သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-08-29
ပဲခူးတိုင်း ပေါင်းတည်မြို့က ဒေသခံ တရာနီးပါးဟာ သူတို့မဲဆန္ဒနယ်မြေက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြဦးကို ပေါင်းတည်မြို့ ဘုရားကြီးလမ်းထိပ်မှာ ဒီကနေ့ မနက်ပိုင်းက စုပေါင်း ဆန္ဒပြခဲ့ ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။
2013-08-28
အသင်းအဖွဲ့များဆိုင်ရာ ပုဒ်မ (၆) နဲ့ ငြိစွန်းတယ်ဆိုပြီး စွဲချက်တင်ခံ ထားရတဲ့ ပြည်သူ့အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင် ဒေါ်မြင့်မြင့်အေးနဲ့ ၂ ဦးကို ဒီနေ့ သြဂုတ်လ (၂၇) ရက် အင်္ဂါနေ့က နတ်တလင်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က နတ္တလင်းမြို့ကနေ သတင်းပေးပို့ထားပါတယ်
2013-08-28
"ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ" မှာပါဝင်တဲ့ တရားမဝင် စီတန်းလှည့်လည်မှု ဆိုင်ရာ ပုဒ်မ (၁၈) ကို ဖျက်သိမ်းပေးဖို့အတွက် အရပ်ဘက် လူမှု အဖွဲ့အစည်းတချို့ ရန်ကုန်မြို့မှာ သြဂုတ်လ ၂၇ ရက် ဒီကနေ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-27
ဂျပန်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ရေး အထိမ်းအမှတ် အနေနဲ့ ရန်ကုန်မြို့က သိမ်ဖြူ အားကစားရုံမှာ နိုင်ငံပေါင်း ၁၁ နိုင်ငံက အာခီဒို အားကစားသမားတွေဟာ သြဂုတ်လ ၂၅ ရက်နေ့ မနေ့က သရုပ်ပြ ကစားခဲ့ကြပါတယ်၊ RFA မြန်မာပိုင်းက တင်ဆက်ပေးထားပါ
2013-08-27
လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုရရှိတဲ့တဲ့ ရုပ်ရှင် ဇာတ်ကားတွေကိုမြို့ကြီး ၁၃ မြို့မှာ လှည့်လည်ပြသမယ်လို့ သိရပါတယ်။ ပထမဆုံးအဖြစ် မကွေးမြို့မှာ သြဂုတ်လ ၂၅ ရက်နေ့က စတင်ပြသနေပြီ ဖြစ်ပါတယ်၊ အသေးစိတ်ကို RFA သတင်းထောက် ကိုဇော်တူးက သတင်းပေးပို့ထားပါတယ်။
2013-08-26
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာမှာ သြဂုတ်လ၂၄ ရက်နေ့ ည ၁ဝ နာရီ ဝန်းကျင်လောက်က အစ္စလာမ်ဘာသာဝင်တွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်း ကတင်ပြထားပါတယ်။
2013-08-24
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Quintana ရဲ့ မိတ္ထီလာမြို့ ခရီးစဉ်အတွင်း ဆန္ဒပြမှု အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားချက်တွေဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ သတင်းမီဒီယာတွေကို ပြောလိုက် ပါတယ်။ နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး မစ္စတာ Quintana ရဲ့ ရှင်းလင်းချက်အပေါ် ဦးရဲထွဋ်က တုန့်ပြန် ပြောဆိုလိုက်တာပါ။ ဦးရဲထွဋ်ရဲ့ ရှင်းလင်းပြောကြားချက်တွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုနေမျိုးထွန်းက ကတင်ပြပေးမှာပါ။
2013-08-24
မန္တလေးမြို့မှာ သံဃာတော်တွေနဲ့ မိဘမဲ့ကလေးတွေကို အသည်းရောင် B ပိုးနဲ့ C ပိုး ရှိ၊ မရှိ အခမဲ့ စစ်ဆေးပေးနေပါတယ်။ အသေးစိတ်ကို RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-08-24
မြန်မာနိုင်ငံမှာ တီဘီရောဂါ ဝေဒနာရှင် အရေအတွက် သုံးသိန်းနီးပါးရှိပြီး၊ နှစ်စဉ်လည်း ဆေးယဉ်ပါးတီဘီ ဝေဒနာရှင် အရေအတွက် ၉ ထောင်နီးပါးအထိ တိုးလာနေတယ်လို့ MSF (ခေါ်) နယ်စည်း မခြား ဆရာဝန်များအဖွဲ့က ပြောပါတယ်။ MSF အဖွဲ့၊ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူပေါင်းပြီး မနေ့က ရန်ကုန်အင်းလျားလိတ်ဟိုတယ်မှာ ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တီဘီဝေဒနာရှင်တစ်ဦးကို ကျမတို့ အဖွဲ့သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။
2013-08-24
မတူကွဲပြားတဲ့ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ၊ အတူယှဉ်တွဲ နေထိုင်ကြတဲ့ အခြေအနေတွေကို လေ့လာဖို့အတွက် မြန်မာနိုင်ငံက နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေကြပါတယ်။ ဒီလေ့လာရေးအဖွဲ့မှာ ပါဝင်တဲ့ "မြန်မာလူငယ် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့" က ကိုသက်ဆွေဝင်းကို RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက တွေ့ဆုံမေးမြန်းထား ပါတယ်။
2013-08-24
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့နယ်မှာ အခုနှစ် မိုးများတဲ့အတွက် အာလူး၊ ပန်းဂေါ်ဖီ၊ ဂေါ်ရခါးသီး၊ ကြက်သွန် အနီအဖြူ စတာတွေ အထွက်နှုန်း သိသိသာသာကျဆင်းနေတယ်လို့ တောင်သူတွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-08-23
မကွေးတိုင်း ငါးဖဲမြို့နယ်၊ တောက်တဲ့တောင်ခြေက ဆင်စခန်းမှာ သစ်ထုတ်လုပ်ရေးမှာ အသုံးပြုတဲ့ဆင်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ လုပ်ငန်းတွေအကြောင်း ဆောင်းပါးတစ်ပုဒ်ကို ထုတ်လွှင့်ပေးမှာပါ။ RFA သတင်းထောက် ကိုဇော်တူးက တင်ပြထားပါတယ်။
2013-08-23
သြဂုတ်လ ၁၉ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ ဈာပနအခမ်းနားကို ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ မနေ့က ကျင်းပခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်
2013-08-23
မစ္စတာ ကင်တားနားရဲ့ ၁ဝ ရက်ကြာ ခရီးစဉ်အပြီး မြန်မာနိုင်ငံက မထွက်ခွာခင် မင်္ဂလာဒုံလေဆိပ်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအကြောင်း ကိုဝင်းနိုင်က တင်ပြထားပါတယ်။
2013-08-23
မြန်မာနိုင်ငံမှာ သမရိုးကျဆေးဝါးနဲ့ ကုသလို့မရတဲ့ ဆေးယဉ်ပါး တီဘီဝေဒနာရှင် အရေအတွက်ဟာ နှစ်စဉ် ကိုးထောင်နီးပါးအထိ တိုးလာနေတယ်လို့ MSF (ခေါ်) "နယ်စည်းမခြား ဆရာဝန်များအဖွဲ့" ရဲ့ နိုင်ငံတကာဥက္ကဋ္ဌ ဒေါက်တာ Unni Karunakara က ရန်ကုန်မြို့ အင်းယားလိတ် ဟိုတယ်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ပြောပါတယ်။ MSF ရဲ့ နိုင်ငံတကာ ဥက္ကဋ္ဌ Dr. Unni Karunakara ကို RFA ဝိုင်းတော်သား ကိုဝင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။