သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-20
အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာတွေမှာ အောက်ခြေဝန်ထမ်းက အထက်ကို ပံ့ပိုးနေတာတွေရှိသလို အထက်က အရာရှိတွေကလည်း ဖုံးဖိပေးတာတွေရှိနေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။
2019-05-19
ရခိုင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာညှိနှိုင်းအဖြေရှာဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေ စစ်တွေမြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2019-05-19
လားရှိုးမြို့ အမျိုးသားရေးအင်အားစုက ဦးဆောင်ပြီး တပ်မတော်ထောက်ခံပွဲနဲ့တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်းရင်းသားတွေထဲက စိတ်တိုင်းကျ ရွေးချယ်ခွင့်ရရှိရေးအတွက် ဝန်ကြီးချုပ်အရည်အချင်းသတ်မှတ်ထားတဲ့ ပုဒ်မ၂၆၁ ကို ဥပဒေနဲ့အညီ ပြင်ဆင်ရေးဆန္ဒထုတ်ဖော်ပွဲကို လားရှိုးမြို့မှာ ဒီနေ့မနက်ကပြုလုပ်ခဲ့ပါတယ်။
2019-05-18
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကနေ နုတ်ထွက်စာတင်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ကို နုတ်ထွက်ခွင့်မပေးဘဲ ယာယီဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ထိပ်သီးအစည်းအဝေးကိုတော့ ဒီကနေ့မှာ ပထမပိုင်းအဖြစ်သာ ကျင်းပနိုင်ခဲ့ပြီး လာမည့် နှစ်လ အတွင်းမှာ ဒုတိယပိုင်းအဖြစ် ဆက်လက် ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
2019-05-17
တောင်ဒဂုံမြို့နယ် ရပ်ကွက်အတွင်းမှာ ရှိတဲ့ အစ္စလာမ်ဝင်တို့ရဲ့ ယာယီဝတ်ပြုဆောင်တွေကို ပြီၤးခဲ့တဲ့ ၁၅ ရက်နေ့ ညက လူစုလူဝေးနဲ့ လာရောက်ပြီး ပိတ်ပင်ခိုင်းတဲ့အတွက် ဝတ်ပြုဆောင် သုံးဆောင် ပိတ်ပေးလိုက်ရပါတယ်။
2019-05-17
ဒီနှစ်မကုန်ခင် တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား ၅ဝ ရာခိုင်နှုန်းပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2019-05-17
အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁ဝ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ပုံစံပြောင်းဖို့ ဒီကနေ့ ဆွေးနွေးရာမှာ သဘောထားကွဲလွဲခဲ့ပြီး KNU က PPST ကနေ နုတ်ထွက်လိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
2019-05-17
ဝေးလံတဲ့ ကျေးရွာတွေမှာ အဝတ်အထည်လိုအပ်ချက်ရှိနေသူတွေ၊ ဘေးအန္တရာယ်တွေ အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာခဲ့ရပြီး အဝတ်အထည်လိုအပ်ချက်ရှိနေသူတွေအတွက် သီပေါမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒဝင်းနဲ့ ဆေးရုံဝန်ထမ်းတွေက လှူဒါန်းနေကြပါတယ်။
2019-05-17
NLD ပါတီဦးဆောင်တဲ့ အစိုးရရဲ့ သုံးနှစ်မြောက်ကာလ ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2019-05-17
သတင်းမီဒီယာတွေမှာ မြန်မာ့နိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်းမီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်စားစရာ ပြောကြားချက်တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2019-05-17
မြန်မာနိုင်ငံဘက်ကနေ တရုတ်နိုင်ငံထဲကို ဝင်ရောက်သွားလာကြတဲ့ကုန်သည်တွေ တရုတ်နိုင်ငံထဲ ဝင်ရောက်ချိန်ကို ကန့်သတ်လိုက်တဲ့အတွက် နယ်စပ်ဂိတ်မှာပိတ်ဆို့မှုတွေဖြစ်ပေါ်ခဲ့ပြီး ဒီကနေ့မနက်ပိုင်းမှာ တရုတ်လုံခြုံရေးရဲတွေနဲ့ မြန်မာကုန်သည်တချို့တို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။
2019-05-17
တပ်မတော်က ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲတာခံထားရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေထဲက မဆုရတနာမြင့်နဲ့ ကိုငြိမ်းချမ်းစိုး(ခ)ချစ်ယုံတို့ကို ဒီကနေ့ ဗိုလ်တထောင်မြို့နယ် တရားရုံးမှာ ပထမဆုံးရုံးထုတ်ခဲ့ပြီး အာမခံလျှောက်ထားတာကို အာမခံမပေးဘဲ ချုပ်မိန့်နဲ့ အင်းစိန်အကျဉ်းထောင်ကို ဒီနေ့ ပို့လိုက်ပြီ ဖြစ်ပါတယ်။
2019-05-17
မြန်မာ့တပ်မတော်ကို ဘဏ္ဍာရေးနဲ့ တခြားပံ့ပိုးကူညီမှုတွေ ဖြတ်တောက်ဖို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် FFM က နိုင်ငံတကာကို တိုက်တွန်းလိုက်ချိန်မှာပဲ လွှတ်တော်တွင်းမှာတော့... အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး ဘယ်လို ရာထူးကြီးငယ်မဆို တိတိကျကျ အရေးယူဖို့ တပ်မတော်သား ကိုယ်စားလှယ်က တိုက်တွန်းလိုက်တာဟာ လက်တွေ့ကျပါသလား၊ ဖြစ်နိုင်ပါသလား....။
2019-05-17
ကယားပြည်နယ် လွိုင်ကော်မြို့က ဗိုလ်ချုပ်ကြေးရုပ်တုကို နေရာပြောင်းရွှေ့ပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ကို ကရင်နီပြည်လူငယ်တွေက အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့် ရုပ်ထုကို ပြောင်းရွှေ့ပေးဖို့မရှိကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောလိုက်ပါတယ်။
2019-05-17
မြန်မာနိုင်ငံမှာ တပ်မတော် ယူနီဖောင်းတွေဝတ်ပြီး ပြက်လုံးထုတ်တာတွေဟာ ရှေးအစဉ်အလာကတည်းက ရှိခဲ့ပေမယ့် အခု နောက်ပိုင်းမှာတော့ တပ်မတော်ယူနီဖောင်းဝတ်ပြီး ပြက်လုံးထုတ်ကြသူတွေကို တပ်မတော်ဘက်က ပြင်းပြင်းထန်ထန် သတိပေးတာ၊ အရေးယူတာတွေ ရှိလာတာ တွေ့ရပါတယ်။