သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-04-30
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က အစိုးရအဖွဲ့ရဲ့ ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမယ့် စီမံကိန်းတွေအကြောင်း ဝန်ကြီးချုပ် ဦးညီပု နဲ့ တာဝန်ရှိသူတွေက ရှင်းလင်းခဲ့ပါတယ်။
2016-04-30
စစ်ကိုင်းတိုင်း ပတ္တမြားစက်မှုဇုန်က Myanmar Veneer သစ်အချောထည်စက်ရုံရှေ့မှာ အလုပ်ပြန် လည်ခန့်ထားပေးဖို့ ထိုင်သပိတ် ဆန္ဒပြနေတဲ့ စက်ရုံလုပ်သား ၁၀၀ ကျော်ဟာ နေပြည်တော် သမ္မတရုံးဝန်ကြီးဌာနရှေ့အထိ လမ်းလျှောက် ချီတက် ဆန္ဒပြနေကြမှာဖြစ်ပြီး ဒီကနေ့ စစ်ကိုင်း မြို့ကနေ စတင်ထွက်ခွာကြပါတယ်။
2016-04-30
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်း မင်းဘူးမြို့နယ်တွင်းက ကျေးရွာတစ်ချို့ဟာ ရွာလုံး ကျွတ် နီးပါးပြောင်းရွှေ့နေရပါတယ်။
2016-04-30
ရန်ကုန်မြို့မှာ မကြာသေးခင်က အသစ်ပြေးဆွဲလိုက်တဲ့ BRT မော်တော်ယာဉ်လိုင်းကို နေ့စဉ် မြို့တွင်းမြို့ပြင် သွားလာနေတဲ့ ခရီးသွား ပြည်သူတွေက ကြိုက်နှစ်သက်ကြပါတယ်။
2016-04-30
ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို မြန်မာနိုင်ငံက တောင်တက်သမား၃ ဦးတက်ရောက်နေပါတယ်။
2016-04-30
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-04-30
ကယားပြည်နယ် ဒီမောဆိုမြို့နယ်က ပန်ပက်ကျေးရွာအုပ်စုဟာ ပဒေါင်လို့ လူသိများတဲ့ ကယန်းလူမျိုးတွေ အများစုနေထိုင်ကြတာဖြစ်ပြီး ကယားပြည်နယ်မှာ ရေရှားပါးတဲ့ကျေးရွာတွေဖြစ်ပါတယ်။
2016-04-29
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် တာဝန်ယူလိုက်တဲ့ Mr. Scot Marciel ဟာ ဒီကနေ့မနက်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းက အမေရိကန်သံရုံးမှာ သတင်းမီဒီယာတွေနဲ့ ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံခဲ့ပါတယ်။
2016-04-29
စစ်တွေမြို့နယ်မှာ ဒုက္ခသည်လှေ တိမ်းမှောက်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သံရုံးရဲ့ ထုတ်ပြန်ချက်မှာ "ရိုဟင်ဂျာ" လို့ သုံးနှုန်းခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မျိုးချစ်ရဟန်းတော်များ သမဂ္ဂ အပါအဝင် လူတချို့က ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်းက အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
2016-04-28
ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်မှာရှိတဲ့ ဟိုက်ပါ စစ်ပြေးဒုက္ခသည်စခန်း သုံးခုမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တစ်ထောင် ဝန်းကျင်လောက်ဟာ အခြေခံစားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။
2016-04-28
ပဲခူးတိုင်း သနပ်ပင်မြို့နယ်ထဲက သောက်သုံးရေ လိုအပ်နေတဲ့ ကျေးရွာတွေမှာ ၈၈ မျိုးဆက်အဖွဲ့က သောက်ရေ လှူဒါန်းခဲ့ပါတယ်။
2016-04-28
ကချင်ပြည်နယ်က မူးယစ်ဆေးဝါး သုံးစွဲသူတွေအကြား HIV/AIDS- ခုခံအားကျဆင်းမှုရောဂါ ဖြစ်ပွားမှု လျော့ကျစေဖို့အတွက် ဒေသခံတွေ အကောင်အထည် ဖော်မယ့် စီမံကိန်းအကြောင်း မြစ်ကြီးနားမြို့မှာ ဧပြီလ ၂၈ က်နေ့ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-04-28
ပြီးခဲ့တဲ့ ၂ဝဝ၂ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာဟာ ဟက်တာ ၁ ဒဿမ ၅ သန်း လျော့နည်း သွားတယ်လို့ စိမ်းလန်းအမိမြေအသင်းက သုတေသန စစ်တမ်းတစောင် ထုတ်ပြန်လိုက်ပါတယ်။
2016-04-28
ဧရာဝတီတိုင်းအတွင်းက လယ်ယာမြေ သိမ်းဆည်းမှုကိစ္စတွေကို ကွင်းဆင်းလေ့ လာဖြေရှင်းပြီး၊ ပြည်သူတွေရဲ့ တိုင်ကြားစာတွေ ကိုလည်း သေသေချာချာလေ့လာပြီး ဆောင် ရွက်ပေးသွားမယ်လို့ တိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီ က RFA ကို ပြောပါတယ်။
2016-04-28
မန္တလေးတိုင်း မြင်းခြံမြို့နယ်က ဧရာဝတီမြစ်ကျိုးအင်းတွေကို အများလုပ်ပိုင်ခွင့်ရှိတဲ့ "ဘုံ" အင်းတွေအဖြစ် သတ်မှတ်ပေးဖို့ မြင်းခြံမြို့နယ်က ဒေသခံရေလုပ်သားတွေ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်