သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-06-03
မကွေးတိုင်း မင်းဘူးမြို့နယ်က မန်းရေနံထုတ်လုပ်ရေးကို အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီ ဖက်စပ် လုပ်ကိုင်ပြီးနောက်ပိုင်း အခုအခါ အနီးတဝိုက်က စိုက်ပျိုးမြေတွေကိုပါ ထိန်းချုပ်လာတဲ့အတွက် မူလပိုင်ရှင် တောင်သူတွေ အခက်တွေ့နေကြပါတယ်။ ဒီအကြောင်း မြေလတ်ဒေသအခြေစိုက် RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2014-06-03
ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ထပ်မံမဖြစ်ပွားဖို့နဲ့၊ တည်ငြိမ်အေးချမ်းရေးအတွက် မြို့နယ်အသီးသီး က စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့ဝင် သံဃာတွေ စစ်တွေမြို့မှာ ဒီကနေ့ ဆွေးနွေးနေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-06-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ ၁ ရက်၊ မနေ့က နေပြည်တော် ပျဉ်းမနား၊ လယ်ဝေးနဲ့ တပ်ကုန်းမြို့နယ်တွေမှာ ပြုလုပ်တဲ့ "ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ လက်မှတ် ရေးထိုးပွဲ" တွေကို တက်ရောက်ဟောပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ဇောဝင်းက တင်ပြထား ပါတယ်။
2014-06-02
အခုနှစ်ဆန်းပိုင်းက ကချင်ပြည်နယ် ဗန်မော်ခရိုင်၊ မိုးမောက်မြို့နယ် ဂျာအင်ယန်ဒေသမှာ အစိုးရတပ် က နယ်မြေရှင်းလင်းချိန်မှာ တရားမဝင် သစ်တန်ချိန် ၃၇ဝဝ ကျော် ဖမ်းမိခဲ့ပါတယ်။ အဲဒီသစ်တွေကို လာမယ့် ဇွန်လ တတိယပတ်အတွင်း လေလံတင်ရောင်းချမယ်လို့ သိရပါတယ်။ RFAသတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2014-06-02
ကယားပြည်နယ် ဒီမောဆိုမြို့နယ်မှာ ရွှေကိန္နရီကုမ္ပဏီက ထုံးကျောက်ထုတ်လုပ်ပြီး ဘိလပ်မြေ စက်ရုံ ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အပေါ် ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။ RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။
2014-06-02
ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်၊ နောင်တောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ တနိုင်ငံလုံးက ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းထိုင်ဆရာတော်တွေ၊ ဆရာဆရာမတွေ စုပေါင်းပြီး "ဘကကျောင်းများ" အဆင့်မြှင်တင်ရေးအတွက် ဆွေးနွေးနေကြပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2014-06-02
နိုင်ငံတကာ ဗုဒ္ဓအခါတော်နေ့ အထိမ်းအမှတ် ပွဲတခုကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်အနီးက မြန်မာဘုန်းတော်ကြီးကျောင်းမှာ မနေ့က ကျင်းပခဲ့ပါတယ်။ ဒီပွဲကျင်းပတာနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားက သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ RFA အဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။