တောင်ကြီးမှာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်ပြီး ပစ္စည်းတွေ ဖျက်ဆီးသွား

2021.03.25

တောင်ကြီးမြို့ မြို့မရပ်ကွက်က တူးမြောင်းလမ်းကို ဒီနေ့မနက် ၁၀ နာရီကျော်မှာ စစ်ကောင်စီတပ်တွေ‌ ရောက်လာပြီး နေအိမ်ပြတင်းပေါက်တွေကို လေးခွနဲ့ပစ်ကာ အမျိုးသမီးတစ်ဦးကို ရိုက်နှက်နေတာ ဖြစ်ပါတယ်။

အဲဒီရပ်ကွက်က တိုက်တစ်ခုပေါ်ကို ဆန္ဒပြတဲ့သူတွေ တက်သွားတယ်ဆိုပြီး စစ်သားတွေက Fitness Trainer အမျိုးသမီးတစ်ယောက်ကို ဖမ်းခေါ်လာကာ ရိုက်နှက်ခဲ့တာပါ။ အပေါ်ထပ်ထိတက်ရှာပေမဲ့ ဆန္ဒပြသူ တစ်ယောက်မှ မတွေ့တာကြောင့် နောက်ပိုင်းမှာ သူမကို ပြန်လွှတ်ပေးခဲ့ပြီး Gym ပစ္စည်းတွေနဲ့ ကားမှန် ကိုတော့ ရိုက်ခွဲဖျက်ဆီသွားတယ်လို့ သိရပါတယ်။

အလားတူ ဒီမနက် ၁၁ နာရီကျော်မှာလည်း တောင်ကြီးမြို့ မြို့မရပ်ကွက် ရွှေခရားကြီး လက်ဖက်ရည်ဆိုင်က လူ ခြောက်ဦးကို ဖမ်းဆီးသွားပြီး အနီးပတ်ဝန်းကျင်က ကားနဲ့ ဆိုင်ကယ်တွေကိုလည်း ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။