သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-07-15
နေပြည်တော်ကောင်စီနယ်မြေ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2019-07-14
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisodom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ ခေါ်တဲ့ ကလေးငယ်လေး သက်ငယ်မုဒိန်းမှု ကျူးလွန်ခံရတဲ့အတွက် တရားမျှတမှုရရှိရေး ဆန္ဒထုတ်ဖော်ပွဲကို လားရှိုးမြို့မှာ ဒီနေ့ မနက်ကပြုလုပ်ခဲ့ပါတယ်။
2019-07-14
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းက Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် သုံးနှစ် နီးပါးအရွယ် Victoria လို့ ခေါ်တဲ့ ကျောင်းသူလေး လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် မကွေးမြို့မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
2019-07-14
ချင်းပြည်နယ် ပလက်ဝမြို့မှာဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော် နဲ့ AA တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ပေးရေး နဲ့ AA က ဖမ်းဆီးထားတဲ့ ချင်းတိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်ရောက် ချင်းတိုင်းရင်းသား ၁၀၀ နီးပါး ဟာ ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-07-14
နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ် ၁၁ လအရွယ် ကျောင်းသူကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် တရားမျှတမှုရရှိစေဖို့ လယ်ဝေးမြို့ပေါ်မှာ ဒီနေ့ လူဦးရေ ၅၀၀ ခန့် လှည့်လည်ဆန္ဒပြခဲ့ပါတယ်။
2019-07-13
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ အားပေးမှုတွေ နည်းပါးနေပြီး မြန်မာနဲ့အမေရိကန် ဆက်ဆံရေးအခြေအနေဟာလည်း အားလျော့လာနေတယ်လို့ ဝါရှင်တန် အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ Hunter Marston က ပြောလိုက်ပါတယ်။
2019-07-13
တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာတွေကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရလိမ့်မယ်လို့ နည်းပညာသမား ဦးရဲမြတ်သူက ပြောလိုက်ပါတယ်။
2019-07-12
ရခိုင့်တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို အစိုးရက တရားခံပြေးအဖြစ် ဖမ်းဝရမ်းထုတ်ထားသလို၊ ပြည်တွင်းပြည်ပမှာရှိတဲ့ သူတို့နဲ့ပတ်သက်တဲ့ ဆွေမျိုးသားချင်းတွေကို ဖမ်းဆီးအရေးယူတာတွေ တွေ့လာရပါတယ်။
2019-07-12
မြန်မာနိုင်ငံမှာ အခုလကစပြီး အစိုးရက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံတော့မှာပါ။ မီတာခတွေ ဈေးတက်လိုက်ပေမယ့် လျှပ်စစ်မီး သုံးစွဲသူတွေအတွက် သေချာတဲ့ အာမခံချက်တွေ ပေးတာ မရှိလို့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
2019-07-12
တရုတ်နိုင်ငံသားတွေအများဆုံး ဝယ်ယူနေတဲ့ မြန်မာ့ကျောက်မျက်ဈေးကွက်မှာ အင်တာနက် အွန်လိုင်းကတဆင့် တိုက်ရိုက် အရောင်းအဝယ် လုပ်တာတွေ များလာတာကြောင့် မြန်မာနိုင်ငံဘက်က ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ မရဘဲဖြစ်နေပါတယ်။
2019-07-12
Victoria အတွက် မိသားစုကိုယ်စား အမှုမှန်ပေါ်အောင် ကူညီပေးနေတဲ့ ဒေါက်တာ ဝင်းကိုကိုသိန်းက အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၃၄ (ဃ) နဲ့အမှုဖွင့်ခံထားရပါတယ်။
2019-07-11
၂ဝ၁၉ ခုနှစ်အတွင်း စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ အဲဒီမတိုင်ခင် ရှမ်းပြည်နယ်မှာ မကျင်းပရသေးတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့ သဘောတူညီခဲ့တယ်လို့ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ၊ ရှမ်းပြည်တပ်မတော် RCSS/SSA က ဗိုလ်ချုပ် ဘောင်ခေး က ပြောပါတယ်။
2019-07-11
ဒီတပတ်မှာတော့ ထိုင်းနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့က RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-07-10
မြန်မာအမျိုးသမီးတွေကို ငွေကြေးအမြောက်အမြားနဲ့ လက်ထပ်ဖို့ တင်တောင်းပြီး တရုတ်ပြည်ဘက် လူကုန်ကူးတာတွေ ပိုများလာတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနရဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။
2019-07-10
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတဲ့ Victoria လေးအတွက် အမှုမှန်ပေါ်အောင် ကူညီပေးနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင် ဒေါက်တာ ဝင်းကိုကိုသိန်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ပါတယ်။