သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-03-14
ကလေးလုပ်သားပပျောက်ရေးအမျိုးသားအဆင့် လုပ်ငန်းစီမံချက်ရေးဆွဲနိုင်ရေးအစည်းအဝေးကို ဒီကနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ တက်ရောက်ခဲ့ပါတယ်။
2017-03-14
အစိုးရ ဝန်ထမ်းတွေအပြင် ပုဂ္ဂလိက အလုပ်သမားတွေကိုပါ သြင်္ကန်ပိတ်ရက် ၁ဝ ရက် ပေးနိုင်ဖို့အတွက် အလုပ်သမား- လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်တွေ ဒီနေ့ ရန်ကုန်မြို့ မှာ တွေ့ဆုံဆွေးနွေးကြ ပါတယ်။
2017-03-14
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တရားဟောခွင့် တနှစ်ပိတ်ပင်လိုက်တဲ့ မန္တလေးမြို့ မစိုးရိမ် တိုက်သစ်ဆရာတော် ဦးဝီရသူ လွတ်လပ်စွာ တရားဟောပြောခွင့် ရဖို့ ကြိုးစားသွားမယ်လို့ မျိုးချစ် ရဟန်းပျိုများသမဂ္ဂ အတွင်းရေးမှူး ဦးသုစိတ္တက မိန့်ကြားလိုက်ပါတယ်။
2017-03-12
" ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်း " ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဦးသိန်းထွန်းဦး (အမှုဆောင်ဒါရိုက်တာ - သေနင်္ဂ မဟာဗျူဟာ လေ့ လာရေးအဖွဲ့) နဲ့ ဦးအောင်မိုးဇော် (ဥက္ကဌ - လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ)တို့က ပင်တိုင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
2017-03-11
မကွေးတိုင်းအတွင်းမှာ နွေရာသီရောက်တိုင်း သောက်သုံးရေပြတ်လတ်တာတွေ ရင်ဆိုင်နေရတဲ့အပြင်၊ ဒေသခံအများ စု အသုံးပြုနေတဲ့ ရေကန်တွေဟာ လည်း သောက်သုံးဖို့ မသင့်တော်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
2017-03-11
ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ် မတ်လ ၁ဝ ရက်နေ့က ဒီမိုကရေစီ ပညာရေးစနစ်အတွက် တောင်းဆိုတဲ့ ကျောင်းသား သပိတ်စစ်ကြောင်း ပဲခူးတိုင်းလက်ပံတန်းမြို့မှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ၂ နှစ်ပြည့် အခမ်းအနားကို လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2017-03-10
ပြည်သူ့ဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင် ထုတ်ပေးမယ်ဆိုပြီး ပြောင်းလဲလိုက်တဲ့စနစ်ဟာ သူနာပြုတွေအတွက် ထိခိုက်နစ်နာနေတဲ့ အတွက် ဒီစနစ်ကိုပြန်ရုတ်သိမ်းပေးဖို့ သူနာပြုတက္ကသိုလ် ကျောင်းသားတွေ က တောင်းဆိုလိုက်ပါတယ်။
2017-03-10
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ရဲ့ နောက်ဆက် တွဲ-၂ ပါ စီမံကိန်း လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဥပဒေကြမ်း ပူးပေါင်းကော် မတီရဲ့ လေ့လာတွေ့ရှိချက်တွေ၊ သဘောထားမှတ်ချက်နဲ့ ပြင်ဆင်ဖြည့်စွက် ချက်တွေ အပေါ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဒီနေ့ ဆွေးနွေးခဲ့ပါတယ်။
2017-03-10
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ် ပါတယ်။
2017-03-10
Myanmar Now သတင်းဌာန သတင်းထောက်ချုပ် ကိုဆွေဝင်းကို မဘသ ဆရာတော် ဦးဝီရသူရဲ့ တပည့်ဒကာဖြစ်သူ ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ မန္တလေးမြို့ မဟာအောင်မြေ အမှတ်-၇ နယ်မြေရဲစခန်းမှာ မတ်လ ၇ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။
2017-03-10
မသန်စွမ်းအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နည်းဥပဒေ ထွက်ရှိစေဖို့အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ် ဆန်းစစ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် တာဝန်ရှိသူတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
2017-03-10
ဆောက်လုပ်ရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ထားတဲ့၊ ကန်ထရိုက်စနစ်နဲ့ လုပ်ငန်းဆောင်ရွက်ရာ မှာ လိုက်နာရမယ့် လုပ်ငန်းလမ်းညွန်ချက်တွေကို အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်က လိုက်နာကျင့်သုံးဖို့ အစိုးရအဖွဲ့ကို တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ မတ်လ ၉ရက်နေ့က အတည်ပြုလိုက်ပါတယ်။
2017-03-10
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ် ဇွန်လက စစ်ကိုင်းတိုင်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသမှာ ကူးစက်မြန် ဝက်သက်ရောဂါကပ်ဆိုး ကျရောက်ပြီး ကလေးငယ်တွေအပါအဝင် အမြောက်အမြား သေဆုံးခဲ့ပါတယ်။
2017-03-10
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ရထားလမ်းစီမံကိန်းအတွက်ဆိုပြီး လယ်ယာမြေတွေ သိမ်းဆည်းခံခဲ့ရတဲ့ တောင်သူတွေက အစီရင်ခံစာတစောင် ထုတ်ပြန်ဖို့ ပြင်ဆင်နေပါတယ်။
2017-03-09
ရှမ်းပြည်နယ် ကိုးကန့်ဒေသ လောက်ကိုင်မြို့အတွင်း မတ်လ ၆ ရက်နေ့ကတည်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေ နဲ့ ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။