သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-20
ဒီကနေ့ ကျရောက်တဲ့ နှစ် ၇ဝ ပြည့် အာဇာနည်နေ့နဲ့ ပတ်သက်ပြီး နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ကျောင်းသားလူငယ်တွေရဲ့ ခံစားချက် ပြောစကားတွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်းက စုစည်းတင်ပြထားပါတယ်။
2017-07-19
အစိုးရအဖွဲ့ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်းနဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေတို့ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာပါ အကြုံပြုချက်တွေနဲ့ ပတ်သက်ပြီး ပြည်ပသံတ မန်တွေကို ဒီကနေ့ ရှင်းလင်းခဲ့ပါတယ်။
2017-07-19
ရခိုင်ပြည်နယ်အတွင်းက နယ်မြေတည်ငြိမ်မှုမရှိတဲ့ မောင်တောမြို့နယ်ထဲမှာ ဒေသခံမွတ်စလင်တွေ ဟာ လက်နက်ကိုင်တွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာ၊ သတ်ဖြတ်ခံရမှာ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
2017-07-19
မွန်ပြည်နယ် ကျိုက်ထိုမြို့လယ်မှာရှိတဲ့ အရင် အာဇာနည်ကျောက်တိုင်ဟောင်းနေရာမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုအပါအဝင် အာဇာနည် ကိုးဦးရုပ်တုတွေနဲ့ အာဇာနည်ရင်ပြင်ကို ဇူလိုင်လ ၁၈ ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။
2017-07-19
ဧရာဝတီ မြစ်ရေ မြင့်တက်နေတဲ့အတွက် မကွေးတိုင်း မင်းဘူး-စကု မြို့နယ်ထဲက ကျေးရွားတချို့က စာသင်ကျောင်းတွေ ပိတ်ထားရသလို၊ ကိုင်းကျွန်း လုပ်ကိုင်တဲ့ ဒေသခံတွေ အခက်အခဲတွေနဲ့ ကြုံတွေ့ နေရပါတယ်။
2017-07-19
အလှမွေးဖို့နဲ့ဘာသာရေး အယူအဆတွေမှာ အသုံးပြုနိုင်ဖို့အတွက် ပြည်ပနိုင်ငံတွေကနေ တရားမဝင် တင်သွင်းလာတဲ့ လိပ်ပါးနီတွေ အသုံးပြုတာ များလာနေပါတယ်။
2017-07-18
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ Protocol အရ ညွှန်ကြားရေးမှူးချုပ် အဆင့်ပဲ ရှိတယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခဲ့ တာဟာ ဥပဒေအရ မမှားပေမယ့်၊ အချိန်အခါအရ မပြောသင့်တဲ့အချိန် ဖြစ်နေတဲ့အတွက် ပါတီက ညွှန် ကြားချက်ထုတ်ပြန်ပြီး သတိပေးလိုက်တာလို့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
2017-07-18
မန္တလေးမြို့မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ မြေသိမ်းခံလယ်သမား ကိုယ်စားလှယ်တွေကို မန္တလေးတိုင်း လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်း ခံရမှု ပြန်လည်စိစစ်ရေးကော်မတီမှာ ထည့်သွင်း ဖွဲ့စည်းပေးဖို့ တိုင်းအစိုးရအဖွဲ့နဲ့ လယ်သမားကိုယ်စားလှယ်တွေ ဇူလိုင်လ ၁၇ ရက်နေ့က ဒုတိယ အကြိမ် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှု ရခဲ့ပါတယ်။
2017-07-18
ရန်ကုန်တိုင်းအတွင်းက တက္ကသိုလ်ဝင်တန်းအောင်တဲ့ ကျောင်းသူကျောင်းသားတွေ အနေနဲ့ တက္ကသိုလ်ဆက်တက်မယ် ဆိုရင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းနဲ့၊ သန်လျင် မှော်ဘီ အစရှိတဲ့ တက္ကသိုလ်တွေကို သွားရောက်ကြ ရပါတယ်။
2017-07-15
တရားခွင်မှာ တရားသူကြီးကို ဖိနပ်နဲ့ပစ်ပေါက်ခဲ့ တဲ့ ရှေ့နေဦးဇော်ဝင်းကို မတ္တရာမြို့နယ်တရားရုံးမှာ ဒီကနေ့ သုံးကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။
2017-07-15
ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်သတင်းယူနေကြတဲ့ ပြည်ပ သတင်းမီဒီသမားတွေဟာ အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ ဘူးသီးတောင်မြို့နယ် တောင်ဘဇာ၊ တင်းမေ၊ မောင်နှမ၊ ယင်းမာကျောင်းတောင်... စတဲ့ကျေးရွာတွေ ကို မနေ့က သွားရောက်ခဲ့ကြပါတယ်။
2017-07-15
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ ဇူလိုင်လ ၁၄ရက်နေ့က တွေ့ဆုံပြီး မြန်မာနိုင်ငံက လက်ရှိအကျဉ်းထောင်တွေ ရဲ့ အခြေအနေ၊ မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေရဲ့ အခြေအနေတွေကို မေးမြန်း ခဲ့ပါတယ်။
2017-07-15
ဒီမိုကရေစီစနစ်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟာ ညွှန်ကြားရေး မှူးချုပ် အဆင့်ပဲ ရှိတယ် ဆိုတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး အရေးယူပေးဖို့ တပ်မတော်ဘက်က အစိုးရကို တိုင်ကြားထား ပါတယ်။
2017-07-15
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2017-07-15
မကွေးတိုင်းအတွင်းက ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ မင်းဘူးမြို့နယ်ထဲက ကျေးရွာ အတော်များများ မှာ ရေလွှမ်းမိုးတဲ့ဒဏ် ခံနေရပါတယ်။