သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-03-31
မန္တလေးတိုင်းအစိုးရ၊ လွှတ်တော် နဲ့ NLD ပါတီခေါင်းဆောင်တွေ တေ့ွဆုံပွဲကို မန္တလေးမြို့မှာ ဒီနေ့ ကျင်းပခဲ့ပြီး ပါတီခေါင်းဆောင်တွေက ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို သတိပေးတိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။
2019-03-31
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဥပဒေသစ်ကို ပြန်လည်ရေးဆွဲပြီးနောက် ဒီနေ့ ပထမဆုံးအကြိမ် ကျင်းပတဲ့ စည်ပင်ရွေးကောက်ပွဲမှာ မဲလာပေးသူ နည်းတဲ့အခြေအနေ ရှိနေသလို မဲစာရင်းထဲ မပါသူတချို့ကို မဲပေးခွင့်ပြုခဲ့တာကြောင့် ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်တာတွေ ရှိခဲ့ပါတယ်။
2019-03-31
ပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အပါအဝင် ပြည်သူလူထုတရပ်လုံးက ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို အစိုးရက ပြန်စတင်မှာကို စိုးရိမ်နေကြပါတယ်။ ပြည်သူလူထုက လက်မခံဘူးဆိုတဲ့ အကြောင်းပြချက်ထက်ကောင်းတဲ့ အခြား အကြောင်းပြချက် မရှိသလို လူထုတွေရဲ့ဆန္ဒကို ဦးစားပေးတဲ့ ခေါင်းဆောင်ကောင်းအနေနဲ့ မြင်တွေ့လိုတယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်က RFA ကို ပြောပါတယ်။
2019-03-30
ရှမ်းပြည်နယ် နမ္မတူ - သီပေါလမ်းပိုင်းက မန်လီကျေးရွာမှာ ဒီကနေ့မနက်က တောင်ယာလုပ်ဖို့သွားတဲ့ ရွာသားတွေ မိုင်းနင်းမိလို့ လေးတန်းကျောင်းသူတစ်ဦး အပါအဝင် သုံးဦး သေဆုံးပြီး အမျိုးသမီး လေးဦး ဒဏ်ရာရခဲ့ပါတယ်။
2019-03-30
မြန်မာနိုင်ငံက တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို တရုတ်နိုင်ငံအတွင်းမှာ တားဆီးနှိမ်နင်းနေတာကြောင့် တရုတ် - မြန်မာနယ်စပ် ကုန်သွယ်ရေး ကျဆင်းနေပါတယ်။
2019-03-30
ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲကရရှိလာတဲ့ သဘောထား စုစည်းချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် ဒီမိုကရေစီရေး လုပ်ဖော်ကိုင်ဖက်များအဖွဲ့က ဦးဆောင်ကာ ရန်ကုန်မြို့မှာရှိတဲ့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းမှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
2019-03-30
မြန်မာ့သနပ်ခါးကို ကမ္ဘာကသိစေဖို့နဲ့ ဈေးကွက်ကျယ်ပြန့်လာစေဖို့ ရည်ရွယ်တဲ့ မြန်မာ့သနပ်ခါးပွဲတော်ကို မန္တလေးမြို့က ကျောက်တော်ကြီးဘုရားအတွင်းမှာ ဒီကနေ့ ကျင်းပပြုလုပ်ပါတယ်။
2019-03-29
ရန်ကုန်တဘက်ကမ်း တွံတေးမြို့နယ်ထဲက စေတီကတော့ ထူးထူးခြားခြား မြွေတွေကြောင့်ပဲ ပြည်တွင်းပြည်ပ ခရီးသွားတွေ စိတ်ဝင်တစား ရောက်လာနေကြတာပါ။
2019-03-29
ကျေးလက်ဒေသတွေမှာ ဆင်းရဲမွဲတေမှု၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် ရန်ကုန်မြို့ကို ရွှေ့ပြောင်းအခြေချလာသူတွေ များလာပါတယ်။
2019-03-29
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က အောက်သားကန်ကျေးရွာ အနီးမှာ မတ်လ၂၉ ရက် မနေ့က ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး သေဆုံးပြီး လူ ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
2019-03-29
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေ ကယ်ထုတ်နိုင်ရေး ဆန္ဒပြခဲ့တဲ့အတွက် ထောင်ဒဏ်နဲ့ငွေဒဏ် ချမှတ်ခံထားရသူသုံးဦးရဲ့အမှုပြင်ဆင်လျှောက်ထားမှုကို ဒီကနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။
2019-03-29
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တိုက်ပွဲတွေကြောင့် အရပ်သားတွေ သေဆုံးရတာ၊ ထွက်ပြေးတိမ်းရှောင်ရတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပထမဆုံး အကြိမ်အဖြစ် ပြောကြားခဲ့ပါတယ်။
2019-03-28
မှတ်ပုံတင်ဆောင်ရွက်ရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုကို မန္တလေးမြို့ Hotel Marvel မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2019-03-28
ထိုင်းနိုင်ငံမှာ တရားဝင်စာရင်းဇယားအရ မြန်မာနိုင်ငံသားအလုပ်သမား နှစ်သန်းကျော်ရှိပြီး၊ မှတ်ပုံမတင်ဘဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်သန်းနီးပါး ရှိနေတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
2019-03-28
အခုရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးမှာ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေဖြစ်တဲ့ SSPP- TNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်ပွားတဲ့အတွက် မိုင်းမုကျေးရွာက နေအိမ်နှစ်လုံး လက်နက်ကြီးထိမှန်ပြီး မီးလောင်ပျက်စီးခဲ့ပါတယ်။