သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-30
တရုတ်မြန်မာနယ်စပ် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန် မြို့မှာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းတွေရဲ့ မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့ကို ဆက်လက်ကျင်းပနေပါတယ်။
2016-07-30
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ UWSP ဝ,ပြည်ေ သွးစည်းညီညွှတ်ရေးပါတီနဲ့ NDAA မိုင်းလားအဖွဲ့က ကိုယ်စားလှယ်တွေ နဲ့ နေပြည်တော် သင်္ဂဟ ဟိုတယ်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2016-07-30
နိုင်ငံရေးစာပေ စာတမ်းဖတ်ပွဲနဲ့ မိုးရာသီ စာအုပ်ဈေးရောင်းပွဲတော်ကို ရန်ကုန်မြို့ သိမ်ဖြူလမ်းက ပြန်ကြားရေးဝန်ကြီး ဌာနပိုင် ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံမှာ ဒီကနေ့ စတင်ကျင်းပနေပါတယ်။
2016-07-30
မကွေးတိုင်းအတွင်းက သစ်တောတွေထဲမှာ ဥပဒေမဲ့ သစ်ခုတ်နေတာတွေ ရှိနေတဲ့အတွက် သစ်တောတွေကို ထိန်းသိမ်းဖို့နဲ့၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-29
ကချင်ပြည်နယ်အစိုးရက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကို တစ်နှစ်ပတ်လုံး သွားလာနိုင်အောင် ပြင်ဆင်ပေးဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ကျင်းပတဲ့ ပြည်နယ် လွှတ်တော်မှာ ပြောပါတယ်။
2016-07-29
ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် ဒုတိယ ခြောက်လပတ် အတွင်း အခွန်ငွေ ကောက်ခံရရှိမှုနဲ့ ပတ်သက် တဲ့ ပြည်သူ့ငွေစာရင်းကော်မတီ အစီရင်ခံစာ ကို ပြည်ထောင်စုလွှတ်တော်မှာ ဇူလိုင်လ (၂၈) ရက်နေ့ ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။
2016-07-29
မန္တလေးတိုင်း မတ္တရာမြို့က ဈေးသူဈေးသား ၂ ရာလောက်ဟာ သူတို့စုဆောင်းထားတဲ့ ငွေတွေကို ငွေစုအသင်းက အလွဲသုံးစား လုပ်လိုက်တဲ့အပေါ် သက်ဆိုင်ရာက အရေးယူပေးဖို့ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2016-07-29
စာသင်ကျောင်း မုန့်ဈေးတန်းတွေမှာ အန္တရာယ်ရှိတဲ့ဆိုးဆေးတွေ အသုံးပြု ထားတဲ့ အစားအသောက် ရောင်းချတာတွေကို ကြီးကြပ်ကွပ်ကဲသွားဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ဦးစီးပြီး မကွေးမြို့မှာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်
2016-07-29
ထိုင်း-မြန်မာနယ်စပ်မှာ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားပေးဖို့အတွက် အစိုးရ၊ KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ဂျပန်နိုင်ငံက နိပွန်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်မှာ "လေးကေ့ကော်" မြို့သစ်စီမံကိန်းကို အကောင်အထည် ဖော်နေပါတယ်။
2016-07-28
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့ကို တရုတ်မြန်မာနယ်စပ် KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မြို့မှာ ဒီကနေ့ ကျင်းပနေပါတယ်။
2016-07-28
မကြာခင် ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံ ညီလာခံကို ကြိုဆိုတဲ့အနေနဲ့ ရန်ကုန်မြို့ ရန်ကင်းစင်တာရှေ့မှာ အနုပညာရှင်တွေ စုစည်းပြီး ဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။
2016-07-28
ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တိုးချဲ့ပြင်ဆင် ဖွဲ့စည်းသင့်ကြောင်း ပြည်ထောင်စုအစိုးရကို တိုက်တွန်းတဲ့အဆိုကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၂၇ရက်နေ့က ဆွေးနွေးပြီး မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-07-28
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်းထဲက တစ်ခုဖြစ်တဲ့ မြေဂရန်ပေးအပ်တဲ့ အခမ်းအနားကို ဒီနေ့ ပြည်မြို့၊ မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့ပြီး ဒေသခံ ၄၀၀ ကျော်ကို မြေဂရန်တွေ ပေးအပ်ခဲ့ပါတယ်။
2016-07-28
ပဲခူးတိုင်း ပြည်မြို့နယ်က ဝမ်းပျက်ဝမ်းလျှော ရောဂါပျံ့နှံ့နေတဲ့ ကျေးရွာတွေကို အစိုးရနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းစောင့်ကြည့်ပြီး ကာကွယ်ကုသရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။
2016-07-28
၂ဝ၁၄ ခုနှစ်က အတည်ပြုခဲ့တဲ့ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတစ်ခုကို နေပြည်တော် သင်္ဂဟဟိုတယ်မှာ ဇူလိုင်လ (၂၇) ရက် ဒီနေ့ ကျင်းပခဲ့ပါတယ်။