Victoria အမှု ပထမဆုံးအကြိမ် ရုံးထုတ်


2019.07.15

 

နေပြည်တော်ကောင်စီနယ်မြေ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက Victoria လို့ အမည်ပေးထားတဲ့ အသက် ၂ နှစ်နဲ့ ၁၁ လအရွယ် ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့ အမှုအတွက် ဒက္ခိဏခရိုင် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

နောက်ရုံးချိန်းကို ဇူလိုင် ၂၄ ရက်နေ့ကို ချိန်းဆိုလိုက်ပြီး ကလေးငယ်ကို ဖိအားမဖြစ်စေဖို့ တရားရုံးမှာ video conferencing ကို အသုံးပြုပြီး ဗီဒီယိုနဲ့သာ သီးသန့် စစ်ဆေးသွားမယ်လို့ သိရပါတယ်။

RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။