သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-02-04
သီးနှံဈေးနှုန်းတွေ အဆမတန်ကျဆင်းနေတာကို အစိုးရက ဖြေရှင်းပေးဖို့အတွက် မနေ့က လွိုင်ကော်မြို့ကနေ မိုးဗြဲမြို့အထိ ချီတက်ဆန္ဒပြခဲ့ကြတဲ့ ကယားပြည်နယ် နဲ့ ရှင်းပြည်တောင်ပိုင်းက တောင်သူတွေဟာ ဒီကနေ့ မိုးဗြဲမြို့ကနေ ဒီမောဆိုမြို့ကို ဆက်ပြီး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2017-02-04
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ တနှစ်ကျော် ကာလအတွင်း ဖားကန့်ကျောက်စိမ်း နယ်မြေကို တရားမဝင် သယ်ယူနေတဲ့ အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ် တသိန်းကျော် ဖမ်းဆီးရမိထားပါတယ်။
2017-02-04
မုဒုံမြို့မှာထားရှိမယ့် ဗိုလ်ချုပ်အောင်ဆန်း ပုံတူရုပ်တုကို မွန်ပြည်နယ် ကျိုက်ထိုမြို့ကနေ မုဒုံမြို့ကို ဒီနေ့သယ်ဆောင်ခဲ့ပြီး မုဒုံမြို့က အရပ်ဘက်အဖွဲ့တွေ အပါအဝင် ဒေသခံတွေက ဆိုင်ကယ်တွေ ကားတွေနဲ့ သွားရောက် ကြိုဆိုခဲ့ကြပါတယ်။
2017-02-03
ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ် မှာ ရှေ့နေဦးကိုနီကို လုပ်ကြံသူကို ကူညီဖမ်း ဆီးပေးရင်း သေနတ်ထိမှန်သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ မိသားစုကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈၉- ၉ဝ ခုနှစ် လူငယ်အဖွဲ့ဝင်ဟောင်းတွေ၊ ရန်ကုန်တိုင်း "အိုလမာ" အစ္စလာမ်သာသနာ့ ပညာရှင်များအဖွဲ့ ချုပ်နဲ့ ထိုင်းအခြေစိုက် PTTEP ကုမ္ပဏီဝန် ထမ်းတွေက ဒီနေ့ အလှူငွေတွေ သွားရောက်လှူဒါန်း ခဲ့ပါတယ်။
2017-02-03
ရှေ့နေဦးကိုနီ လုပ်ကြံခံရတာနဲ့ပတ်သက်ပြီး… "လူသတ်ဝါဒ ဆန့်ကျင်ကြ" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတခုကို မကြာသေးခင်ကမှ ဖွဲ့စည်းလိုက်တဲ့ "ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးအဖွဲ့" က ဦးဆောင်ပြီး ရန်ကုန် တောင်ဥက္ကလာပ မြို့နယ်က စိတ်တိုင်းကျစားသောက်ဆိုင်မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2017-02-02
ရှမ်းပြည်နယ်မြောက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားတဲ့ နမ့်ဆန်မြို့နဲ့ မန်တုံမြို့နယ် ၂ မြို့နယ်အတွင်းမှာ မန်တုံမြို့ဟာ ဒေသဖွံ့ဖြိုးရေးမှာ များစွာနောက်ကျနေတယ်လို့ဒေသဦးစီး အဖွဲ့ဝင်တွေက ပြောပါတယ်။
2017-02-02
ပြောင်းနဲ့ပဲဈေးတွေ အဆမတန် ဈေးကျနေတဲ့အတွက် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ ကယား ပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းက တောင်သူတွေ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2017-02-02
စစ်ကိုင်းမြို့မှာ ဒေသခံ သံဃနာယကအဖွဲ့ရဲ့ ထောက်ခံချက်မပါဘဲ ဘုန်းကြီးကျောင်းအသစ် ဆောက်လုပ်နေတာတွေ ရပ်တန့်ပေးဖို့ ဒေသခံကျောင်းတိုက် ၉ ခုက သံဃာတော်အပါး ၆ဝ လောက် ဒီကနေ့ လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2017-02-02
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အသရေပျက်စေတဲ့ စာသားတွေ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားလို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတဲ့ NLD ပါတီ ဗဟိုသုတေသန လမ်းညွန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ပုဒ်မ ၆၆-ဃ နဲ့ စွဲချက်တင်ဖို့ ကမာရွတ်မြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက် ပါတယ်။
2017-02-02
ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ်မှာ ရှေ့နေဦးကိုနီကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံသူကို ကူညီဖမ်းဆီးရင်း သေနတ်ထိမှန် သေဆုံးခဲ့တဲ့ အငှားယာဉ်မောင်း ဦးနေဝင်းရဲ့ ဈာပနကို ဇန်နဝါရီလ ၃၁ရက်နေ့က ကျင်းပခဲ့ပါတယ်။
2017-02-02
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ်ရဲ့ တခုတည်းသော လစ်လပ်မဲဆန္ဒနယ် ဖြစ်တဲ့ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာမှာ နိုင်ငံရေးပါတီ ၅ ခု ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး၊ ကျေးရွာတွေမှာ ပါတီတချို့က စပြီး မဲဆွယ်စည်းရုံးနေကြပါပြီ။
2017-02-02
တနိုင်ငံလုံးက လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာအတွက် လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်စာရင်းတွေကို ရပ်ကွက်နဲ့ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ ဒီကနေ့ စပြီး ကြေညာပေးထားပြီ ဖြစ်ပါတယ်။ RFA သတင်းထောက် ကိုအောင်သိင်္ခ က တင်ပြထားပါတယ်။
2017-02-02
လားဟူ တိုင်းရင်းသားတွေရဲ့ ရိုးရာနှစ်သစ်ကူး ပွဲတော်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး ရှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် ပိန်းဆာ လားဟူကျေးရွာမှာ ကျင်းပနေပါတယ်။ လားဟူတိုင်းရင်းသားတွေ နေထိုင်တဲ့ တခြားမြို့နယ်တွေနဲ့ ကျေးရွာတွေမှာလည်း အလားတူနှစ်သစ်ကူးပွဲတော်ကို ၈ ရက်တိုင်တိုင် တပြိုင်တည်း ကျင်းပနေပါတယ်။