သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-05-12
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွေကနေ စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွေကို ထွက်ပြေးခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီနေ့ နောက်ဆုံးထားပြီး သူတို့ရဲ့မူလမြို့နယ်တွေကို ပြန်ခိုင်းဖို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဖိအားပေးနေတယ်လို့ ဆရာတော်တွေကမိန့်ပါတယ်။
2019-05-12
မြန်မာနိုင်ငံ အလယ်ပိုင်းက ထွက်တဲ့ စိန်တစ်လုံး၊ ရွှေဟင်္သာ စတဲ့ သရက်သီးတွေ တရုတ်-မြန်မာနယ်စပ်မှာ အရောင်းအဝယ် ကောင်းနေပြီး မနှစ်ကထက်လည်း ဈေးကောင်းရနေတယ်လို့ သရက်ကုန်သည်တွေက ပြောကြပါတယ်။
2019-05-11
၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ထောက်ခံကြိုဆိုတဲ့ ဆန္ဒပြပွဲကို လားရှိုးမြို့မှာ ဒီမနက်က ကျင်းပခဲ့ပါတယ်။
2019-05-11
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးတဲ့ အဖွဲ့ဖြစ်ကြောင်းနဲ့ လက်ရှိအချိန်မှာ ကော်မရှင်ကို တိုင်ကြားစာတွေ ဖောင်းပွနေကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
2019-05-10
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရပ်သားတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးမှုတွေအတွင်း အရပ်သားတွေ သေဆုံး ပျောက်ဆုံးတာ၊ ထိခိုက်နစ်နာတာတွေအတွက် ဘယ်လိုဥပဒေတွေက ကာကွယ်ပေးနိုင်ပါသလဲ...။
2019-05-10
ရိုဟင်ဂျာ ဒုက္ခသည်အရေး သုတေသနအစီရင်ခံစာရေးသားသူ Refugee International အဖွဲ့က Daniel Sullivan ကို RFA ဝိုင်းတော်သား ကိုရဲခေါင်မြင့်မောင်က ဝါရှင်တန်ဒီစီ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
2019-05-10
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားတဲ့ လူ ၂၇ ဦးထဲက သုံးဦး စစ်တွေတပ်နယ်မှာ စစ်ဆေးခံရချိန်အတွင်း သေဆုံးခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ အဖြစ်မှန်ကိုစုံစမ်းပြီး တာဝန်ရှိသူတွေကို အရေးယူပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
2019-05-10
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-နမ္မတူလမ်းပိုင်းပေါ်က မန်လီရွာမှာ မတ်လအတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ပျောက်ဆုံးနေတဲ့ မန်လီကျေးရွာသားလေးဦး ဒီနေ့အထိ နေရပ်မပြန်လာသေးတဲ့အတွက် မိသားစုတွေက သူတို့လေးဦး ပြန်ရောက်လာဖို့ မျှော်လင့်နေကြပါတယ်။
2019-05-10
လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က နောက်ယောင်ခံလိုက်ပြီး သတင်းရယူတာတွေဟာ ဥပဒေနဲ့ညီတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ဖြေကြားလိုက်ပါတယ်။
2019-05-09
RFA ကို ပေးတဲ့စာ ရေးတဲ့စာ အစီအစဉ်ကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဒီပတ်မှာတော့ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်… စတဲ့တိုင်းနဲ့ပြည်နယ်တွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။ RFA သတင်းထောက် ကိုထက်အာကာနဲ့ ကိုသန့်ဇင်ဦးတို့ က တင်ပြထားပါတယ်။
2019-05-09
နိုင်ငံတော်သမ္မတက နှစ်လအတွင်း လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ပေးအပြီးမှာ အကျဉ်းထောင်ခြောက်ခုလောက်မှာ အကျဉ်းသားတွေက တူညီတဲ့ တောင်းဆိုချက်တွေနဲ့ ဆန္ဒပြတာတွေ ဖြစ်ပေါ်လာပါတယ်။
2019-05-09
NLD ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ သုံးနှစ်မြောက်ကာလ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို နေပြည်တော်က ပြန်ကြားရေးဝန်ကြီးဌာနမှာ ဒီကနေ့စတင်ကျင်းပပါတယ်။
2019-05-09
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အခြေစိုက်တဲ့ နိုင်ငံပေါင်းစုံက သံရုံးတွေဟာ မေလရောက်တိုင်း PassportDC လို့ခေါ်တဲ့ အစီအစဉ်ကို ကျင်းပလေ့ရှိပါတယ်။ ဒီအစီအစဉ်ဟာ နိုင်ငံပေါင်းစုံ သံရုံးအသီးသီးက သံရုံးတံခါးတွေကို အများပြည်သူကို ဖွင့်ပေးပြီး၊ စိတ်ဝင်စားလို့ လေ့လာချင်သူတွေကို သံရုံးအတွင်း ဝင်ရောက်ကြည့်ရှုခွင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။
2019-05-08
နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ကျေနပ်မှုမရှိတဲ့အတွက် ကလေးအကျဉ်းထောင်အတွင်း အကျဉ်းသားတွေ ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အချက် လေးချက်ကို တောင်းဆိုခဲ့ကြပါတယ်။
2019-05-08
မြန်မာနိုင်ငံက လုပ်ဆောင်နေတဲ့ ပြန်လည်လက်ခံရေးအစီအစဉ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးရောက်ရှိနေတဲ့ မွတ်စလင်ဒုက္ခသည်တွေက မသိဘူးဖြစ်နေတယ်လို့ ဝန်ကြီးဦးသိန်းဆွေက ဒီနေ့ ပြောပါတယ်။