သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-03-31
ဖမ်းဆီးခံထားရတဲ့ ကျောင်းသား ကျောင်းသူတွေ ပြန်လွှတ်ပေးဖို့အတွက် စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ မတ်လ ၂၉ ရက် မနေ့က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2015-03-31
ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ ပြန်လည်လွှတ်ပေးဖို့နဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက်မဖြိုခွဲဖို့ ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံမှာ မတ်လ ၂၈ ရက်၊ စနေနေ့က ဆုတောင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။
2015-03-31
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီ ဝင်တွေ နေပြည်တော်မှာ မတ်လ ၂၉ ရက်နေ့ မနေ့က နှစ်နာရီကျော်ကြာတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
2015-03-31
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့အတွက် အစိုးရငြိမ်းချမ်းရေးလုပ်ငန်း ကော်မတီနဲ့ တိုင်းရင်းသား အဖွဲ့တွေရဲ့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ရဲ့ ၇ ကြိမ် မြောက် ဆွေးနွေးပွဲကို ဒီကနေ့ ပြန်ပြီးကျင်းပခဲ့ ပါတယ်။
2015-03-31
တတိယအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို မန္တလေးမြို့ မန္တလေးတောင်ဟိုတယ်မှာ မတ်လ ၂၈ ရက်နေ့ကနေ မတ်လ ၃ဝ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ပါတယ်။
2015-03-28
လက်ပံတန်းမြို့ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီးနောက် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေနဲ့ အားပေးကူညီသူတွေကို ပြန်လွှတ်ပေးဖို့ ရန်ကုန်၊ မန္တလေး၊ တောင်ငူ၊ မြင်းခြံ … စတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင်တွေနဲ့ တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။
2015-03-27
ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေ လွတ်မြောက်ရေးအတွက် မကွေးမြို့မှာလည်း မြေလတ်ဒေသ- ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး လှုပ်ရှားမှု တခု ပြုလုပ်ခဲ့ပါတယ်။
2015-03-27
နှစ် (၇၀)မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဦးဆောင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ မတ်လ ၂၇ ရက်နေ့ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-03-27
ဖက်ဆစ်ဂျပန်တွေကို တော်လှန်ခဲ့တဲ့ တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့်အခမ်းအနားကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်က ဗေဒါ ခန်းမမှာ မတ်လ ၂၇ ရက် ဒီကနေ့ကျင်းပခဲ့ပါတယ်။
2015-03-27
နှစ် ၇၀ ပြည့် တပ်မတော်နေ့အခမ်းအနားကို နေပြည်တော်ဇေယျာသီရိ စစ်ရေးပြကွင်းမှာ ဒီနေ့မနက်က ကျင်းပခဲ့ပါတယ်။
2015-03-27
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အဆိုပြု၊ ပြင်ဆင်ချက်တွေထည့်သွင်းပြီး အတည်ပြုလိုက်ပါတယ်။ သပိတ်မှောက်ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေအားလုံး မပါဝင်ဘဲ အတည်ပြုလိုက်တာလည်း ဖြစ်ပါတယ်။
2015-03-27
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်- PNO ပါတီရဲ့ ဒုတိယ အကြိမ်ညီလာခံ ကို တောင်ကြီးမြို့ ကန်ကြီးရပ်၊ ပအိုဝ်းအမျိုးသား ဘက်စုံဖွံ့ဖြိုးရေးကွင်းမှာ မတ်လ ၂၃ ရက်ကနေ ၂၅ ရက်နေ့ထိ သုံးရက်ကြာကျင်းပခဲ့ပါတယ်။
2015-03-27
အစိုးရဝန်ထမ်းတွေရဲ့ အနိမ့်ဆုံးလစာတွေကို ကျပ် ၄ သောင်းခွဲ၊ အမြင့်ဆုံးလစာကို ၂ သိန်းခွဲစီ တိုးမြှင့်ပေးဖို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက် ကို ပြည်ထောင်စုလွှတ်တော်က မတ်လ(၂၆)ရက်ဒီနေ့ အတည်ပြု လိုက်ပါတယ်။
2015-03-27
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ သီးရွက်နဲ့သားငါး ရောင်းချကြတဲ့ ဆိုင်ကယ်ဈေးသည်တွေရဲ့ တနေ့တာ လှုပ်ရှားရုန်းကန်မှု အခြေအနေတွေကို RFA သတင်းထောက် ကိုကျော်မျိုးမင်းက တင်ပြထားပါတယ်။
2015-03-27
ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာ မြေအိုးလုပ်ငန်းကို အဓိက မှီခိုလုပ်ကိုင်စားသောက်နေထိုင်တဲ့ ရပ်ကွက်တွေ ရှိနေပါတယ်။ အဲ့ဒီလုပ်ငန်းတွေဟာ အခုဆိုရင် ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ ရင်ဆိုင်နေရ ပါတယ်။