သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-06
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းဖို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် တင်သွင်းတဲ့ အရေးကြီးအဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲအများစုနဲ့ အတည်ပြုလိုက်ပါတယ်။
2019-02-06
မြစ်ဆုံရေကာတာစီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဒေသခံတွေ စုပေါင်းပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ဆန္ဒပြကြမယ်လို့ သိရပါတယ်။
2019-02-05
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တေ့ွဆုံခဲ့ပါတယ်။
2019-02-05
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ဖွဲ့စည်းဖို့ အရေးကြီးအဆိုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အယောက် ၃ဝ က ဆွေးနွေးခဲ့ပါတယ်။
2019-02-04
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းမှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုအောင်အောင်သက် သေဆုံးမှုနဲ့ ပတ်သက်လို့ အမှုမှန်ပေါ်ပေါက်စေချင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2019-02-04
မြန်မာနိုင်ငံကနေ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အကြောင်းအမျိုးမျိုးကြောင့် စွန့်ပစ်ခံခဲ့ကြရတဲ့ မိဘမဲ့ကလေးတွေထဲက ၄၆ ယောက်ကို ဒီကနေ့ ထိုင်းအစိုးရက ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ နိုင်ငံသားမှတ်ပုံတင်တွေကို ပထမဆုံးအကြိမ် ထုတ်ပေးလိုက်ပါတယ်။
2019-02-02
မကွေးတိုင်း ဒေသကြီး သရက်မြို့မှာ မနေ့ညနေက ဒေသခံတွေအချင်းချင်း ပြဿနာဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်သုံး ပစ်ခတ်ဖြိုခွင်း ခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး သရက်ခရိုင် ဆေးရုံကို တင်ပို့ကုသနေရပါတယ်။
2019-02-01
လွှတ်တော်တွင်းမှာရှိတဲ့ မတူညီတဲ့ပါတီတွေက ကိုယ်စားလှယ်တွေအချင်းချင်း တစ်ဦးနဲ့တစ်ဦး မတိုက်ခိုက်ကြဘဲ၊ တခြားသူတွေရဲ့ အရည်အချင်းတက်လာအောင် ဝေဖန်ထောက်ပြတာမျိုး ဖြစ်ဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။
2019-02-01
ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ “ကရင်အမျိုးသားအစည်းအရုံး” KNU အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့တာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ အနှစ် ၇ဝ ပြည့်ပြီ ဖြစ်ပါတယ်။
2019-02-01
ရိုက်သတင်းထောက်နှစ်ဦးအမှုကို ပြည်ထောင်စုတရားလွှတ်တော်ရုံးကို ဒီနေ့အယူခံတင်လိုက်ပါတယ်။
2019-02-01
ရှေ့နေဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကြည်လင်းကို ပြစ်ဒဏ်လျှော့ပေးဖို့နဲ့ ဇေယျာဖြိုး အပါအဝင် ကျန်ရှိသူတွေကို အမှုကနေ တရားသေလွှတ်ပေးဖို့ တရားခံရှေ့နေတွေက တရားရုံးမှာ ဒီနေ့ လျှောက်လဲချက်တင်ခဲ့ပါတယ်။
2019-02-01
NLD အစိုးရလက်ထက်မှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေ ပိုမိုဆိုးရွားလာကြောင်း HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
2019-01-31
ကချင်ပြည်နယ် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်မှာရှိတဲ့ IDP စခန်းတွေက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု ၁၇ စုက ဒုက္ခသည် ၁ဝ၅ ယောက်ကို သူတို့ရဲ့ မူလကျေးရွာဖြစ်တဲ့ ဝိုင်းမော်မြို့နယ် နမ်ဆန်ယာန်ကျေးရွာကို ဇန်နဝါရီလ ၃ဝ ရက်နေ့က ပြန်ပို့ဆောင်လိုက်ပါတယ်။
2019-01-31
နှစ် ၇ဝ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကို KNU ဗဟိုဌာနချုပ်ရှိရာ ကရင်ပြည်နယ် ဘားအံခရိုင်၊ ကလိုယော်လေးမှာ ဒီကနေ့မနက်ပိုင်းက စစ်ရေးပြအခမ်းအနားနဲ့ ကျင်းပခဲ့ပါတယ်။
2019-01-31
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကေ်ာမတီဖွဲ့စည်းဖို့ အရေးကြီးအဆိုကို လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးဆိုပြီး ပြည်ထောင်စုလွှတ်တော် နာယကထံ ကန့်ကွက်လွှာ ပေးပို့ထားတယ်လို့ တပ်မတော်သားကိုယ်စားလှယ်ခေါင်းဆောင် ဗိုလ်မှူးချုပ်မောင်မောင်က ဒီနေ့ ပြောလိုက်ပါတယ်။