သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-11
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို မန္တလေးမြို့ မနော်ရမ္မံကွင်းမှာ ဒီနေ့ကျင်းပရာမှာ လူအင်အားတထောင်ကျော် ပါဝင်ခဲ့ပါတယ်။
2019-02-10
မကြာခင် ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုတော့မယ့် အလုပ်ရှင်-အလုပ်သမားအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ အလုပ်သမားတွေရဲ့ ဆန္ဒသဘောထားတွေ ပါဝင်နိုင်ရေးအတွက် အလုပ်သမား နှစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2019-02-08
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA အကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ်က အင်အားအယောက် ၂ဝ ကျော်နဲ့ စတင် တည်ထောင်ခဲ့တဲ့ ရခိုင့်တပ်မတော် AA ဟာ လက်ရှိမှာ လူအင်အား သောင်းဂဏန်းအထိ ရှိလာနေပြီလို့ လေ့လာသူတွေက ပြောပါတယ်။
2019-02-08
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာအုပ်စု အထက်မန်ပြိန်းကျေးရွာအနီးမှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တိုက်ပွဲကြောင့် ရွာသားလေးဦး သေဆုံးပြီး ရွာလုံးကျွတ် ထွက်ပြေးခဲ့ကြရပါတယ်။
2019-02-08
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရေး ပထမအကြိမ်အစည်းအဝေးမှာ အဆင်မပြေတာတွေ ရှိခဲ့တဲ့အတွက် ကော်မတီကိုယ်စားပြု အရေအတွက်ကိစ္စ နောက်တပတ်မှ ဆက်ပြီး ဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2019-02-08
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းမှာ တည်ရှိတဲ့ ပလိပ်အင်းမှာ ငှက်ဖမ်းမုဆိုးတွေက ငှက်တွေကို အဆိပ်ကျွေးပြီး ဖမ်းဆီးသတ်ဖြတ်တာတွေ နေ့စဉ်နေ့တိုင်းနီးပါး ဖြစ်နေပါတယ်။
2019-02-07
မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒေသခံ ထောင်နဲ့ချီပြီး ဒီနေ့ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။
2019-02-07
မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ အဝတ်အစားတွေ အလှူခံပြီး လိုအပ်နေတဲ့မိသားစုတွေကို ပေးလှူနေတဲ့ ပရဟိတအဖွဲ့တစ်ခုကို လူငယ်တစ်စုက ဦးဆောင်ပြီး လုပ်ကိုင်နေကြပါတယ်။
2019-02-07
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က အစိုးရလုံခြုံရေးတပ်ဖွဲ့က ငွေကြေးနဲ့ အဖိုးတန်လက်ဝတ်ရတနာတွေ ယူဆောင်သွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
2019-02-07
တရားဝင်လိုင်စင်မရှိဘဲ ထိုင်းနိုင်ငံကို အလုပ်သမားပို့ဆောင်ခဲ့တဲ့ “ချင်းမိုင်ကုမ္ပဏီ” ကို အာဏာပိုင်တွေက ဖမ်းဆီးအရေးယူထားတယ်လို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (MOEAF) ကနေ သိရပါတယ်။
2019-02-07
■ ဒီတပတ်အစီအစဉ်မှာ… ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနဲ့ ရခိုင်ပြည်နယ်… စတဲ့ဒေသတွေက RFA ပရိသတ်တွေ ပေးပို့လာတဲ့စာတွေကို တင်ပြပေးမှာဖြစ်ပါတယ်။
2019-02-07
ဒီကနေ့ကျရောက်တဲ့ ၇၂ နှစ်မြောက် ရှမ်းအမျိုးသားနေ့ကို ရှမ်းပြည်နယ်အတွင်းက ဒေသအသီးသီးမှာ ကျင်းပခဲ့သလို၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဌာနချုပ်ရှိရာ ထိုင်းမြန်မာနယ်စပ် လွိုင်တိုင်းလျဲန်းဒေသမှာလည်း ကျင်းပခဲ့ပါတယ်။
2019-02-06
ဖုန်းအသုံးပြုခကျသင့်ငွေတောင်းခံလွှာတွေနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုပေးနေတဲ့ Red Dot Network ကုမ္ပဏီ ပိတ်သိမ်းလိုက်တဲ့အတွက် ကိုယ်စားလှယ်ယူထားသူတွေ ကျပ်သိန်းပေါင်း ၅ သောင်းကျော် နစ်နာဆုံးရှုံး နေတယ်လို့ သိရပါတယ်။
2019-02-06
တရုတ်နိုင်ငံ ကြံခင်းတွေမှာ အလုပ်လုပ်ကိုင်ရင်း တရုတ်အလုပ်ရှင်နဲ့ အဆင်မပြေတဲ့အတွက် အစာရေစာ ဖြတ်တောက်ခံရပြီးနောက် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာပြည်ကို ငါးနာရီကြာ လမ်းလျှောက်ပြန်လာခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ကနီမြို့နယ်နဲ့ ကလေးမြို့နယ်တွေက အလုပ်သမားတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ပါတယ်။
2019-02-06
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ တပ်မတော်ရဲ့ ပစ်ခတ်မှုကြောင့် အသက် ၇ နှစ် အရွယ်မောင်နိုင်စိုး သေဆုံးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူကိုအရေးယူပေးဖို့ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။