သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-12-14
ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ မြန်မာနိုင်ငံက ပဒေါင်တိုင်းရင်းသား လူငယ်တွေ များလာတဲ့အတွက် အခုအခါမှာ ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေမှာ လူငယ်တွေ မရှိသလောက် နည်းပါးနေပါတယ်။ ဒီမောဆိုမြို့နယ်က ပဒေါင်ကျေးရွာတွေကို သွားရောက်လေ့လာခဲ့တဲ့ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-12-14
ပျဉ်းမနားမြို့နယ် အိုးဘိုတိုက်ကျေးရွာမှာ ဘိုးစဉ်ဘောင်ဆက်ကတည်းက အဓိက အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်လာကြတဲ့ အိုးလုပ်ငန်းဟာ အခုအချိန်မှာ တိမ်ကောစပြုနေပြီဖြစ်ပါတယ်။ RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-14
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်မှာ ကျင်းပနေ တဲ့ အရှေ့တောင်အာရှ အားကစားပွဲတော်က မြင်းစီးပြိုင်ပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ မြင်းစီးအလှ ပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာ့အလှမြင်းလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-14
အပတ်စဉ် သောကြာနေ့တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2013-12-13
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်က "ဂရိတ်ဝေါ" ဖိနပ်စက်ရုံ အလုပ်သမားတွေ လုပ်ခလစာတိုးမြှင့်ပေးဖို့ ဆန္ဒပြနေကြတာ ဒီကနေ့ဆိုရင် ၆ ရက် ရှိသွားပြီဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လှိုင်သာယာမြို့နယ် ငွေပင်လယ်စက်မှုဇုန်မှာရှိတဲ့ "မြန်မာစိုးစံဝင်း" ဖိနပ်စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ အလုပ်ရှင်နဲ့ ညှိနှိုင်းတာပြေလည်တဲ့အတွက် ဆန္ဒပြတာကို ရပ်ဆိုင်းလိုက်ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-13
နိုင်ငံတကာမှာ စားသုံးသူတွေရဲ့ကျန်းမာရေးအတွက် ဓာတုဆေးပစ္စည်း မသုံးဘဲ "အော်ဂဲနစ်" လို့ ခေါ်တဲ့ သဘာဝ မြေဆီမြေဆွေးကိုသာ အသုံးပြုတဲ့ အသီးအနှံ စိုက်ပျိုးရောင်းချမှု များလာနေသလို မြန်မာနိုင်ငံမှာလည်း "အော်ဂဲနစ်" စိုက်ပျိုးမှု ခေတ်စားလာနေပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-12-13
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ပူးတွဲပြီး နိုင်ငံတကာအဆင့်မီ ရဲတပ်ဖွဲ့ရဲ့ ဝတ္တရားတွေနဲ့ ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြုလုပ်နေပါတယ်။ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2013-12-13
အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ကယန်းပြည်သစ်ပါတီ အခြေစိုက်ရာ ဆီးဘူးမြို့ဟာ ၁၉၉၄ ခုနှစ်နောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ မြို့တစ်မြို့ဖြစ်ပြီး ဒေသခံတွေအနေနဲ့ မြို့ကို ပိုမိုဖွံ့ဖြိုးတိုးတက်လာဖို့ မျှော်လင့်နေကြပါတယ်။ RFA သတင်းထောက် ကိုစိုင်းထွန်းအောင်လွင်က တင်ပြထားပါတယ်။
2013-12-13
မြန်မာနိုင်ငံမှာ ၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ RFA ဝိုင်းတော်သား ဦးဘအောင်က တင်ပြထားပါတယ်။
2013-12-12
ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ သင်တန်းတွေ ၁၇ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ကို ဒီဇင်ဘာလ ၅ ရက်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သလို နယ်ဝေး ကျောင်းသူကျောင်းသားတွေကိုလည်း အဆောင်နေထိုင်ခွင့်ပေးနေပြီဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-12-12
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ကာတာနိုင်ငံ ဒိုဟာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကျန်းမာရေး စွန့်ဦးတီထွင်မှု ညီလာခံမှာ မြန်မာနိုင်ငံက ကျန်းမာရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့အထဲက တချို့ကို RFA ဝိုင်းတော်သား ဦးသစ်ဆင်းက ကောက်နှုတ်တင်ပြထားပါတယ်။
2013-12-12
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် သံတံတားကျေးရွာမှာ မွေးမြူရေးအစာ ထုတ်လုပ်တဲ့စက်ရုံက အနံ့ဆိုးတွေကို မခံနိုင်တဲ့ ဒေသခံရွာသားတွေနဲ့ ရွာကျောင်းဆရာတော်က ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး ကန့်ကွက်ခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထားပါတယ်။
2013-12-12
ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလက ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်/ကျေးရုံးဖွင့်ပွဲကျင်းပဖို့ ပြင်ဆင်နေရင်း မတော်တဆ ဓာတ်လိုက်တဲ့အတွက် လက်နှစ်ဖက်စလုံး စွန့်လွှတ်ခဲ့ရတဲ့ NLD ပါတီဝင် ကိုဇင်မင်းဦးဟာ လက်အတုတပ်ဆင်ပြီး ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နေပါတယ်။ ကိုဇင်မင်းဦးကို RFA သတင်းထောက် ကိုသီဟထွန်းက တွေ့ဆုံမေးမြန်းထားပါတယ်။
2013-12-12
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဥပဒေအထောက်အကူပြုအဖွဲ့က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခုကို စစ်တွေမြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မသင်းသီရိက တင်ပြထားပါတယ်။
2013-12-11
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေနေရာပိုင်ဆိုင်မှုအတွက် အဲဒီအနားမှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေသူတွေ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထား ရုတ်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဆန္ဒပြနေသူတွေဘက်ကလည်း အချိန်အတိုင်းအတာ တစ်ခုအတွင်း ဒီမြေနေရာပြဿနာကို ဖြေရှင်းပေးမယ်ဆိုရင် သပိတ်စခန်းကို ရုတ်သိမ်းပေးမယ်လို့ ပြောပါတယ်။ RFA