-05
ရခိုင်လူမျိုးတွေရဲ့ အမှတ်လက္ခဏာတစ်ခုဖြစ်တဲ့ ရိုးရာယက်ကန်းလုပ်ငန်းကို ကျေးလက်ဒေသတွေမှာ အိမ်တွင်းစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ အရင်ကလုပ်ကိုင်ခဲ့ကြပေမယ့် ခုအခါမှာတော့ တဖြည်းဖြည်း ပျောက်ကွယ်လာနေပြီလို့ သိရပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-05
ထိုင်း - မြန်မာနယ်စပ် ချင်းမိုင်ခရိုင်၊ ဝမ်ဟင်မြို့နယ်က ကုန်းကျော် ရှမ်းဒုက္ခသည်စခန်းကို မြန်မာနိုင်ငံဘက်မှာ ပြန်လည်နေရာချထားဖို့ ကမ်းလှမ်းရာမှာ ဒုက္ခသည်တွေက ငြင်းဆန်နေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်မျိုးထွန်းက တင်ပြထားပါတယ်။
2013-09-05
သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ သက်တမ်း ၂ နှစ်ခွဲကျော် ကာလအတွင်း အပြောင်းအလဲတွေ အများအပြားရှိခဲ့ပေမယ့် အဲဒီအပြောင်းအလဲတွေက အခြေခံလူတန်းစားတွေအပေါ် သက်ရောက်မှုရှိမရှိဆိုတာကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-09-04
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကရှိခဲ့တဲ့ ကျောက်သင်ပုန်းလုပ်ငန်းဟာ တဖြည်းဖြည်း ပျောက်ကွယ်လုနီးပါး ဖြစ်လာနေပါတယ်။ အပြည့်အစုံကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။