သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-04-30
ဧပြီလ ၂၆ ရက်နေ့က ပါတီတည်ထောင်ခွင့် ရရှိသွားပြီဖြစ်တဲ့ “ရှစ်လေးလုံးပြည်သူ့ပါတီ” ဟာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အပါအဝင် ပါတီအားလုံးနဲ့ မဟာမိတ်ဖွဲ့စည်းသွားမယ်လို့ ပါတီရဲ့ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောပါတယ်။
2018-04-28
ဧပြီလ ၂၈ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " ထိန်ပင်အမှိုက်ပုံမီးက ဘာတွေသင်ခန်းစာပေးသလဲ " ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေမယ့်သူတွေက ဒေါက်တာအောင်မြင့်မော် ( ဒုဌာနမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန )၊ ဦးညီညီ ( ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်) တို့ ဖြစ်ပါတယ်။
2018-04-28
သောကြာနေ့တိုင်း RFA မြန်မာပိုင်းကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ်သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရေး၊ လူမှုရေးနယ်ထဲက လူပုဂ္ဂိုလ်တွေရဲ့ သတင်း မီဒီယာတွေမှာ ပြောကြားကြတဲ့အထဲက စိတ်ဝင်းစားစရာ ပြောကြားချက် တချို့ကို လက်လှမ်းမီသရွေ့ စုစည်းပြီး RFA အဖွဲ့သား ကိုကျော်မင်းထွန်းက တင်ပြထားပါတယ်။
2018-04-28
နယ်မြေအေးချမ်းပြီဖြစ်တဲ့အတွက် ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှူးမြို့နယ် ဟိုက်ပါကျေးရွာမှာရှိတဲ့ “ဟိုက်ပါရေတံခွန်”ကို အလည်အပတ် လာရောက်တဲ့ ခရီးသွားတွေ များလာနေပါတယ်။
2018-04-28
မွန်ပြည်နယ်မှာ အခုနှစ် နွေရာသီကာလအတွင်း မြို့နယ် ၄ ခုက ကျေးရွာပေါင်း ၅ဝ နီးပါးဟာ သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံတွေ့နိုင်တဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
2018-04-26
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ကောင်းမုတုန်ရပ်ကွက်က အပေါင်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ် မှုမှာ ပါဝင်ပတ်သက်မှုရှိတယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ “တအာင်း ဥပဒေအထောက် အကူပြုအဖွဲ့” တာဝန်ခံ မိုင်းမျိုးအောင် ပြန်လည် လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲကို လားရှိုးမြို့ နဂါးရုံဘုရားမှာ ဧပြီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါ တယ်။
2018-04-25
SSPP/SSA-ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် ၅၄ နှစ်ပြည့်အခမ်းအနားကို ကျေးသီးမြို့နယ်မှာ ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2018-04-25
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ထိန်ပင်သုဿန်အနီးက အမှိုက်ပုံမှာ ဧပြီလ ၂၁ရက်နေ့က စတင်ခဲ့တဲ့ မီးလောင်ကျွမ်းမှုကို သုံးရက်အကြာမှာ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ မီးခိုးငွေ့တွေ ရှူရှိုက်မိတဲ့အတွက် လှိုင်သာယာဆေးရုံကို တက်ရောက်ပြီး ဆေးကုသရသူ ၁၆ ဦးအထိ ရှိနေပါတယ်။
2018-04-25
နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား ထုတ်ပေးတဲ့ကိစ္စ၊ အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စ အပါအဝင် လက်ရှိအစိုးရ ဆောင်ရွက်နေတာတွေနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဧပြီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ သံလွင်လမ်းမှာရှိတဲ့ ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဝေဖန်လိုက်ပါတယ်။
2018-04-24
ရှမ်းပြည်မြောက်ပိုင်းမှာ တပိုင်တနိုင် လုပ်ကိုင်နေကြ တဲ့ မိရိုးဖလာ လက်မှုလုပ်ငန်းတွေကို အသေးစား စက်မှုလုပ်ငန်းလေးတွေ ဖြစ်လာအောင် ကြိုးစားနေသူတွေ ရှိပါတယ်။
2018-04-24
မြန်မာနိုင်ငံမှာ အခြေခံပညာအထက်တန်း အောင်ပြီးတဲ့ ကျောင်းသားတွေဟာ အဆင့်မြင့် ပညာရပ်တွေ ဆက်လက်သင်ယူရာမှာ အများစုက သိပ္ပံဘာသာတွဲတွေကိုသာ အထူးပြုဘာသာအဖြစ် သင်ယူကြပြီး ဝိဇ္ဇာဘာသာတွဲ ယူချင်သူတွေ နည်းပါးနေပါတယ်။
2018-04-24
စစ်အစိုးရလက်ထက်က တနင်္သာရီတိုင်းအတွင်း "ဆီအုန်းစီမံကိန်းအတွက်" ဆိုပြီး ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို ဒေသခံတွေပိုင်တဲ့ မြေတွေ၊ သစ်တောမြေတွေ ဧကသိန်းနဲ့ချီပြီး ချပေးခဲ့ပါတယ်။
2018-04-24
ရိုက်တာ သတင်းထောက်နှစ်ဦးအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင် မိသားစုနဲ့ တေ့ွဆုံခွင့်ရရှိရေးအပြင် အခြေခံလူ့အခွင့်အရေးတွေ မဆုံးရှုံးစေရေးအတွက် လိုအပ်သလိုဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က မေတ္တာရပ်ခံလိုက်ပါတယ်။
2018-04-21
ဧပြီလ ၂၁ ရက်နေ့ည မေးပါရစေဦး အစီအစဉ်မှာ " လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကြောင်းနဲ့ အကျဉ်းထောင်တွေ ပြုပြင်ပြောင်း လဲရေး " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ပင်တိုင်ဆွေးနွေမယ့်သူတွေက ဦးဝင်းနိုင်ကျော်- ဗိုလ်မှူး ( ဟောင်း )၊ ဦးနေဘုန်းလတ် ( ရန်ကုန်တိုင်းဒေသကြီး လွှတ်တေ်ာ ကိုယ်စားလှယ်၊ ဦးအောင်မျိုးကျော်( ပြည်တွင်းတာဝန်ခံ၊ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ) တို့ ဖြစ်ပါတယ်။
2018-04-21
ပြည်တွင်းစစ်တွေရပ်စဲပြီး ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ထွန်းရေးအတွက် ဧပြီလ ၂၁ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ က ဗန္ဓုလပန်းခြံဘေးမှာ Freedom Fighter အဖွဲ့ဝင် ၂ဝ လောက် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။