သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-09
တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ ဒေသခံတွေရဲ့ မြေနေရာတွေ သိမ်းယူခံထားရတာတွေကို ပြန်လည်ရရှိဖို့ စစ်ပြေးဒုက္ခသည်အရေး ကူညီပေးနေတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2016-06-09
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် နေရပ်မပြန်နိုင်သေးတဲ့စစ်ဘေးဒုက္ခသည် ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးနေရပါတယ်။
2016-06-09
ကောင်းမြန်မာအောင်ကုမ္ပဏီက တည်ဆောက်နေတဲ့ ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားအနီးက ဆိပ်ခံတံတားတည်ဆောက်ရေးလုပ်ငန်းစီမံကိန်းကို ဖျက်သိမ်းဖို့ ပြည်သူ့လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။
2016-06-09
ရန်ကုန်တိုင်း တွံတေးမြို့နယ် ရေတွင်းကုန်း ကျေးရွာအုပ်စုနဲ့ အဘေကျေးရွာအုပ်စုက သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၉၀၀ ကျော်မှာ ပြန်လည်လုပ်ကိုင်ခွင့်ရရှိဖို့နဲ့ တပ်မတော်ကနေ ငှားရမ်းလုပ်ကိုင်နေတဲ့ လယ်သမားတွေကို အရေးယူပေးဖို့ လယ်သမား ၅၀ ကျော်က ဇွန်လ ၈ ရက်နေ့က တွံတေးမြို့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2016-06-08
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူနိုင်ငံဝန်ကြီးချုပ် Lee Hsien Loong နဲ့ နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။
2016-06-08
အမေရိကန်ဒေါ်လာသန်း ၁၅ဝဝ နီးပါးကုန်ကျမယ့် "ရန်ကုန်မြို့ပတ်လမ်း" စီမံကိန်းအပါအဝင် အစိုးရသစ် ငါးနှစ်သက်တမ်းအတွင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန က ဆောင်ရွက်မယ့်စီမံကိန်းတွေနဲ့ ပတ်သက်ပြီး နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနမှာ ဒီကနေ့ သတင်းထောက်တွေကို ရှင်းလင်းခဲ့ပါတယ်။
2016-06-08
ပြီးခဲ့တဲ့ မေလအတွက် လုပ်ခလစာ မရတဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် "လဝန်းထက်သာ" အထည်ချုပ် စက်ရုံက အလုပ်သမား ၁၀၀ ကျော်က မေလအတွက် လစာပေးဖို့ စက်ရုံမှာ ဇွန်လ ၇ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2016-06-08
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်က ပင်လယ်ကမ်းခြေမှာ ဒီရေတောတွေ ပြန်လည်စိုက်ပျိုးပေးဖို့ ပြည်ထောင်စုအစိုးရထံ တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးက ဒီနေ့ ထောက်ခံဆွေးနွေးပြီး အဆိုကို မှတ်တမ်းတင်လိုက်ပါတယ်။
2016-06-08
ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) ဖွဲ့စည်းမှုအနှစ် (၂၀) ပြည့် အခမ်းအနားကို လားရှိုးမြို့ ရှမ်းစာပေ ယဉ်ကျေးမှုခန်းမမှာ ဇွန်လ ၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-06-08
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ထားပြီးဖြစ်တဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ- ရှမ်းပြည်တပ်မတော် SSPP/SSA နဲ့ အစိုးရတပ်မတော် အကြား ပြီးခဲ့တဲ့မေလက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
2016-06-07
တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ တရား မဝင် ရောင်းဝယ်ဖောက်ကားတာတွေကို လုံးဝ လက်ခံမှာမဟုတ်ဘူးလို့ သမ္မတ ဦးထင်ကျော် က ပြောလိုက်ပါတယ်။
2016-06-07
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေကို မေတ္တာ အိုးဝေ ဖောင်ဒေးရှင်းက ပညာရေး ပစ္စည်းတွေ ထောက်ပံ့လှူဒါန်းတဲ့ အခမ်းအနားကို ရန်ကုန်- သင်္ဃန်းကျွန်းမြို့နယ်က ၈၈ မျိုးဆက်အဖွဲ့ရုံးခန်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-06-07
ဦးနေဝင်းဦးဆောင်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၄ ၊ ၁၉၇၅ နဲ့ ၁၉၇၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူတွေက ဇွန်လ ၆ရက်နေ့က နှစ်ပတ်လည်အခမ်းတစ်ရပ် ကျင်းပလိုက်ပါတယ်။
2016-06-07
အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့- မဘသ တည်ထောင်ခြင်း သုံးနှစ်ပြည့်ညီလာခံကနေ သတင်း မီဒီယာတွေကို သတိပေးပြောကြား လိုက်သလို၊ ဖမ်းဆီးခံထားရတဲ့ ဦးနေမျိုးဝေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း အစိုးရကို တောင်းဆိုလိုက်ပါတယ်။
2016-06-07
မန္တလေးတိုင်း ပလိပ်မြို့၊ "ပန်ဒါ" ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်-အလုပ်သမား သဘောတူစာချုပ်ကို အလုပ်ရှင်ဘက်က ချိုးဖောက်တဲ့အတွက် အရေးယူပေးဖို့ အလုပ်သမားခေါင်းဆောင်တချို့ နေပြည်တော်က ဝန်ကြီးဌာနရုံးချုပ်တွေကို သွားရောက်တိုင်ကြားခဲ့ကြပါတယ်။