သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-07-30
RFA ရေဒီယိုကနေ နှစ်ပတ်တစ်ကြိမ် ထုတ်လွှင့်နေ တဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်ထဲက ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဖြေကြားချက်တချို့ကို ထုတ်လွှင့်ပေးမှာပါ။
2015-07-30
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ဒီနေ့လွှတ်ပေးလိုက်တဲ့ အကျဉ်းသား ၇ ထောင်နီးပါးထဲမှာ ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တာကြောင့် ထောင်ဒဏ်တစ်သက်တကျွန်း ပြစ်ဒဏ်ချမှတ်ထားတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါဝင်ခဲ့ပါတယ်။
2015-07-30
သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသား ၇ဝဝဝ နီးပါးကို ဒီနေ့ လွှတ်ပေးရာမှာ ရန်ကုန်မြို့ အင်းစိန်ထောင်က အကျဉ်းသား ၄ဝဝ ကျော် ပါဝင်ပါတယ်။
2015-07-30
KIA ထိန်းချုပ်နယ်မြေကို သွားရောက်ခဲ့တဲ့အတွက် မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့က ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2015-07-30
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်ဟာ လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲ မှာ ကော့မှူးမြို့နယ် ပြည့်သူလွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဇူလိုင်လ ၂၉ ရက်နေ့က သန်လျင်မြို့မှာရှိတဲ့ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး မှာ အမည်စာရင်း သွားရောက်တင်သွင်းခဲ့ပါတယ်။
2015-07-30
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကိုယ်စားပြုပြီး ရန်ကုန်တိုင်း အတွင်းက ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်လိုက် ပါတယ်။
2015-07-30
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ရတနာပုံ တက္ကသိုလ်က ကျောင်းသား ၅ ဦးကို ဒီနေ့ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2015-07-30
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက်က စာရင်းစစ်ချုပ်ရုံးပိုင်မြေပေါ်မှာ ငှားရမ်းနေထိုင်ကြတဲ့ နှစ်ထပ်တိုက် လူနေဆိုင်ခန်း ရှစ်ခန်းကို ဆက်မငှားတော့ဘဲ စာရင်းစစ်ရုံးအဖွဲ့က ဆိုင်ခန်းတွေကို ဒီနေ့ဖျက်ဆီးခဲ့ပါတယ်။
2015-07-30
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ လက်တွေနဲ့ ပုံစံတူပြုလုပ်ထားတဲ့ ကျောက်ပတ်တီး လက်ပုံတွေကို ရန်ကုန် ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းက ပန်းချီပန်းပု အနုပညာကျောင်းဟောင်း နေရာမှာ ပြသထားပါတယ်။
2015-07-29
ကချင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း တဲ့အတွက် မိုးကောင်းမြို့နယ်မှာ အိမ်ခြေ ငါးထောင် နီးပါး ရေနစ်မြုပ်နေပြီး လူဦးရေတစ်သောင်းလောက် အရေးပေါ်အကူအညီတွေ လိုအပ်နေပါတယ်။
2015-07-29
လုပ်ခလစာတိုးမြင့်ရရှိရေးနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကြောင့် တရားစွဲခံနေရတဲ့ ရန်ကုန် ရွှေပြည်သာမြို့နယ်က အလုပ်သမားခေါင်းဆောင်တွေရဲ့ မိသားစုဝင်တွေကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က သွားရောက်တွေ့ဆုံအားပေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2015-07-29
ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ခရီးသွားလာရာမှာ ဗီဇာကင်းလွတ်ခွင့်ပြုဖို့အတွက် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီကနေ့ တွေ့ဆုံပြီး သဘောတူ လက်မှတ်ရေးထိုးလိုက်ပါတယ်။ RFA သတင်းထောက်ကိုအောင်မိုးမြင့်က တင်ပြထားပါတယ်။
2015-07-28
အမျိူးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၂၅ ရက်နေ့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့ကို သွားရောက်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပညာပေးဟောပြောခဲ့ပါတယ်။
2015-07-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နဲ့ ၂၆ ရက်နေ့က ဧရာဝတီတိုင်း ကျိုက်လတ်မြို့ နဲ့ မော်လမြိုင်ကျွန်းမြို့တွေမှာ ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
2015-07-28
ဒေါ်အောင်ဆန်းစုကြည်ဟာ ကျိူက်လတ်မြို့နဲ့ မော်လမြိုင်ကျွန်းမြို့က ဟောပြောပွဲတွေမှာ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ဖြေကြားခဲ့ပါတယ်။