သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-11-13
နေပြည်တော်မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ အာဆီယံ ထိပ်သီးညီလာခံမှာ အိမ်ရှင်အလှည့်ကျ ဥက္ကဋ္ဌ သမ္မတ ဦးသိန်းစိန်က ဒေသတွင်းပြဿနာတွေကို ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
2014-11-13
အမျိုးသားမြေ အသုံးချမူမူဝါဒ (မူကြမ်း) နဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ တောင်သူလယ်သမား ကိုယ်စားလှယ် ၁၅ဝ ဦး တက်ရောက်ပြီး ဒီနေ့စတင်ကာ နှစ်ရက်ကြာ ကျင်းပနေပါတယ်။
2014-11-13
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင် ဦးနိုင်ဟံသာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့UNA ခေါင်းဆောင်တွေနဲ့ ရန်ကုန်မြို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နေအိမ်မှာ မနေ့ညနေပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။
2014-11-13
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့ ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာရှိတဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)က သုခခန်းမမှာ ဒီကနေ့ စတင်ကျင်းပရာမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၄ဝဝ ကျော် တက်ရောက်နေပါတယ်။
2014-11-11
အမေရိကန်သမ္မတ အိုဘားမားဟာ နေပြည်တော် မှာကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့၊ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့အတွက် နေပြည်တော်ကို မနက်ဖြန်ရောက်ရှိပြီးနောက်၊ ရန်ကုန်မြို့ကို ၁၄ ရက်နေ့ ရောက်ရှိမှာ ဖြစ်ပါတယ်။
2014-11-11
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နဲ့ တိုင်းဒေသကြီးတွေက လယ်သမားအဖွဲ့အစည်းတွေဟာ ဆန်စပါးအရည်အသွေး မြှင့်တင်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။
2014-11-11
ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး “ခြိမ်းခြောက်ခံနေရတဲ့ ပြယုဂ်များ” လို့အမည်ပေးထားတဲ့ မှတ်တမ်းဓာတ်ပုံပြပွဲ တစ်ခုကို ရန်ကုန်မြို့ ၃၅ လမ်းက River Ayeyarwaddy ပန်းချီပြခန်းမှာ ဒီကနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ ပြသနေပါတယ်။
2014-11-11
အပတ်စဉ် အင်္ဂါနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အာရှသတင်း မြင်ကွင်းစုံ” အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။
2014-11-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက်နေ့က ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဒေသခံတွေ နဲ့ တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး အခြေအနေတွေကို ရှင်းပြခဲ့ပါ တယ်။
2014-11-11
၈၈ မျိုးဆက်အဖွဲ့က ကိုကိုကြီး၊ စာရေးဆရာ ကျော်ဝင်းနဲ့ စာရေးဆရာဖေမြင့် တို့ ပူးတွဲပြီး "မြန်မာ့နိုင်ငံရေးလားရာများ" ဆိုတဲ့ခေါင်းစဉ်နဲ့ စကားဝိုင်းကို မန္တလေးမြို့က Triumph ဟိုတယ်မှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-11
PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်တဲ့ဆန္ဒပြပွဲတစ်ခုကို ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2014-11-11
မကွေးမြို့က လွတ်လပ်ရေးပန်းခြံနေရာမှာ အခကြေးငွေနဲ့ ကစားနိုင်တဲ့ ကစားကွင်းတွေ တည်ဆောက်ဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက စီစဉ်နေပါတယ်။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2014-11-11
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်းလိုက်တာနဲ့ ပတ်သက်ပြီး ရှုတ်ချကန့်ကွက်ကြောင်း ပြည်သူလွှတ်တော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
2014-11-08
အလွတ်သတင်းထောက် ကိုပါကြီး ရုပ်အလောင်းကို မော်လမြိုင်ကနေ ရန်ကုန်ကို ပြန်လည်သယ်ဆောင်ပြီး ရေဝေးသုသာန်မှာ ဒီနေ့ညနေပိုင်းက ဂူသွင်းသဂြိၤုဟ်ခဲ့ပါတယ်။
2014-11-08
အစိုးရပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကိုနဲ့ မြန်မာ့တပ်မတော်က ထိပ်ပိုင်းအရာရှိကြီး ၂ ဦးဟာ ၂၀၀၅ကနေ ၂၀၀၆ ခုနှစ် ကရင်ပြည်နယ် အရှေ့ပိုင်းစစ်ဆင်ရေးကာလအတွင်း စစ်ရာဇဝတ်မှုမြောက်တဲ့ ပြစ်မှုကျူးလွန်တာတွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ အထောက်အထားတွေတွေ့ရကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်က ဒီနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာက စွပ်စွဲပြောဆိုလိုက်ပါတယ်။