သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-05-31
၂၁ ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး အတွက် ပြင်ဆင်တဲ့ ဆွေးနွေးပွဲကို နေပြည်တော်က Horizon ဟိုတယ်မှာ မေလ (၂၈) ရက်နေ့ ပြီးခဲ့တဲ့ စနေနေ့က ကျင်းပခဲ့ပြီး အဲဒီ အစည်းအဝေး က ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို ပြင်ဆင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။
2016-05-31
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ပွဲတွေ ရပ်တန့်ပေးဖို့ သီပေါမြို့နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေက မေလ (၃ဝ) ရက်နေ့ ဒီနေ့ ဆုတောင်းပွဲကျင်းပခဲ့ကြပါတယ်။
2016-05-31
ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနဲ့၊ အသစ်ဖွဲ့စည်းလိုက် တဲ့ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ချုပ်- နကသ အဖွဲ့ဝင်ကျောင်းသားတွေ ရန်ကုန်မြို့ သထုံလမ်းမှာရှိတဲ့ အဆင့်မြင့်ပညာဦးစီးဌာနမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပါတယ်။
2016-05-31
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်တဲ့ သမ္မတဟောင်းဦးသိန်းစိန်နဲ့ ပါတီခေါင်းဆောင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေနဲ့ ညီညွတ်မှု မရှိဘူးလို့...ပါတီက ထုတ်ပယ်ခံလိုက်ရတဲ့ ဗဟိုအလုပ်အမှုဆောင်ဟောင်း ၁၂ ဦးက အိတ်ဖွင့်ပေးစာ ထုတ်ပြန်လိုက်ပါတယ်။
2016-05-31
ဒီနှစ်အတွက် "ပြည်သူ့ဂုဏ်ရည်ဆု " ရတဲ့ ပင်းတယမြို့က ဖန်မီးရှင်အဖွဲ့ ဆရာဝန်ဒေါက်တာသန်းမင်းထွဋ်နဲ့ ပြည်သူ့ဂုဏ်ရည်အထူးဆုရရှိတဲ့သူတွေကို ရန်ကုန်မြို့ဗဟန်းမြို့နယ်က တော်ဝင်နှင်းဆီခန်းမမှာ မေလ ၂၈ ရက်နေ့က ဆုချီးမြှင့်ခဲ့ပါတယ်။
2016-05-31
မိုးကြိုကာလအတွင်း ရေကြောင်းပို့ဆောင်ရေးကဏ္ဍမှာ ဘေးကင်းလုံခြုံမှု ရှိစေဖို့အတွက် ပညာပေး ဆွေးနွေးပွဲတခုကို ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဒီနေ့ပြုလုပ်ခဲ့ပါတယ်။
2016-05-31
လူငယ်တွေစာဖတ်ဖို့၊ စာကြည့်တိုက်တွေ သွားကြဖို့ တိုက်တွန်းတဲ့ "စာဖတ်ရှိန် မြှင့်တင်ရေး" လှုပ်ရှားမှုတခုကို စာကြည့်တိုက်များကွန်ရက်က ဦးစီးပြီး ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံမှာ မေလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2016-05-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး အတွက် ဆွေးနွေးခဲ့ပါတယ်။
2016-05-28
ရန်ကုန်မြို့အခြေစိုက် "သပြေ" ပညာရေးဖောင်ဒေးရှင်းက ကျင်းပ တဲ့ ကျောင်းသူကျောင်းသားတွေရဲ့ သင်တန်းဆင်းပွဲ ကို ရန်ကုန်မြို့ IBC ခန်းမမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2016-05-28
"ရသ တံတား" လို့အမည်ပေးထားတဲ့ ဘာသာပြန်စာပေပွဲတော်ကို ရန်ကုန်မြို့က တော်ဝင်စင်တာမှာ သုံးရက်ကြာ ကျင်းပနေပါတယ်။
2016-05-28
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-05-27
Bush Institute ရဲ့အစီအစဉ်အရ အမေရိကန် ပြည်ထောင်စုကို ခေတ္တ ရောက်ရှိနေတဲ့ ဒီမိုကရေစီပညာရေး၊ ကျောင်းသားအခွင့်အရေး လှုပ်ရှားသူ ကိုလင်းထက်နိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က တွေ့ဆုံ မေးမြန်းထားပါတယ်။
2016-05-26
ဒီနှစ် ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာ မူလတန်း အလယ်တန်းနဲ့ အထက်တန်းအဆင့်အားလုံးကို အခမဲ့ ကျောင်းအပ်နိုင်ပြီး မူလတန်းအဆင့်ကို အစိုးရက ကျောင်းသုံးစာအုပ်တွေ၊ ကျောင်းဝတ်စုံတွေ အခမဲ့ ထောက်ပံ့ပေးနေပါတယ်။ သူငယ်တန်း သင်ရိုးညွှန်းတန်းကိုလည်း ဒီနှစ်ကစပြီး ပြောင်းလဲ သင်ကြားတော့မှာ ဖြစ်ပါတယ်။
2016-05-26
ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ကရင်ဒီမိုကရက်တစ် ပါတီ... စတဲ့ ကရင် နိုင်ငံရေးပါတီ ၅ ခုကို တခုတည်းဖြစ်အောင် ပေါင်းစည်းဖို့ ပါတီခေါင်းဆောင်တွေ ကြိုးပမ်းနေကြရာမှာ၊ အားလုံးလက်ခံနိုင်မယ့် ပါတီဖွဲ့စည်းပုံနဲ့ ဖက်ဒရယ်မူအပေါ် သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။
2016-05-26
ကချင်ပြည်နယ်မှာ ပြီခဲ့တဲ့ ဖေဖော်ဝါရီလကနေ မေလ (၂၆) ရက်နေ့ ဒီကနေ့အထိ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ခေါင်လန်ဖူးမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်သွားပြီး စားနပ်ရိက္ခာပြတ်လပ်နေတာကို ပြည်နယ်အစိုးရအနေနဲ့ အကူအညီပေးဖို့နဲ့ လမ်းတွေပြင်ဆင်ပေးဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက အရေးကြီးအဆိုတင်သွင်းခဲ့ကြပါတယ်။