သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-22
စက်တင်ဘာလ ၂၁ ရက်၊ ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး ရရှိဖို့၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေ ရန်ကုန်မြို့မှာ စုပေါင်းချီတက်ပွဲ ပြုလုပ်ခဲ့ကြပါတယ်။
2015-09-19
ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ ဘတ်စ်ကားတွေ ယာဉ်စည်းကမ်းချိုးဖောက်ရင် အနိမ့်ဆုံး ဒဏ်ငွေကျပ် သုံးသောင်းထက်မပိုသောဆိုတဲ့ ဥပဒေထုတ်ပြန်လိုက် တာကြောင့် ပြေးဆွဲနေတဲ့ ဘတ်စ်ကားအရေအတွက် နည်းသွားပြီး တက္ကသိုလ်တွေက စာမေးပွဲဖြေနေတဲ့ ကျောင်းသူ ကျောင်းသားတွေ ကားမရှိဘဲ ဖြစ်ခဲ့ရပါတယ်။
2015-09-19
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်က ကျေးရွာ ၃၀ ကျော်မှာ မဲစာရင်းမကပ်တဲ့အတွက် ဒေသခံ ၂ သောင်းကျော် မဲပေးခွင့်ဆုံးရှုံးနေတာမို့ မဲပေးခွင့်ရှိသူ စာရင်းကို ထုတ်ပြန်ပေးဖို့ ဒေသခံတွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ထံ ဒီကနေ့မှာ စာပေးပို့ တောင်းဆိုလိုက်ပါတယ်။
2015-09-19
၈ နှစ်မြောက် ရွှေဝါရောင်သံဃာ့အရေးအခင်းနှစ်ပတ်လည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က ဓမ္မပီယကျောင်းတိုက်မှာ ကျင်းပခဲ့ပြီး သံဃာတော်တွေ ၊၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ တက်ရောက်ခဲ့ပြီး ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2015-09-19
နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် ပြည်သူလူထုအားလုံးပါဝင်ကြဖို့ လှုံဆော်တဲ့ လှုပ်ရှားမှုတခုကို ရှမ်းပြည်နယ်တောင်ပိုင်း အခြေပြု အမျိုးသမီးအရပ်ဘက်လူ့ အဖွဲ့စည်းတွေက ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်၊
2015-09-19
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ ဒုဥက္ကဋ္ဌလည်းဖြစ် ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်တဲ့ ခူဦးရယ် ဟာ အခုအခါ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေပါတယ်။
2015-09-17
ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်က စက်တင် ဘာလ ၁၄ ရက်နေ့က စတင်ကြေညာလိုက်တဲ့ မဲ စာရင်းတွေဟာ ပထမကြေညာသလိုမျိုး အိမ်ထောင် စုအလိုက်မဟုတ်ပဲ အက္ခရာစဉ်လိုက်ဖြစ်နေ တာကြောင့် မဲစာရင်းလာရောက်ကြည့်ရှုသူတွေ အခက်အခဲရှိနေပါတယ်။
2015-09-17
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်နယ် ပျဉ်းမနားမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းဝင်းသီနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမှတ်ကြီးတို့ဟာ သူတို့ယှဉ်ပြိုင်နေတဲ့ မဲဆန္ဒနယ်တွေမှာ စက်တင်ဘာလ ၁၆ ရက်နေ့မှာ မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။
2015-09-17
NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နော်လှလှစိုးဟာ စစ်တပ်မိသားစုအများအပြားနေထိုင်တဲ့ မင်္ဂလာဒုံမြို့နယ်မှာ မဲဆွယ်စည်းရုံးရေးဆင်းနေရပေမယ့် ဒေသခံတွေက လိုလိုလားလားကြိုဆိုကြတယ်လို့ သိရပါတယ်။
2015-09-17
အရပ်ဖက် ဝန်ကြီးဌာနတွေမှာ စစ်တပ်က အငြိမ်းစားအရာရှိတွေကို အဆင့်မြင့်ရာထူးတွေအတွက် တိုက်ရိုက်ခန့်အပ်နေတဲ့အပေါ် ကန့်ကွက်တဲ့ အရောင်မျိုးစုံ ဖဲကြိုး လှုပ်ရှားမှုတွေကို အပြည့်အဝထောက်ခံတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကပြောပါတယ်။
2015-09-17
မြန်မာပြည်သူတရပ်လုံးရဲ့ ဘဝတွေပြောင်းလဲချိန်တန်နေပြီဖြစ်တဲ့အတွက် ဒီအပြောင်းအလဲကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်ရေး NLD ပါတီကိုမဲပေးဖို့ စက်တင်ဘာလ ၁၄ရက်နေ့ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲ ကြေညာ စာတမ်းမှာ ဖော်ပြလိုက်ပါတယ်။ NLD ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုမျိုးဇော်ကို တွေ့ဆုံမေးမြန်း ထားပါတယ်။
2015-09-16
NLD ပါတီကနေ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးပြုံးချိုဟာ စက်တင်ဘာလ ၁၅ ရက်နေ့က ဒေါ ပုံမြို့နယ်မှာ စပြီး မဲဆွယ်စည်းရုံးနေပါတယ်။
2015-09-16
ရွေးကောက်ပွဲမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ NLD ပါတီက ဦးရည်မွန် ခေါ် ကဗျာဆရာ မောင်တင်သစ်ဟာ စက်တင်ဘာလ ၁၄ ရက်နေ့က သူ့ဇာတိ မြေဖြစ်တဲ့ မဲဆန္ဒနယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ မဲဆွယ်စည်းရုံးနေပါတယ်။
2015-09-16
ရခိုင်ပြည်နယ်မှာ အခြေခံမဲဆန္ဒရှင်စာရင်းကို စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေငြာလိုက်ပြီး စစ်တွေမြို့မှာတော့ အမှားအယွင်းတွေရှိနေဆဲ လို့ ဒေသခံတွေက ပြောကြပါတယ်။
2015-09-16
တပ်မတော်ကအငြိမ်းစားယူထားသူတွေကို တရားလွတ်တော်ချုပ်ရုံးမှာ အဆင့်မြင့်ရာထူး ခန့်အပ် လိုက်တဲ့အပေါ် တောင်ကြီးမြို့မှာ ရှေ့နေတွေက စက်တင်ဘာလ ၁၅ ရက်နေ့မှာ ဖဲကြိုးအဝါဝတ်ဆင်ပြီး ကန့်ကွက်ခဲ့ကြသလို မန္တလေးမြို့မှာလည်း စက်တင်ဘာလ ၁၄ ရက်နေ့က အလားတူ ကန့်ကွက်ခဲ့ကြပါတယ်။