သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-30
ဒီနှစ် ရန်ကုန်သြင်္ကန်မှာ လုံခြုံရေး အစီအစဉ်တွေ ကြိုတင်ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရုံးမှာ ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက ဦးဆောင်ပြီး အစည်းအဝေးတစ်ခု ကျင်းပခဲ့ပါတယ်။
2017-03-30
ရခိုင်ပြည်နယ်မှာ အချိန်အတော်ကြာရပ်နားထားခဲ့ရတဲ့ အစိုးရရဲ့ ခရီးသည်တင်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ဂျပန်နိုင်ငံက ခရီးသည်တင် သီးသန့်အမြန်ရေယာဉ် တစ်စီးကို ဒီနေ့ ပေးအပ်လှူဒါန်းလိုက်ပါတယ်။ RFA သတင်းထောက် သန့်ဇင်ဦး က တင်ပြထားပါတယ်။
2017-03-27
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကို အသိပေးပြီးဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2017-03-27
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ကျေးရွာသားတွေကို ပစ်ခတ်ဖြိုခွင်းခဲ့တဲ့ ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့က ရွာသား ၅၀ ဦးကို ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားကြောင်း ဆားလင်းကြီးမြို့နယ်ရဲမှူး ဦးဌေးဝင်း က မတ်လ ၂၇ရက်နေ့က ပြောပါတယ်။
2017-03-27
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး ဆောက်လုပ်ဖို့နဲ့ ဒဂုံတက္ကသိုလ်တည်ဆောက်ဖို့ သိမ်းဆည်းခံ လိုက်ရတဲ့ လယ်မြေတွေ ပြန်လည်ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ လယ်သမား ၃ဝ ကျော် ဆန္ဒပြခဲ့ကြ ပါတယ်။
2017-03-27
ချင်းပြည်နယ်က "ချို" မျိုးနွယ်စု ချင်းတိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်းအရ ငယ်စဉ်က ပညာမသင်ကြားခဲ့ရတဲ့ အမျိုးသမီး အတော်များများ ရှိခဲ့ပါတယ်။
2017-03-26
" ပြည်တွင်းအလုပ်အကိုင် ရှားပါးမှုနဲ့ နိုင်ငံရပ်ခြား အလုပ်အကိုင်တွေ အကြောင်း " ဆိုတဲ့ ခေါင်း စဉ်အောက်မှာ မသက်သက်အောင် (အလုပ်သ မားရေးရာတာဝန်ခံ - ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း)၊ ကိုအေးချမ်းမောင်မောင် (အထည်ချုပ်အလုပ်သမား - မင်္ဂလာဒုံ စက်မှုဇုန်) နဲ့ ကိုသက်ခိုင် (ကိုရီးယားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသူ (ဖုန်းဖြင့်ပါဝင်ဆွေးနွေးမည်) တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-03-25
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ရှေ့နေဦးကိုနီကို လုပ်ကြံရာမှာ ပါဝင်တဲ့ ကြည်လင်း၊ ဇေယျာဖြိုး၊ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ ၄ ဦးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ မြောက်ပိုင်းခရိုင်တရားရုံးမှာ ဒီကနေ့ မတ်လ ၂၄ ရက်နေ့မှာ ရုံးထုတ်ခဲ့ပါတယ်။
2017-03-25
ဒီနှစ် ရန်ကုန်မြို့မှာကျင်းပမယ့် မြန်မာ့ရိုးရာ အတာသြင်္ကန်ပွဲတော်မှာ စီးပွားဖြစ် ရေကစားမဏ္ဍပ်တွေ ကို လုံးဝ ခွင့်ပြုမှာမဟုတ်ဘူးလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
2017-03-25
ရှမ်းပြည်မြောက်ပိုင်းလားရှိုးခရိုင်က ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနဲ့ စေတနာရှင်တွေ၊ စာပေချစ်သူတွေ ပူးပေါင်းပြီး ကလေးစာပေပြပွဲနဲ့ စာအုပ်ဈေးရောင်းပွဲကို လားရှိုးမြို့တော်ခန်းမမှာ မတ်လ ၂၄ရက်နေ့က စတင် ကျင်းပနေပါတယ်။
2017-03-25
ကယားပြည်နယ် ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ "ပရဲ့ ကယော" လူမျိုးတွေနေထိုင်ရာ ကယောဒေသဟာ KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ထိန်းချုပ်တဲ့ဒေသ ဖြစ်ပါတယ်။
2017-03-25
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါ တယ်။
2017-03-24
ကွယ်လွန်သူ ငြိမ်းချမ်းရေးပိသုကာ- အမျိုးသားစာဆို ဆရာကြီး သခင် ကိုယ်တော်မှိုင်းရဲ့ ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်း အနားကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက် မုခ်က "သခင်ကိုယ်တော်မှိုင်းဂူဗိမာန်" မှာ ဒီကနေ့ ကျင်းပခဲ့ရာမှာ နိုင်ငံရေးသမားတွေနဲ့ မိသားစု ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
2017-03-24
မော်လမြိုင်-ချောင်းဆုံတံတားကို "ဗိုလ်ချုပ်အောင်ဆန်းတံတား" လို့ နာမည်ပေးရတာဟာ ဖက်ဒရယ်နဲ့ ဒီမိုကရေစီ ရှင်သန်စေချင်တာကြောင့် နိုင်ငံရေးအရ ပေးတာဖြစ်တယ်လို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဒီနေ့ လွှတ်တော်အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။ RFA သတင်းထောက် မသက်စုအောင်က တင်ပြထားပါတယ်။
2017-03-24
ဧပြီလ ၁ ရက်နေ့ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းအတွက် အနုပညာရှင်တချို့ စုပေါင်းပြီး ရန်ကုန် လှိုင်သာယာမြို့နယ်မှာ မတ်လ ၂၃ရက်နေ့က မဲဆွယ်စည်းရုံးခဲ့ကြပါတယ်။