သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-07
သမ္မတဦးထင်ကျော်အနေနဲ့ သြင်္ကန်မတိုင်ခင် မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးနိုင်တယ်လို့ လက်ရှိတရားရုံးတွေမှာ အမှု ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ က မျှော်လင့်နေကြပါတယ်။
2016-04-07
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ဒီကနေ့ ကတိသစ္စာပြုခဲ့ကြရာမှာ NLD အစိုးရနဲ့ မပူးပေါင်းနိုင်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတဲ့ ANP ရခိုင်အမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးကျော်လွင် က ပြည်နယ်ဝန်ကြီးအဖြစ် တာဝန်ယူလိုက်ပါတယ်။ ဆင်းရဲတွင်းနက်နေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် NLD နဲ့အတူ ကြိုးပမ်းချင်တဲ့အတွက် ဝန်ကြီးတာဝန်လက်ခံလိုက်တာလို့ ဦးကျော်လွင်က ပြောပါတယ်။
2016-04-07
ဒုသမ္မတအဖြစ် တင်မြောက်ခံခဲ့ရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေကို မှော်ဘီမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေက စတုဒီသာကျွေးပြီး ကြိုဆိုလိုက်ကြပါတယ်။
2016-04-07
ကချင်ပြည်နယ်အစိုးရအဖွဲ့မှာ လီဆူတိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးအားတီယောနဲ့ ပြည်နယ်အစိုးရသစ် ကြိုဆိုပွဲကို မြစ်ကြီးနားမြို့ ပမ္ဗတီးရပ်ကွက်မှာ ကျင်းပခဲ့ကြပါတယ်။
2016-04-07
မြန်မာနိုင်ငံကိုရောက်နေတဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ဧပြီလ ၇ ရက် ဒီကနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-04-07
အစိုးရတပ်နဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ အကြား အပစ်အခတ်ရပ်စဲရေး NCA သဘောတူ စာချုပ်အတိုင်း လိုက်နာမှုရှိမရှိ လေ့လာစောင့်ကြည့် မယ့် အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အလုပ် ရုံဆွေးနွေးပွဲကို လားရှိုးမြို့မှာ သုံးရက်ကြာ ကျင်းပနေ ပါတယ်။
2016-04-07
သမ္မတရုံးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံရတဲ့ ဦးဇော်ဌေးဟာ ဒီကနေ့ သမ္မတဦးထင်ကျော်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ အီတလီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့တာတွေကို သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြခဲ့ပါတယ်။
2016-04-07
ရန်ကုန်တိုင်းအတွင်းက ကျူးကျော်နေထိုင်သူတွေကို အရင်အစိုးရ လက်ထက်တုန်းကလို အင်အားသုံး ဖယ်ရှားတာတွေ မလုပ်ဘဲ၊ ဆွေးနွေးညှိနှိုင်းတဲ့ နည်းလမ်းနဲ့ဖြေရှင်းဖို့ လှိုင်သာယာမြို့နယ် ရွှေသံလွင်ရပ်ကွက်က ကျူးကျော်နေထိုင်သူတွေက အစိုးရသစ်ကို မေတ္တာရပ်ခံလိုက်ပါတယ်။
2016-04-07
၈၈ မျိုးဆက်အဖွဲ့နဲ့ ၈၈ ငွေရတုကော်မတီက ဖွင့်လှစ်ထားတဲ့ "ရှစ်လေးလုံး-သမိုင်းပြတိုက်" ကို နိုင်ငံခြားသားခရီးသည်တွေ လာရောက်လေ့လာကြတာ များလာနေပါတယ်။
2016-04-07
စစ်ကိုင်းမြို့ ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည် စက်ရုံရှေ့မှာ တစ်လကျော်ကြာ ထိုင်သပိတ်မှောက်ပြီး ဆန္ဒပြနေကြတဲ့ အလုပ်သမားတွေဟာ ဒီကနေ့ စစ်ကိုင်းမြို့ထဲကို လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2016-04-06
အစိုးရသစ်လက်ထက်မှာ ပညာရှင်လူငယ်တွေ ပေါ် ထွက်လာဖို့၊ တတ်သိပညာရှင်တွေကို တာဝန်ပေး ဖို့အတွက် "အစိုးရသစ်ရဲ့နိဒါန်းနဲ့ ပညာရှင်တို့ရဲ့ အရုဏ်ဦး" ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဧပြီလ ၃ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2016-04-06
ဒီတစ်ပတ်မှာ ကချင်ပြည်နယ် မိုင်းနောင် ရွှေ သတ္တုတွင်းတွေက ထွက်လာတဲ့ အနီရောင်ရွှံ့ရေတွေ အင်းတော်ကြီးကန်ထဲကို စီးဝင်နေတာကြောင့် ဒေသခံ အသက်မွေးဝမ်းကြောင်းသူတွေနဲ့ အင်းတော်ကြီးကန် အနာဂတ်အတွက် စိုးရိမ်စရာ ဖြစ်နေတဲ့အကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2016-04-06
ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွက် ဝန်ကြီးစားရင်းကို ဝန်ကြီးချုပ် ဦးညီပုက ပြည်နယ်လွှတ်တော်မှာ တင်ပြရာမှာ ရခိုင်အမျိုးသားပါတီ ANP က တစ်ဦး ပါဝင်ပြီး အတည်ပြုလိုက်ပါတယ်။ ဒါ့အပြင် ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာလည်း အစိုးရအဖွဲ့ဝန်ကြီးအမည်စာရင်းတွေ အတည်ပြုခဲ့ကြပါတယ်။
2016-04-06
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးအတည်ပြုရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေက မတ်တပ်ရပ်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။
2016-04-06
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးတွေ မကြာခဏ ဖမ်းဆီးမိနေတဲ့ အချိန်မှာပဲ မူးယစ်ဆေးဝါး မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ DPAG က ပညာရှင်တွေ ဦးဆောင်ပြီး ရန်ကုန်မြို့ Summit Parkview Hotel မှာ မနေ့က ဆွေးနွေးပွဲတခု ပြုလုပ်ခဲ့ပါတယ်။