သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-04-30
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ အသတ်ခံခဲ့ရတဲ့ ကချင်တိုင်းရင်းသူ ဆရာမနှစ်ဦးနဲ့၊ လုံခြုံရေး ဝန်ထမ်းတွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ လက်ပံတောင်းတောင်ဒေသခံဒေါ်ခင်ဝင်း၊ အလွတ် သတင်းထောက် ကိုပါကြီးတို့အတွက် အောင့်မေ့ ဘွယ်အခမ်းအနားကို ရန်ကုန် စမ်းချောင်းမြို့နယ် တီးတိန်ချင်း- နှစ်ခြင်းအသင်းတော် ခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2015-04-30
မန္တလေးမြို့က “ဦးပွား ဂုံးကျော်တံတား” လို့ခေါ်တဲ့ ချမ်းမြဝတီ မီးရထားဂုံးကျော်တံတားဟာ လက်ရန်းတွေ ကွဲအက်နေတဲ့အတွက် တံတားအောက်မှာ နေထိုင်ကြသူတွေနဲ့ ဖြတ်သွားဖြတ်လာတွေ စိုးရိမ်နေကြပါတယ်။
2015-04-30
ထားဝယ်မြို့က သမိုင်းဝင် ရွှေတောင်စား စေတီတော်ကို ပင့်ဆောင်ဖို့အတွက် ကာကွယ်ရေး ဦးစီးချုပ်- ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပါဝင် လှူဒါန်းပြီး၊ ကြေးပိသာချိန် တစ်သောင်းသုံးထောင်ကျော်နဲ့ သွန်းလုပ်နေတဲ့ ကြေးခေါင်းလောင်းတော်ကြီးကို လာမယ့်မေလမှာ အပြီးသတ်တော့ မှာဖြစ်ပါတယ်။
2015-04-30
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးကန်ထဲကို ရေရောက်တဲ့ အဓိက ရေသိုလှောင်ရာဖြစ်တဲ့ “အင်းခေါင်းဆည်” မှာ ရေတဖြည်းဖြည်း ခမ်းခြောက်လာတဲ့အတွက် အင်းလေးကန်ထဲကို ရေစီးဝင်မှု နည်းပါးလာနေပါတယ်။
2015-04-30
တောင်ကြီးမြို့မှာ ဓနုစာပေနဲ့ ယဉ်ကျေးမှုအသင်းက ဦးဆောင်ပြီး ဓနုနီးနှောဖလှယ်ပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-04-29
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စပါးဆိပ်ကျေးရွာကို ထွက်ပြေး တိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေအတွက် မိသားစု အသုံးအဆောင် ပစ္စည်းတွေကို ကုလသမဂ္ဂကလေး များ ရန်ပုံငွေအဖွဲ့ UNICEF က သွားရောက် လှူဒါန်း မယ်လို့ သိရပါတယ်။
2015-04-29
မြန်မာနိုင်ငံမှာ ကျေးလက်ပြည်သူတွေရဲ့ လူနေမှုဘဝ မြင့်မားရေး၊ ကလေးသူငယ်တွေ ပညာ တတ်မြောက်ရေးအတွက် သံဃာတော်တွေ ဆောင်ရွက်နေကြတာနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုကို ခေတ္တအလည်အပတ်ရောက်ရှိ လာတဲ့ ဆရာတော်သုံးပါးကို RFA ရုံးချုပ်မှာ ဦးခင်မောင်ညိန်း က တွေ့ဆုံ လျှောက်ထားပြီး တင်ပြထားပါတယ်။
2015-04-29
မြို့ပြစီမံကိန်းဖော်ဆောင်ဖို့ လျာထားခံရတဲ့ မကွေးမြို့မြောက်ဘက်၊ ထုံးပေါက်တောကျေးရွာအုပ်စု က တောင်သူတချို့ရဲ့ လယ်ယာမြေမှတ်ပုံတင် ပုံစံ (၇) တွေဟာ အစစ်မဟုတ်ဘဲ အတုတွေဖြစ်နေတဲ့အတွက် အမှုဖွင့်တိုင်ကြားထားတယ်လို့ သိရပါတယ်။
2015-04-29
နီပေါနိုင်ငံမှာ ဧပြီလ ၂၅ ရက်နေ့က လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူတွေနဲ့၊ ဒဏ်ရာရသူတွေအတွက် ဝတ်ပြုဆုတောင်း ပွဲတခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2015-04-28
စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အဆောက်အဦး ဆောက်လုပ်ဖို့အတွက် မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက်က မြေတချို့ကို သက်ဆိုင်ရာက သိမ်းယူထားပါတယ်။
2015-04-28
မန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်အတွင်းက ရှမ်းကန်ရွာမှာ ကလေးငယ်အများစု သွေးလွန်တုပ်ကွေး ရောဂါခံစားနေရပြီး၊ ကလေးငယ် ၇ဝ လောက် ဆေးရုံတက်ကုသနေရပါတယ်။
2015-04-28
မန္တလေး ဧရာဝတီမြစ်ကမ်းနဘေးမှာ ပျံကျနေထိုင်တဲ့ အလုပ်သမားတွေအတွက် မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီက အငှားစနစ်နဲ့ အိမ်ယာတည်ဆောက်ပေးနေပါတယ်။
2015-04-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ဒေသခံတွေ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေနဲ့ ဧပြီလ ၂၇ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။
2015-04-28
အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသားသပိတ်လှုပ်ရှားမှုတွေကို ရိုက်ကူးခဲ့ကြတဲ့ဓာတ်ပုံဆရာ ၅ ဦးရဲ့ မှတ်တမ်းတင်ဓာတ်ပုံပြပွဲကို ရန်ကုန်မြို့ ဒဂုံမြို့နယ် နဝဒေလမ်းမှာရှိတဲ့ Think Art Gallery မှာပြသခဲ့ပါတယ်။
2015-04-24
မန္တလေးတိုင်း မြင်းခြံမြို့မှာ လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲမှုကို ကန့်ကွက်ဆန္ဒပြခဲ့ တဲ့ ကျောင်းသားတွေနဲ့ ဒေသခံ ၆ ဦးကို မြင်းခြံမြို့နယ်တရားရုံးမှာ ဒီကနေ့ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။