သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-28
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၅ နှစ်ပြည့်အခမ်းအနားကို ရန်ကုန် ရွှေဂုံတိုင်က NLD ရုံးချုပ်မှာ ဒီနေ့ကျင်းပခဲ့ပါတယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘူးဆိုရင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်နိုင်ပေမယ့်လို့ တရားမျှတမှု လုံးဝရှိမှာမဟုတ်ဘူးလို့ အခမ်းအနားအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ပြောကြားချက်တွေထဲက တချို့ကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။
2013-09-28
" မှတ်မှတ်သားသား စကားများ " အစီအစဉ် ကိုကျော်မင်းထွန်း စီစဉ်တင်ဆက်ထားပါတယ်၊
2013-09-28
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားတွေကို မန္တလေးနဲ့ နယ်မြို့တွေမှာလည်း ကျင်းပကြခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
2013-09-28
အစိုးရက လယ်ယာမြေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာနဲ့ ပတ်သက်ပြီး ဒီနေ့ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာ ဝန်ကြီးဌာနရုံးမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2013-09-27
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ၂ဝ၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ "သီချင်း" အဖြစ်အရွေးခံရတဲ့ "ရောင်စုံဥယျာဉ်" သီချင်းနဲ့ လွတ်လပ်ခြင်း အနုပညာပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မဲပေးခဲ့ပြီး ဆုရရှိခဲ့တဲ့ "အောင်ဆန်းမျိုး ဟေ့ဗမာ" သီချင်းကိုရေးခဲ့သူ တေးရေးဆရာ ကိုလင်းထက်ကို RFA သတင်းထောက် ကိုသီဟထွန်း တွေ့ဆုံမေးမြန်းထားတာကို ကြည့်ရှုနိုင်ပါတယ်။
2013-09-26
မွန်ပြည်နယ်လွှတ်တော်မှာ ပြည်နယ်အတွက် လိုအပ်မယ့် ဥပဒေပြဌာန်းဖို့ မဲခွဲဆုံးဖြတ်တဲ့အခါတိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား မခင်ခင်အိက တင်ပြထားပါတယ်။
2013-09-26
မြန်မာနိုင်ငံ အထက်ပိုင်းဒေသမှာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအတွက် ရပ်ရွာအခြေပြု လူကုန်ကူးမှု စောင့်ကြည့်ရေးအဖွဲ့ အတော်များများ ဖွဲ့စည်းထားပြီးပြီလို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-09-26
ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)မှာရှိတဲ့ မွတ်စလင်ကုသိုလ်ဖြစ်ဆေးရုံဟာ ၁၉၃၇ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး လူမျိုးဘာသာမရွေး အခမဲ့ ဆေးဝါးကုသပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။
2013-09-26
၁၉၉ဝ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ သပိတ်တိုက်ပွဲ ဆင်နွှဲခဲ့တဲ့ ၂၃ နှစ်ပြည့်အခမ်းအနားကို ဒီနေ့ ရန်ကုန် မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကျောင်းလမ်းက ရွှေတောင်ဘုန်းတော်ကြီးကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်းကို RFA သတင်းထောက် ကိုကျော်သူ တင်ပြထားပါတယ်။
2013-09-25
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ မနေ့က ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-25
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံက နာမည်ကြီး ရိုးရာအစားအသောက်တွေ ခေတ်စားလာနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2013-09-25
မန္တလေးတက္ကသိုလ်ဖြစ်လာခဲ့တဲ့ မန္တလေးကောလိပ်ကို ပထမဆုံးတည်ထောင်ခဲ့သူ စာရေးဆရာကြီး ဇေယျာမောင် (ခေါ်) ဆရာကြီး ဦးကိုလေး နှစ်တစ်ရာပြည့် အထိမ်းအမှတ်၊ ပုံတူကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။