ဆက်သွယ်ရေးဥပဒေဖျက်သိမ်းရေး
2017.12.12
ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကို လွှတ်တော်က ပြင်ဆင်လိုက်ပြီဖြစ်ပေမယ့် သိသာထင်ရှားတဲ့ ထိရောက်မှုမရှိဘဲ ဒီနေ့အချိန်ထိ တရားစွဲခံရသူ တရာကျော် ရှိနေပြီဖြစ်ပါတယ်။ ဆက်သွယ်ရေးဥပဒေကို အပြီးအပိုင်ဖျက်သိမ်းပြီး တခြား အီလက်ထရောနစ် ဥပဒေတွေကိုလည်း ပြင်ဆင်သင့်တယ်လို့ ၆၆ (ဃ) ပြင်ဆင်ဖျက်သိမ်းရေးလှုပ်ရှားမှုအဖွဲ့က ၂ဝ၁၇ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။ RFA သတင်းထောက် ကိုသန့်ဇင်ဦးက တင်ပြထားပါတယ်။