သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-21
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲနေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ "ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့" ဥက္ကဋ္ဌ ဦးမြင့်ဆွေကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံ မေးမြန်းထားပါတယ်။
2013-08-21
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့အတွက် အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် ဒီဥပဒေမူကြမ်းရဲ့ အားနည်းချက်၊ အားသာ ချက်တွေကို ပြင်ဆင်ဖို့အတွက် ဒီနေ့ ရန်ကုန်မြို့ YMCA အဆောက်အဦးမှာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-20
နေပြည်တော်၊ ပျဉ်းမနားမြို့ သကြားစက်ရုံအမှတ် (၂) နဲ့ (၃) က စက်ရုံအလုပ်သမားတွေဟာ လုပ်ခလစာ တိုးမြှင့်ပေးရေးအတွက် ရန်ကုန်မြို့ ၈၈ မျိုးဆက်အဖွဲ့ရုံးမှာ သြဂုတ်လ ၁၇ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-08-20
မန္တလေး တောင်ပြုံးပွဲတော်ကို ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ်ကျင်းပသလို အောက်မြန်မာပြည် သထုံမြို့မှာလည်း အောက်တောင်ပြုန်းပွဲတော်ကို ကျင်းပနေပါတယ်။RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-20
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ စစ်ကိုင်းတောင်ရိုး၊ ဗုဒ္ဓဘာသာ ပညာရေးစင်တာရဲ့ နာယကဆရာတော် အရှင်သုန္ဒရကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-20
မြန်မာနိုင်ငံတစ်ဝှမ်းက တောင်သူလယ်သမားတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ အခက်အခဲတွေ၊ နစ်နာဆုံးရှုံးမှုတွေကို ဖော်ထုတ်ပြီး လွှတ်တော်နဲ့ အစိုးရတာဝန်ရှိသူတွေကို တင်ပြဖို့အတွက် လယ်သမား ညီလာခံတစ်ခုကို ရန်ကုန်မြို့က ၈၈ မျိုးဆက်အဖွဲ့ရုံးမှာ ဒီကနေ့စပြီး ကျင်းပနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-08-17
ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝက ရေးသားခဲ့တဲ့ ပါဠိဘာသာ လက်ရေးမူစာအုပ်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ရေနံချောင်း မြို့မိမြို့ဖတွေလက်ထဲကို သြဂုတ်လ ၁၆ ရက်နေ့ ပြန်လည်လွဲှပြောင်းပေးအပ်လိုက်ပါတယ်။ ဗိုလ်ချုပ်ရဲ့ လက်ရေးမူစာအုပ် ပျက်စီးသွားမှာစိုးတဲ့အတွက် မိမိအနေနဲ့ စနစ်တကျ ထိန်းသိမ်းပေးခဲ့တာလို့ ဦးခင်အောင်မြင့်က သြဂုတ်လ ၁၆ ရက် သောကြာနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ဒီစာအုပ် ပြန်ပေးတဲ့အခမ်းအနားမှာ ဦးခင်အောင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။
2013-08-17
မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုကြောင့် ပညာသင်ကြားရေးခက်ခဲတဲ့ ကလေးသူငယ်တွေနဲ့ မိဘမဲ့ကလေးတွေရဲ့ ပညာရေးအတွက် အဓိက အထောက်အကူပြု နေတာကတော့ "ဘက" လို့ လူသိများတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေပဲ ဖြစ်ပါတယ်။ မန္တလေးတိုင်း မလှိုင်မြို့နယ် ကျောက်တန်းစံပြကျေးရွာက "ဘက" ကျောင်း တစ်ခုအကြောင်းကို RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-08-17
မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာ ဖြေရှင်းဖို့အတွက် ရိုဟင်ဂျာတွေ၊ ရခိုင်တွေနဲ့ အစိုးရအာဏာပိုင်တွေ ပူးပေါင်းဖြေရှင်းမှ အောင်မြင်မယ်လို့ အမေရိကန် ပြည်ထောင်စုကိုရောက်နေတဲ့ "ပြည်ထောင်စု အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌက ပြောပါတယ်။ ဝါရှင်တန်ဒီစီ မြို့တော် RFA သတင်းဌာနကို ရောက်ရှိလာတဲ့ ဦးအဘူတာဟေ့ရ်နဲ့ တွေ့ဆုံမေးမြန်းခန်း ဒုတိယပိုင်းကို ထုတ်လွှင့်ပေးမှာပါ။ ကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-17
မွန်ပြည်နယ်မှာ မော်လမြိုင် - မုတ္တမကို ဆက်ထားတဲ့ "သံလွင်တံတား" ကို အချိန်ပြည့်သွားလာခွင့် ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါတယ်။ တချိန်တည်းမှာပဲ အရင်က မုတ္တမနဲ့ မော်လမြိုင် နှစ်ဖက်စလုံးမှာ ကုန်တင်ကုန်ချလုပ်ကိုင်ခဲ့ကြသူ အလုပ်သမားတွေနဲ့ ဈေးသည်တွေအကြား အလုပ်လက်မဲ့ပြဿနာတွေ များလာပါတယ်။ RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2013-08-16
ကချင်ပြည်နယ်မှာ ကျောက်စိမ်းထွက်ရာဒေသဖြစ်တဲ့ ဖားကန့်ဘက်ကိုသွားတဲ့ မြစ်ကြီးနား-မိုးကောင်းနဲ့ ဖားကန့်ကားလမ်းဟာ အခုနှစ်မိုးတွင်းမှာ သွားလာလို့မရအောင် လမ်းတွေဆိုးဆိုးဝါးဝါး ပိတ်ဆို့နေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-16
ပြည်သူ့ခေတ်ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ၊ စာရေးဆရာ သတင်းစာဆရာ မောင်ဝံသ ရဲ့ ဈာပန အခမ်းအနားကို ရေဝေးသုဿန်မှာ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၆ နာရီက ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မဇင်မာဝင်း က တင်ပြထားပါတယ်။
2013-08-16
အစ္စလာမ်ဘာသာရေးဆိုင်ရာ "အစ်"နေ့ အထိမ်းအမှတ်အဖြစ် မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်တွေက ဗုဒ္ဓဘာသာသံဃာ အပါးတစ်ရာနီးပါးကို ဒီနေ့နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-08-14
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တွေဟာ သြဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-14
စစ်အစိုးရလက်ထက်က ဖေါက်လုပ်ခဲ့တဲ့ ရန်ကုန်-နေပြည်တော်- မန္တလေး ကွန်ကရစ် အမြန်လမ်းမကြီးမှာ ယာဉ်တိမ်းမှောက်တာတွေ မကြာခဏဖြစ်တာကြောင့် သေမင်းတမန်လမ်းမကြီးလို့ ပြောဆိုနေကြပါတယ်။ အခြေအနေတွေသိရအောင် ဆောက်လုပ်ရေးဆိုင်ရာ အင်ဂျင်နီယာမှူး ဦးမျိုးမြင့်နဲ့ အမြန်လမ်း ရဲတပ်ဖွဲ့မှူးကြီး ဦးနေဝင်းတို့က ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။