သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-09-08
ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်နဲ့ ဟိုပုန်းမြို့တွေမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နဲ့ ၆ ရက်နေ့တွေက ရွေးကောက်ပွဲ ဆိုင်ရာအသိပညာပေး ဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။ ေ
2015-09-08
နေပြည်တော် NLD နဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းတွေရဲ့ အပြန်အလှန် တရားစွဲဆိုမှုတွေအကြောင်း RFA သတင်းထောက် ကိုဝင်းကိုကိုလတ် သတင်းပေးပို့ထားတာကိုလည်း တဆက်တည်းကြည့်ရှုနိုင်ပါတယ်။
2015-09-08
မတရားတဲ့ဥပဒေတွေကို ဆန့်ကျင်ကန့်ကွက်ဖို့အတွက် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ တက္ကသိုလ်ကျောင်းသားသမဂ္ဂ တကသ အဖွဲ့တွေက ပူးပေါင်းပြီး စက်တင်ဘာလ ၇ ရက်နေ့က Failed Law လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။ RFA သတင်းထောက် မရွှေရည်မဉ္ဇူ က တင်ပြထားပါတယ်။
2015-09-05
ကချင်ပြည်နယ် ဝိုင်းမော်မြို့က ရှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ခေါ်) ကျားခေါင်းပါတီ SNLD ပါတီရုံးခွဲဖွင့်ပွဲအကြောင်း အပြည့်အစုံကို RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထား ပါတယ်။
2015-09-05
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြင့်လှိုင်ကို မဲပေးဖို့တိုက်တွန်းတဲ့ စာတန်းတွေပါတဲ့ ထီး၊ ယပ်တောင် စတာတွေ အပါအဝင် ကျောင်းသုံး ပရိဘောဂ၊ ဆန်၊ဆီတွေကိုပါ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြို့နယ်က ကျေးရွာအချို့မှာ စက်တင်ဘာလ ၄ ရက်နေ့က ဝေငှခဲ့တယ်လို့ သိရပါတယ်။
2015-09-05
ရွှေပြည်သာမြို့နယ် အလုပ်သမား သပိတ်ခေါင်းဆောင် နှစ်ဦးဖြစ်တဲ့ ကိုမျိုးမင်းမင်းနဲ့ ကိုနိုင်ဌေးလွင် တို့ကို တောင်ဥက္ကလာပမြို့နယ်တရားမှာ စက်တင်ဘာလ ၄ ရက်နေ့က ရုံးထုတ်ရာမှာ.. တကသ ကျောင်းသားတွေက Failed Law စာတန်းပါ အင်္ကျီတွေကို ဝတ်ဆင်ပြီး မတရားတဲ့ ဥပဒေကို ဆန့်ကျင်ကြောင်း ပြသခဲ့ပါတယ်။
2015-09-05
မိုးရွာသွန်းတာများပြီး တောင်ကျချောင်းရေတွေကြောင့် ပျက်စီးသွားတဲ့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်ခရိုင် မတူပီမြို့ပေါ်နဲ့ အနီးအနားပတ်ဝန်းကျင် က ကျေးရွာတွေမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းက သွားရောက်ပြီး စက်တင်ဘာလ ၃ ရက်နေ့က ဆန်လှူဒါန်းခဲ့ပါတယ်။
2015-09-04
အပတ်စဉ် သောကြာနေ့တိုင်း ထုတ်လွှင့်နေတဲ့ "မှတ်မှတ်သားသား စကားများ" အစီအစဉ်ကို ထုတ်လွှင့်မှာပါ။
2015-09-04
လာမယ့်နိုဝင်ဘာလမှာ မြန်မာအစိုးရအနေနဲ့ UPR လို့ခေါ်တဲ့ လေးနှစ်တစ်ကြိမ် လူ့အခွင့်အရေး အခြေနေပြ အစီရင်ခံစာကို ကုလသမဂ္ဂကို တင်ပြရမှာဖြစ်ပါတယ်။ အစိုးရရဲ့ အစီရင်ခံစာအပေါ် အကြံပြုချက်တွေပေးနိုင်ဖို့ ညီမျှခြင်းမြန်မာ Equality Myanmar အဖွဲ့က ဦးဆောင်ပြီး ဆွေးနွေးပွဲတစ်ခု ကို ရန်ကုန်မြို့ Best Western Chinatown Hotel မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။
2015-09-04
လာမယ့် ပြည်လုံးကျွတ်ရွေးကောက်ပွဲ မတိုင်ခင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ - ယာယီကို အဖွဲ့ဝင် ၂၉ ဦးနဲ့ ပြင်ဆင်ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။ အဲဒီမှာ လွှတ်တော်နှစ်ရပ်ကအဆိုပြုခဲ့တဲ့ ကိုယ်စားလှယ် နှစ်ဦးနဲ့ သမ္မတကအဆိုပြုတဲ့ ကိုယ်စားလှယ်တစ်ဦးလည်းပါဝင်ပြီး ဒီအတွက် နိုင်ငံရေးအရအဂတိနဲ့ ဘက်လိုက်မှုရှိလာမှာကို ပူပန်စရာမရှိပါဘူးလို့ စာနယ်ဇင်းကောင်စီ-ယာယီက ပြောပါတယ်။
2015-09-04
ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့ကနေ မတူပီမြို့ကို ဆက်သွယ်ထားတဲ့ မော်တော်ကားလမ်းဟာ မိုင်ပေါင်း ၁၀၂ မိုင် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ကစပြီး မိုးများတဲ့အတွက် တောင်ကျချောင်းရေတွေကြောင့် လမ်းတွေ ပျက်စီးနေပြီး သယ်ယူပို့ဆောင်ရေး ခက်ခဲနေပါတယ်။
2015-09-04
ကဗျာဆရာ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အမှတ်တရ ကဗျာရွတ်ပွဲ အခမ်းအနားကို မန္တလေးမြို့ တောင်လေးလုံးကျောင်းတိုက်မှာ အထက်မြန်မာပြည်က ကဗျာဆရာတွေစုပေါင်းပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-09-03
ရန်ကုန်မြို့မှာပြေးဆွဲနေတဲ့ ဘတ်စ်ကားခ နှုန်း ထားတွေကို အရင်က အနည်းဆုံး ၅ဝ ကျပ် သတ်မှတ်ထားရာကနေ အနည်းဆုံး တစ်ရာကျပ် သတ်မှတ်တော့မယ်လို့ သိရပါတယ်။
2015-09-03
လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော် ဝန်ထမ်းတွေ အရည်အသွေးမြင့်မားရေးနဲ့ ပတ် သက်ပြီး ဆွေးနွေးပွဲတရပ်ကို နေပြည်တော် ပြည်သူ့ လွှတ်တော်က ဇမ္ဗူသီရိခန်းမမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။
2015-09-03
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အတွက် ဆောင်ရွက်နေ တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရန်ကုန် ကမာရွတ်မြို့နယ် ရွှေလီလမ်း က ရွေးကောက်ပွဲရုံးမှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။