သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-04-13
မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အများစုမှာ အခုနှစ် သြင်္ကန်ကာလအတွင်း အပူချိန်တွေ ပိုပြီးမြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနဲ့ မိုးလေဝသပညာရှင်တွေက သတိပေးထားပါတယ်။
2019-04-13
ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ၁၅ နှစ်ကြာ ကျင်းပခဲ့တဲ့ လောင်းလှေနဲ့ ရေပက်ကစားကြတဲ့ ရခိုင်ရိုးရာ သြင်္ကန်ပွဲတော်ကို ဒီနှစ်မှာ မကျင်းပတော့ပါဘူး။
2019-04-13
တရုတ်မြန်မာနယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာ ဒီနေ့ စတင်ကျင်းပတဲ့ နိုင်ငံတကာ အခွန်ကင်းလွတ်ခွင့် ကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ကုန်သည်တွေ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ဘူးလို့ သိရပါတယ်။
2019-04-12
ရခိုင်ပြည်နယ်မှာ ရှေးဟောင်းစေတီပုထိုးတွေ အများဆုံးရှိတဲ့ မြောက်ဦးမြို့ပေါ်မှာ မြန်မာ့တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် ဒေသခံတွေ ဒုက္ခရောက်ကြရသလို ဘုရားပုထိုးစေတီတွေကို ထိမှန်ပြီး ပျက်စီးတာတွေလည်း ရှိနေပါတယ်။
2019-04-12
AA ဌာနချုပ်ရှိရာ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ရခိုင်တိုင်းရင်းသား လူငယ်တွေအပြင် အမျိုးသမီးတွေပါ စစ်သင်တန်း တက်ရောက်နေကြပါတယ်။ ရခိုင်အမျိုးသမီးတွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေကြတာပါလဲ…။
2019-04-12
အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကိုထွက်ခွာသွားကြပြီး ကမ္ဘာအရပ်ရပ်မှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်လာပြီး နိုင်ငံဖွံ့ဖြိုးရေးမှာ ပါဝင်ကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။
2019-04-11
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာမှာ တပ်မတော်သားနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်လို့ သေဆုံးဒဏ်ရာရသူတွေအတွက် နိုင်ငံတော်ထံက နစ်နာကြေးပေးဖို့ မိသားစုဝင်တွေက ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုလိုက်ပါတယ်။
2019-04-11
ဒီတပတ်အစီအစဉ်မှာ… ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ထိုင်းနိုင်ငံက RFA ပရိသတ်တွေ ပေးပို့လာတဲ့ စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-04-11
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အနာဂတ်ဖယ်ဒရယ်နိုင်ငံ တည်ထောင်နိုင်မယ့် စီမံချက်တစ်ရပ်ကို တင်ပြခဲ့တယ်လို့ KNU ကရင် အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က ပြောလိုက်ပါတယ်။
2019-04-10
ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကိုရပ်ဆိုင်းပြီး စားပွဲဝိုင်းမှာ ဆွေးနွေးအဖြေရှာကြဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်လ်က ဒီကနေ့ ပြောလိုက်ပါတယ်။
2019-04-10
တရုတ်ကုမ္ပဏီတစ်ခုနဲ့ မြန်မာနိုင်ငံသားတစ်ဦး ပူးပေါင်းပြီး အိမ်ထောင်စုလေးထောင်ကျော်ဆီကနေ မြန်မာငွေကျပ်သိန်းပေါင်း ၂၇ဝဝဝ (အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်) လိမ်လည်သွားတယ်ဆိုပြီး အလိမ်ခံရသူတချို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2019-04-10
ဒီနှစ်သြင်္ကန်မှာ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က လက်ရှိ NLD အစိုးရရဲ့ သံချပ်စာသားတွေ ကြိုတင်စိစစ်ခွင့်ပြုချက် ရယူရမယ်ဆိုတဲ့အပေါ် လုံးဝကန့်ကွက်ပြီး အရင်နှစ်တွေအတိုင်း ဆင်ဆာမတင်ဘဲ လှည့်လည်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။
2019-04-09
အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ မူးယစ်ဆေးဝါး တားဆီးရေးအပါအဝင် အချက် ၁၁ ချက်ကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့တွေအကြား အဆင့်မြင့်အရာရှိကြီးတွေ အစည်းအဝေးမှာ သဘောတူညီမှု ရရှိခဲ့ပါတယ်။
2019-04-09
လမ်းလျှောက်သင်္ကြန်ရယ်လို့ မြန်မာနိုင်ငံမှာ စတင်ကျင်းပခဲ့တဲ့ မန္တလေးမြို့သင်္ကြန်ဟာ ဒီနှစ်မှာလည်း တောသင်္ကြန်၊ တိုင်းရင်းသား သွေးချင်းများသင်္ကြန်နဲ့ ရပ်ကွက်အလိုက် ယိမ်းပြိုင်ပွဲတွေ ထပ်မံတိုးချဲ့ကျင်းပပြုလုပ်ဖို့ စီစဉ်နေပါတယ်။
2019-04-09
အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသောင်းနီးပါးအထိ ရှိလာခဲ့ပေမယ့် ဒီဒုက္ခသည်တွေကို ပြည်နယ်အစိုးရအဖွဲ့က တွေ့ဆုံအားပေးတာတွေ မရှိဘူးလို့ ဒုက္ခသည်တွေက ပြောပါတယ်။