သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-07-10
ရန်ကုန်မြို့ ကြည့်မြင်တိုင် တဖက်ကမ်းက "ရန်ကုန်မြို့သစ်" စီမံကိန်း ဆက်လက်အကောင်အထည် ဖော်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း လျှပ်စစ်- စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် က ဒီကနေ့ကျင်းပတဲ့ တိုင်းလွှတ်တော် ဒုတိယအကြိမ် အရေးပေါ် အစည်းအဝေးမှာ ရှင်းလင်း တင်ပြခဲ့ပါတယ်။
2017-07-08
ဇူလိုင်လ ၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ အရေး" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးထူးချစ် (ဒါရိုက်တာ - ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း) နဲ့ ကိုရဲမင်း (အထွေထွေတာဝန်ခံ - Aid Alliance Committee (AAC)) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-07-08
NLD ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီ လုပ်ကြံခံရတဲ့အမှုမှာ ဦးကိုနီကို သေနတ်နဲ့အနီးကပ် ပစ်ပြီးသတ်ဖြတ်ခဲ့တဲ့ ကြည်လင်းကို လိုက်လံဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံး မှာ ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။
2017-07-08
ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီအစိုးရကို ဆန္ဒပြတဲ့အတွက် ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေ အကြမ်းဖက် နှိမ်နင်းခံခဲ့ရတဲ့ ၅၅ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့ အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့နဲ့ ပခုက္ကူမြို့တွေမှာ ကျင်းပခဲ့ကြပါတယ်။
2017-07-08
ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းမှာရှိတဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အုံကို ဗိုလ်ချုပ်ကြီးနေဝင်း ဦးအောင်တဲ့ အာဏာသိမ်းအစိုးရက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့မနက် လင်းအားကြီး အချိန်မှာ ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။
2017-07-08
ထိုင်းနဲ့မြန်မာ အလုပ်သမားဝန်ကြီးတွေ နေပြည်တော်က အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ဇူလိုင်လ ၇ရက်နေ့က တွေ့ဆုံပြီး တရားမဝင် မြန်မာအလုပ်သမားတွေကို တရား ဝင်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
2017-07-06
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ဇူလိုင်လ ၆ရက်နေ့ က နေပြည်တော် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှာ နော်ဝေ နိုင်ငံခြားရေးဝန်ကြီး Borge Brende နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
2017-07-06
မန္တလေးတိုင်း မြို့နယ် ၁၂ ခုမှာ မြေသိမ်းခံတောင်သူတွေ တရားစွဲခံနေရတာကို ပြန်ရုပ်သိမ်းပေးဖို့နဲ့၊ တိုင်းအစိုးရအနေနဲ့ မြေယာပြဿနာတွေကို ပြေလည်အောင်ဖြေရှင်းပေးဖို့ ဒီကနေ့ မန္တလေးမြို့မှာ တောင်သူတစ်ရာကျော် စုဝေးပြီး သပိတ်စခန်း ဖွင့်လှစ်လိုက်ပါတယ်။
2017-07-06
သီလဝါ အထူးစီးပွားရေးဇုန်ကြောင့် ပြောင်းရွှေ့ခဲ့ရတဲ့ တောင်သူတွေကို ပြန်လည်နေရာချထား ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက် စီစဉ်ထားတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ကျောက်တန်းမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။
2017-07-06
ထိုင်းအစိုးရက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံခြားသားအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ဥပဒေ ကြောင့် အထောက်အထားမခိုင်လုံတဲ့ မြန်မာအလုပ်သမားတွေ မြဝတီနယ်စပ်ဂိတ်ကနေ နေ့စဉ်ထောင်နဲ့ချီ ပြန်လာနေကြပါတယ်။
2017-07-05
အမေရိကန် သမ္မတဟောင်း George W. Bush ရဲ့ Bush Institute က ပို့ချလေ့ကျင့်ပေး တဲ့ ခေါင်းဆောင်မှု သင်တန်းကာလအတွင်း လေ့ လာသင်ကြားခဲ့ရတာတွေထဲမှာ အချင်းချင်းချိတ် ဆက်ဆောင်ရွက် အကောင်အထည်ပေါ်ပုံ ကို မြန်မာပြည်ပြန်ရောက်တာနဲ့ စပြီးအသုံးချသွား မယ်လို့ သင်တန်းဆင်းပွဲကိုတက်ရောက်ခဲ့တဲ့ "ကျေးလက်ဌာနေ တိုင်းရင်းသား ရေရှည်တည်တံ့ ပညာရေးအစီအစဉ်" ရဲ့ စီစဉ်ညွန်ကြားသူ မအိအိဖြူ ကပြောပါတယ်။
2017-07-05
ပုဒ်မ ၅ဝ၅-က နဲ့ တရားစွဲဆိုခံရပြီး အင်းစိန်အကျဉ်းထောင်မှာ ထိန်းသိမ်းခံနေ ရတဲ့ MDCF ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ ဒီကနေ့ ၁၆ ကြိမ်မြောက် ရုံးထုတ်ခဲ့ ပါတယ်။
2017-07-05
ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံမှာ တရားမဝင် မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံနေရတဲ့ကိစ္စနဲ့၊ ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာတဲ့ မြန်မာအလုပ်သမားတွေအရေးနဲ့ ပတ်သက်ပြီး လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်ပြီး နေပြည်တော်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2017-07-05
မန္တလေးတိုင်းအတွင်း အများပြည်သူပိုင်ပစ္စည်းတွေ၊ အဆောက်အအုံနဲ့ မြေနေရာတွေကို ငှားရမ်း ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းတရပ်ရေးဆွဲဖို့ တိုက်တွန်းတဲ့အဆိုကို ဒီကနေ့ကျင်းပတဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ တင်သွင်းခဲ့ပါတယ်။
2017-07-05
ထိုင်းနိုင်ငံကနေ ထောင်နဲ့ချီတဲ့ မြန်မာအလုပ်သမားတွေ နေ့စဉ် ပြန်လာနေကြရာမှာ၊ မြဝတီ နယ်စပ်ဂိတ် တခုတည်းကနေ ပြန်လာသူ ၂ သောင်းကျော်ရှိပြီ ဖြစ်ပါတယ်။