သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-03-31
မတ်လ ၃၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ "နိုင်ငံတော်သမ္မတ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အပြောင်းအလဲနဲ့ မျက်မှောက်နိုင်ငံရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေမယ့်သူတွေက လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော် တို့ဖြစ်ပါတယ်။
2018-03-31
လက်ပံတောင်းတောင်စီမံကိန်းအနီး ဝက်မှေးကျေးရွာက နေအိမ် ၇ လုံး ပြောင်းရွှေ့ရာမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေအကြား မတ်လ ၂၉ ရက်နေ့က ဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးဆောင်ပြီး မတ်လ ၃၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2018-03-31
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ် လက်ခံရရှိထားတဲ့ တိုင်ကြားစာပေါင်း ၂ဝဝဝ ကျော်ထဲမှာ ကော်မရှင်ဥပဒေနဲ့ အရေးယူလို့ရတဲ့ တိုင်ကြားစာ ၁၅ စောင် ရှိတယ်လို့ ကော်မရှင်ရုံးမှာ မတ်လ ၃၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
2018-03-31
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2018-03-31
နိုင်ငံတော် သမ္မတသစ် ဦးဝင်းမြင့်ဟာ မတ်လ ၃ဝ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ပထမဆုံးအကြိမ် တိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
2018-03-31
ဒုတိယသမ္မတ ဦးဝင်းမြင့်ကို နိုင်ငံတော် သမ္မတအဖြစ် ပြည်ထောင်စုလွှတ်တော်က မဲပေးရွေးချယ်လိုက်တဲ့ ၂ဝ၁၈ မတ်လ ၂၈ ရက်နေ့မှာပဲ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး အမှုကို နောက်တစ်ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်
2018-03-30
ပုဂ္ဂလိက သတင်းစာတွေ အားကောင်းဖို့နဲ့ ရှင်သန် ရပ်တည်ဖို့အတွက် ကူညီပံ့ပိုးပေးဖို့ အစီအစဉ်ရှိမရှိ မတ်လ ၂၈ ရက်နေ့က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ဖြေကြားခဲ့ပါတယ်။
2018-03-29
မြန်မာနိုင်ငံက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေ အပေါ်ဖိနှိပ်ရက်စက်မှုတွေ အတွက် တပ်မတော်မှာတာဝန်ရှိတယ်လို့ အမေရိကန်အခြေစိုက်လူ့အခွင့်အရေးဆောင်ရွက်တဲ့ အဖွဲ့တွေနဲ့ ပညာရှင်တွေက ထောက်ပြကြပါတယ်။
2018-03-29
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ ၁ဝ ဦးမြောက် နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၂၈ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၄ဝ၃ ဦးက မဲပေးရွေးချယ်လိုက်ပါတယ်။
2018-03-29
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ အစိုးရတပ်မတော်က တရားစွဲဆိုထားတဲ့ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို မတ်လ ၂၈ ရက်နေ့မှာ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တဲ့အပြင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ဥပဒေ ပုဒ်မ (၇) နဲ့ ထပ်တိုးအမှုဖွင့်လိုက်ပါတယ်။
2018-03-29
ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ကနဦးစီမံကိန်းလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာတွေ၊ လူမှုပတ်ဝန်းကျင်ဆန်းစစ်မှု အစီရင်ခံစာတွေနဲ့ ပတ်သက်တဲ့ ပြည်သူ့ကြားနားပွဲကို မတ်လ ၂၈ ရက်နေ့က ထားဝယ်အထူးစီးပွားရေးဇုန် ရှင်းလင်းဆောင်မှာ ပြုလုပ်ခဲ့ပါတယ်။
2018-03-28
မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က ကိုက်လန်စိုက်တောင်သူတွေဟာ နှစ်စဉ်နွေရာသီရောက်တိုင်း သီးနှံပိုးကျတဲ့ဒဏ်နဲ့ ရင်ဆိုင်နေကြရပါတယ်။
2018-03-27
ကရင်ပြည်နယ် လှိုင်းဘွဲနဲ့ဖာပွန် မြို့နယ်ကြားက သံလွင်မြစ်မှာ ရေအားလျှပ်စစ်ထုတ်လုပ်ရေးအတွက် ဟတ်ကြီးရေကာတာ တည်ဆောက်ဖို့ မြန်မာနဲ့ထိုင်း နှစ်နိုင်ငံ သဘောတူထားကြပါတယ်။
2018-03-27
မြန်မာနိုင်ငံမှာ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာအကူအညီနဲ့ အစိုးရက ချေးငွေထုတ်ပေးနေပါတယ်။
2018-03-27
ရခိုင်ပြည်နယ်က ကမန်တိုင်းရင်းသား ဒုက္ခသည်တွေကို ရန်ကုန်မြို့မှာ ပြောင်းရွှေ့နေထိုင်ခွင့် ပြုလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဖို့အဆိုကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။